Sunday, January 4, 2015

သရက်မြို့အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၏ ၁၉၂၄-၂၀၁၄ နှစ်(၉၀) ပြည့်နဝရတ်ရတုသဘင်နှင့် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနား

Paukkalay Thayet added 12 new photos.
19 hrs ·
မကွေတိုင်းဒေသကြီးသရက်ခရိုင်
သရက်မြို့အမှတ်(၁)အခြေခံပညာအထက်
တန်းကျောင်း၏ ၁၉၂၄-၂၀၁၄ နှစ်(၉၀)
ပြည့်နဝရတ်ရတုသဘင်နှင့် ၂၀၁၄ -၂၀၁၅
ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက်နေ့နံနက် ၈နာရီက
ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသ
ကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး
ဦးကြည်မင်း သရက်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတေဇာအောင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒေါ်ယဉ်ယဉ်လှ ခရိုင်ပညာရေးမှူးဦးသိန်းမြင့် အ့ထ့က(၁)
ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်ယဉ်ရွှေ
တို့မှအခမ်းအနားဆိုင်းဘုတ်မုတ်ဦးကိုဖွင့်လှစ်ပေးခဲ့သည် ထို့နောက်နှစ်(၉၀)ပြည့်
အမှတ်တရကျေက်စာတိုင်ကိုကျောင်းသား
ဟောင်းများဖြစ်ခဲ့သောဆရာကြီး
ဦးခင်မောင်သန်း ဦးတင်အောင်မြင့်
ကိုထွန်းထွန်းဝင်း မျိုးဆက်သစ်ကျောင်းသား
မောင်ဝေယံထွန်းတို့မှဖွင့်လှစ်ပေးခဲ့သည်
ဆက်လက်၍အမှတ်တရသစ်ပင်များစိုက်ပျိုး
ရာတိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး
ဦးကြည်မင်း သရက်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတေဇာအောင် ခရိုင်ပညာရေးမှူး
ဦးသိန်းမြင့် ကျောင်းအုပ်ဆရာမကြီး
ဒေါ်ယဉ်ယဉ်ရွှေတို့မှအမှာစကားအသီးသီး
ပြောကြားသည်ပညာရေးထူးချွန်ကျောင်း
သားကျောင်းသူများအားတာဝန်ရှိသူများ
ကဆုများအသီးသီးချီးမြှင့်ခဲ့သည်
၂၀၁၄-၂၀၁၅ ပညာရေးစုံညီပွဲတော်ကိုကျင်း
ပရာ ထက် လယ် မူ ကျောင်းသားကျောင်း
သူများက အကအလှများဖြင့်ဖျော်ဖြေတင်
ဆက်ခဲ့ကြောင်းသိရသည်။
ပေါက်ကလေး(သရက်)

0 comments:

Post a Comment