Friday, January 16, 2015

အခြေခံ စစ်တုရင် သင်တန်းနှင့် ပြိုင်ပွဲများကျင်းပ





ပွင့်ဖြူ       ဇန်န၀ါရီ        ၁၂
          မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အင်ဒေါင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စစ်တုရင်ဝါသနာရှင်များအား ဖိတ်ခေါ်၍ စစ်တုရင်ပြိုင်ပွဲများကို ဇန်န၀ါရီလ(၁၀)ရက်နေ့မှ စတင်ကျင်းပခဲ့သည်။ 

          အဆိုပါပြိုင်ပွဲသို့ ပွင့်ဖြူမြို့နယ်၊မကွေးမြို့နယ်၊စလင်း(ဆင်ဖြူကျွန်း)မြို့နယ်တို့မှ စစ်တုရင်ဝါသနာရှင် များ လာရောက် ယှဉ်ပြိုင်ကစားကြပြီး အင်ဒေါင်းကျေးရွာ အ.လ.က(ခွဲ)ကျောင်းရှိ ပဉ္စမတန်းမှ သတ္တမတန်းထိ စစ်တုရင်ဝါသနာပါရှိသည့် ကျောင်းသား/သူ (၃၃)ဦးတို့အား မကွေးတိုင်းဒေသကြီး စစ်တုရင်နည်းပြ ဦးဝင်းမြင့် မှ မြန်မာ့ရိုးရာ စစ်တုရင်၊အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် အာဆီယံစစ်တုရင် ကစားနည်းများကို အခြေခံအဆင့် သင်ကြားပို့ချပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ကြသော ၀ါသနာရှင်အဆင့် စစ်တုရင်ကစားသမားများအား ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်မှ ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့် ပေးအပ်ကာ လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရှိရသည်။
နေသွေး

0 comments:

Post a Comment