Wednesday, January 7, 2015

မြိုင်နယ်ချောင်းဆုံတောင်သူဦးကြီးများတောင်ယမား ရေလှောင်တမံဆည်ရေဖြင့် သီးနှံမျိုးစုံအောင်မြင်စွာစိုက်ပျိုးလို ခင်လပြည့်ဝန်း(ပခုက္ကူ)

မြိုင်နယ်အဆုံးချောင်းဆုံ ရွာကြီးသည်စာရေးဆရာကြီး မြသန်းတင့်၏ဖခင်ကြီးရွာလည်းဖြစ်
ပြီး(၁၀)ရွာ ပေါင်းစုထားသောရွာကြီးဖြစ်ကြောင်းလည်းသိရသည်။မြိုင် နှင့် ၁၆ မိုင် ပုလဲ နှင့်
၁၂ မိုင်ခန်.အကွာတည်ရှိသော အိမ်ခြေ ၂၀ဝ၀ ကျော်ရှိသည်.အုပ်စု ရွာကြီးဖြစ်သည်။
ချောင်းဆုံရွာကြီးတွင် ချောင်းဆုံကြီး မုံညှင်း ရှောက်ပင်ချောင် နုံးကြီးရွာ နုံးလေးရွာစံပြ
အမှတ် ၁ ၂ ၃ ပေါက်ရင်းရွာ ငါးလင်းစေ.ရွာ ဌက်သိုက်ရွာတို.ဖြစ်ပြီး ပဲပြောင်း နှမ်းဝါများ
စိုက်ပျိုးကြသည်ဟုသိရသည်။ ကျွန်တော်တို.ရွာကမြိုင် ပခုက္ကူနဲ.လမ်းပန်းဆက်သွယ်ရေးခက်ခဲ
ပါတယ် ဒေသထွက်ကုန်သီးနှံများကို ပခုက္ကူကိုဘဲအားထားရောင်းချပါတယ် တောင်ယမားရေ
ရရင်တော.စပါးလည်းစိုက်နိုင်ပြီးသီးနှံလည်းအထွက်တိုးနိုင်တာပေါ.ဗျာ ဒေသခံတစ်ဦးကပြော
သည်။တောင်ယမားရေလှောင်တမံအား ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ.တွင်စတင်တည်
ဆောက်ခဲ့သည်။ ၂၀ဝ၀ခုနှစ် ဇန်နဝါရီလတွင်ပြီးစီးခဲ့သည်ဟုသိရသည်။ တောင်ယမားဆည်
တည်ဆောက်တုန်းကကျွန်တော်တို. ရွာသုံးရွာ ရွှေ.ပြောင်းပေးခဲ့ရတယ် ရွာကဘုရားတစ်ဆူ
လည်း ဆည်ရေအလည်ခေါင်မှာယနေ.အထိမြင်နိုင်ပါတယ် ပြီးတော့လည်းဆည်က မြိုင်နယ်
ထဲပါပြီး မြိုင်နယ်သားတွေဘဲနစ်နာဆုံးရှံးခဲ့ရပါတယ် အကျိုးခံစားခွင့်တွေအားလုံး စစ်ကိုင်း
တိုင်း ပုလဲနယ်ကဘဲ ခံစားနေရပါတယ် ဆည်ရေသောက်ရတဲ့နှမ်းတောင် တစ်ဧက တင်း
တစ်ရာအထိထွက်ရှိပါတယ်မြိုင်နယ်သားတွေရဲ.ယာမြေတွေကတော. ၆ စတုရန်းမိုင် နီးပါး
ပါသွားပါတယ် ဟုချောင်းဆုံရွာသားဦးသောင်းရွှေက ပြောသည်။ ဒေသခံများသည် ပုလဲနယ်
ဆည်ရေ ရရှိသလို ဆည်ရေရရှိပြီး ဂျူံ စပါး ပဲပြောင်းနှမ်းဝါ သီးနှံမျိုးစုံအောင်မြင်စွာစိုက်ပျိုး
လိုပြီး လူနေမူအဆင့် မြင့်မားတိုးတက်ချင်ကြကြောင်း သိရှိရသည်။

ခင်လပြည့်ဝန်း(ပခုက္ကူ)

0 comments:

Post a Comment