Friday, January 16, 2015

နတ်မောက်မြို့နယ်တွင်ကျောင်း အဆင့်တိုးမြင့်

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်န/သမှုန်းကုန်းကျေးရွာအစိုးရအခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြင့်ဖွင့်လှစ်ပွဲအခမ်းအနားအား၂၀၁၅ခုနှစ်ဇန်န၀ါရီလ၁၅ရက်နေ့နံနက်(၉)နာရီတွင်ကျင်းပကြောင်းသိရသည်။

ရှေ့ဦးစွာအခမ်အနားမှူးဒေါ်အေးအေးဝင်းတွဲဖက်အ
ခမ်းအနားမှူးဒေါ်နုဝါ၀ါတို့မှအခမ်းအနားဖွင့်လှစ်၍
ုပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်စိုးတိုင်းဒေသကြီးအစိုးရ၀န်ကြီးဦးအောင်ကျော်မင်း
တိုင်းပညာရေးညွှန်ကြားရေးမှူးဦးမြင့်သိန်း၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်တို့မှကျောင်းအဆင့်တိုးမြင့်
ခြင်းကျောက်စာတိုင်များအားဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးအမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းကြကြောင်းသိရသည်ဆက်လျှက်၍ကျောင်းသားကျောင်းသူများကမြန်မာ့
ကျောင်းသီချင်းသီဆို၍အခမ်းအနားဒုတိယပိုင်းအားအခါတော်မင်္ဂလာမဏ္ဍပ်အတွင်းတွင်ကျင်းပကြောင်း
အခမ်းအနားမှူးကကြေငြာသည်။

အစီအစဉ်အရလူမှုရေးဝန်ကြီးဦးအောင်ကျော်မင်းကအဖွင့်အမှာစကားပြောကြားပြီးပညာရေးညွှန်ကြားရေးမှူးဦးမြင့်သိန်းကအမှားစကားပြောကြားကြောင်း
သိရသည်
န/သမှုန်းကုန်းအခြေခံပညာအထက်တန်းကျောင်း
ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်မြင့်ကကျောင်း၏သမိုင်းအားရှင်းလင်းတင်ပြကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကြာဦးကကျေးဇူတင်စကားပြောကြားကြောင်းသိရသည်
အဆိုပါအခမ်းအနားသို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်စိုးနှင့်ဒေသခံပြည်သူများပညာ
ရေးမြို့နယ်ဒုပညာရေးမှူးဦးခင်မောင်ဆွေနှင့်ပညာရေးဝန်ထမ်းများစုစုပေါင်းအင်အား(၁၀၀၀)ဦးတက်ရောက်ကြောင်းသိရသည်။

နတ်မောက်သားမြွေဟောက်

0 comments:

Post a Comment