Sunday, January 18, 2015

တကယ့်ဗိုလ်ချုပ်

အောင်ဆန်းဆိုတဲ့ ဗိုလ်ချုပ်ဟာ့ 
သေမှနာမည်ကောင်း ရတာမဟုတ်ဘူး။
မသေခင်အချိန်ထဲက ပြည်သူ့အချစ်
တိုင်းရင်းသားတွေရဲ့ မေတ္တာ
ရယူပိုင်ဆိုင်ပြီးသာ့း့  ။
ငါတို့ဖခင်ဗိုလ်ချုပ်မှာ
လောဘမရှိ့ 
အတ္တမရှိ့ 
သူ့မှာရှိတာက ဒေါသ။
ပြည်သူကိုချစ်လို့ဖြစ်တဲ့ ဒေါသ
ပြည်သူအားလုံးသိကြတယ်။
သူ့ရဲ့ဒေါသကို ပြည်သူအားလုံးချစ်ကြတယ်။
ကတိတွေ လွယ်လွယ်မပေး
ရိစရာ သိစရာဆိုရင်
ရှင်းရှင်းပြောပြီး ရအောင်လုပ်ပြတတ်တာ သူ့အကျင့်။
ပြည်တွင်းကို ကျူးကျော်လာသူမှန်သမျှ
နည်းစုံနဲ့ တိုက်ထုတ် စရိုက်ရုပ်က ဆတ်ဆတ်ထိမခံ ။
သူတကာတွေလို
ပြည်တွင်းကို မဖိတ့့် 
သယံဇာတတွေကို မရောင့်း့ 
ကိုယ်အိပ်ဖောင်းဖို့ ဆိုတာကိုမတွေးခဲ့။
သူ့ရဲ့အာသီသက
စစ်မှန်တဲ့လွတ်လပ်ရေ့း့ 
တိုင်းရင်းသား စည်းလုံးရေ့း့ 
ထိုအရေးတွေကို အမြဲတွေးရင့်း့ 
တမှေး မှေးပြီး ဇိမ်ခံချိန်မရ။
မြန်မာပြည်ကိုချစ်တဲ့ 
ပြည်သူကိုချစ်တဲ့ 
ဗိုလ်ချုပ်လို ဗိုလ်ချုပ်မျိုး
တကယ့်ဗိုလ်ချုပ့့် 
တစ်ယောက်လောက် လိုချင်လိုက်တာ့ ။

        အောင်ကျော်ကျော်(တောင်တွင်း)

0 comments:

Post a Comment