ငဖဲ ဇန်န၀ါရီ ၂၀
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စု
ကျေးရွာဓမ္မာရုံ၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၄၁.၅၈)သန်းဖြင့် ဇမ္မူရာဇ်ပုလဲထရေးဒင်းကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သည့်ဆိုလာပြား(၂၂၅)ယူနစ်အား
မင်းလွင်ကျေးရွာ အုပ်စုရှိမင်းလွင်ကျေးရွာမှအိမ်ခြေ(၆၉)အိမ်၊အိုးမြင့်ခုံကျေးရွာမှအိမ်ခြေ(၇၉)အိမ်၊
ဝင်္ကဘာကျေးရွာမှအိမ်ခြေ (၇၇)အိမ်စုစုပေါင်း(၂၂၅)အိမ်သို့ ဆိုလာပြားခွဲဝေပေးခြင်း အခမ်းအနား
ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းဇော်မှအဖွင့်အမှာစကားပြောကြားပြီး
ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးဦးယုနိုင်လင်းက၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်ဌာနမှဆောင်ရွက်လျှက်ရှိ
သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ဇမ္မူရာဇ် ပုလဲထရေးဒင်းမှ
မကွေးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးသူက ဆိုလာပြားတပ်ဆင်သုံးစွဲပုံများအား
ရှင်းလင်းပြသခဲ့ပြီး ဆိုလာမီး(၂၂၅)ယူနစ်အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန
ဦးစီးမှူးနှင့်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အထောက်အကူပြုကော်မတီတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ၄င်းတို့မှ ဆိုလာပြားများအားကျေးရွာများ၏ ကျေးရွာဖွံ့/ထောက်ကော်မတီများထံ
လွှဲပြောင်းပေးအပ်ခဲ့ပြီး ဇမ္ဗူရာဇ် ပုလဲ ထရေးဒင်း ကုမ္ပဏီမှ ဆိုလာမီး(၁)ယူနစ်တွင်ပါဝင်ပစ္စည်းများဖြစ်သည့်
80-W ဆိုလာပြား၊70-W ဘက္ထရီ၊ Lamper Controller 300-Inverter ၊AC(20-W)မီးချောင်းတစ်ချောင်းDC
-5-W မီးလုံးနှစ်လုံးတို့အား ကျေးရွာသူကျေးရွာသားများရှေ့တွင် ဆိုလာမီး တစ်ယူနစ်ချင်း
စမ်းသပ်သရုပ်ပြသခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment