Sunday, January 4, 2015

ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ဘက်စုံပြုပြင်ရေးလုပ်ငန်းအားရက်ပိုင်းအတွင်းအပြီးဆောင်ရွက်သွားမည် သိရ

   မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်(၁၀ဝ)ပြည့်ကို
နတ်မောက်မြို့သူမြို့သားများနှင့် နိုင်ငံသားများပါဝင်ကြမှာဖြစ်တယ် နတ်မောက်မြို့ဗိုလ်ချုပ်ကြေးရုပ်ကို ၁၂.၂.၁၉၇၀
တည်ထားတယ် မွန်းမံပြင်ဆင်မှုတွေကိုအခုရာပြည့်ပွဲအတွက်ကြိုတင်လုပ်ဆောင်နေပါတယ် တိုင်းဒေသကြီးအစိုးရ
အဖွဲ့၏ လမ်းညွှန်မှုဖြင့်ရာပြည်ပွဲဖြစ်မြောက်ရေးကော်မတီ မြို့နယ်စီမံအဖွဲ မြိုနယ်ထောက်ကူစည်ပင်ကော်မတီ
မြိုနယ်စည်ပင်သာယာရေးနှင့် မြို့မိမြို့ဖများ အလှူရှင်များ ပေါင်းစပ်ဆောင်ရွက်မယ့် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်
ဘက်စုံမွန်းမံ ပြုပြင်ရေးအတွက် အလှူရှင် ဦးစောမြင့်အောင် ၊ဦးဇော်ဇော် ဧရာဝတီအလှူ
ငွေမြို့နယ်စည်ပင်အဖွဲ့ရံပုံငွေ နှစ်ရာပြည့်ပင်မကော်မတီနဲ့ပေါင်းစပ်ပြီး ကျပ်သိန်း (၂၀ဝ)ကျော်ခန့်ဖြင့် ၁.၁.၂၀၁၅
မှစတင်ဆောင်ရွက်နေတာပါ ကြေးရုပ်ရင်ပြင်ဘက်စုံပြုပြင်ရေးလုပ်ငန်းတွေကို ၂၅.၁.၂၀၁၅ ရက်နေ့အပြီး
ဆောင်ရွက်ရမှာပါဟု စည်ပင်ထောက်ကူပြု ဦးကျော်မောင်မှပြောသည်။ မြို့နယ်ထောက်ကူ ဦးပြေသိန်း မှ
ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံကို ပန်းအလှစိုက်လုပ်ငန်းကို ပြင်ဦးလွင်ပန်းစိုက်အလှူရှင်များလာရောက်ကူညီလုပ်
ဆောင်မှာဖြစ်ကြောင်း၊ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခဲ့တာ (၄၈)နှစ် ဆိုတော့ ပျက်စီးချို့ယွင်းမှုတွေများတယ်။

သိန်း(၂၀ဝ)ခန့်နဲ့ပြင်တာအားလုံးမပြည့်စုံနိုင်ဘူးပေါ့ ပန်းခြံအမြဲစိုပြေစိမ်းလန်းဖို့နဲ့ အများပြည်သူနားနေအပန်းဖြေ
နိုင်အောင်နှင့်အမြဲစောင့်ရှောက်ထိန်းသိမ်းပြုပြင်ဖို့ကော်မတီဖွဲ့ထားပြီဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ကြတဲ့
သူတွေရဲ့ပေါင်းစပ်ကူညီဆောင်ရွက်ဖို့တော့လိုကြောင်း ဦးကျော်မောင်မှမြေလတ်မီဒီယာကို ပြောသည်။

    ကျော်သိန်ဦး  (နတ်မောက်)

0 comments:

Post a Comment