မင်းဘူး ဇန်န၀ါရီ ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စု
မောင်းမကန်ကျေးရွာတွင် ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး တင်ဒါပိုလျှံငွေ(၂၀.၀၀)သန်းဖြင့်
မြန်မာ့ရှုခင်း သမ၀ါယမ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မြေသားရေကန်တူးဖြော်ခင်း(၅၀၀´x၃၀၀´)နှင့်
ရေပိုလွှဲ တည်ဆောက်ခြင်း(၁၃၀´x၁၂´x၅´)လုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ မြေသားရေကန်တူးဖော်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းအား
ဇန်န၀ါရီ ၃၀ ရက် နံနက် ၁၁ နာရီက မင်းဘူးခရိုင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များအား
မြေသားရေကန်တူး ဖော်ခြင်း၊ရေပိုလွှဲတည်ဆောက်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို မင်းဘူးမြို့နယ်ကျေးလက်မှ
မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်း(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)မှ ရှင်းလင်းပြသခဲ့
ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment