Sunday, January 18, 2015

ပခုက္ကူမြို.နယ်ရဲတပ်ဖွဲ.မြို.မိမြို.ဖရပ်မိရပ်ဖများနှင့်တွေ.ဆုံဆွေးနွေး မြင့်မြတ်သူ(ပခုက္ကူ)

ပခုက္ကူမြို.နယ်ရဲတပ်ဖွဲ.သည်မြို.မိမြို.ဖ ရပ်မိရပ်ဖ များ ပခုက္ကူတက္ကသိုလ်မှဆရာဆရာမများ
အပြင်မီဒီယာ များနှင့်ပါ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီအချိန် မြို.နယ်ရဲတပ်ဖွဲ.ရုံး
ခန်းမ၌ တွေ.ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။ တွေ.ဆုံဆွေးနွေးပွဲသို. ခရိုင်ရဲမှုးကြီး ဦးလှ
ဝင်း မြို.နယ်ရဲတပ်ဖွဲ.မှုး မြို.မရဲစခန်းမှုး မြို.နယ် ဒုအုပ်ချုပ်ရေးမှုး မြို.နယ် ဖွံ.ထောက်ဥက္က
ဌ တို.နှင့် တက်ရောက်လာသူများကပွင့်လင်း မြင်သာစွာ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ခရိုင်ရဲမှုးကြီးမှ ရဲတပ်ဖွဲ.ဝင်များသည် လူမျိုးစုံ စရိုက်မျိုးစုံ နှင့်ထိတွေ.ဆက်ဆံရကြောင်း
အများအားဖြင့် ပြည်သူလူထုက ရဲတပ်ဖွဲ.ဝင်များကို မုန်းတီးကြကြောင်း ရဲတစ်ယောက်လျှင်
လူ ၁၇၀ဝ အားစောင့်ရှောက်ရကြောင်း ရဲတပ်ဖွဲ.ဝင်များ ဥပဒေချိုးဖောက်ပါကလည်း အရေး
ယူမှုများရှိပါကြောင်း ပခုက္ကူခရိုင်အတွင်း ပြစ်မှုဆိုင်ရာများတွင် ယာဉ်စည်းကမ်း လမ်းစည်း
ကမ်းဖောက်ဖျက်သည့်ပြစ်မှုများက များပြားနေကြောင်း မှုခင်းကျဆင်းရေး ပညာပေးဟော
ပြောပွဲများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲများ ဆောင်ရွက်ပေးနေပါကြောင်း
အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။ တက်ရောက်လာသူများထဲမှ မြို.မိမြို.ဖ
မလေးဦးတင့်ဆွေနှင့် ပခုက္ကူတက္ကသိုလ်မော်ကွန်းထိန်းဦးအောင်မြင့် တို.မှလည်းမှုခင်းကျဆင်း
ရေးများကိုဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။

0 comments:

Post a Comment