မကွေး ဇန်န၀ါရီ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ကြီးမှူးကျင်းပသည့် ၂၀၁၅ခုနှစ်(၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်
ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်(၆း၀၀)နာရီက မကွေးမြို့ ဂေါက်ကွင်းတွင်
ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေက Smoke ball နှင့် Gold ball များရိုက်၍
ပြိုင်ပွဲကိုဖွင့်လှစ်ပေးပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က Silver ballနှင့် မကွေးတိုင်းဒေသကြီး ကုန်သည်ကြီးများအသင်းဥက္ကဌ ဦးထွန်းဆိုင်က Bronze ballများရိုက်၍ ပြိုင်ပွဲများကိုဖွင့်လှစ်ပေးပါသည်။
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၂၅မြို့နယ်မှ ပြိုင်ပွဲဝင် ၃၆သင်း အားကစားသမားပေါင်း ၂၂၅ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ၃.၁.၂၀၁၅ရက်နေမှ ၄.၁.၂၀၁၅ရက်နေ့ထိ (၂)ရက်ပြုလုပ်မည်ဖြစ်၍ မကွေးမြို့ ဂေါက်ကွင်းများဖြစ်သည့် နမ္မဒါဂေါက်ကလပ်နှင့် ဖန်ခါးမြေဂေါက်ကလပ်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ညီညီ
0 comments:
Post a Comment