ဂန့်ဂေါ ဇန်နဝါရီ ၁၀
၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဂန့်ဂေါမြို့နယ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီ က ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း ပုံညာခန်းမ၌ကျင်းပရာ အမှတ်(၂) အခြေခံပညာဦးစီးဌာန ဂန့်ဂေါမြို့နယ် ပညာရေးမှူး ဒေါ်ခင်ညိုမြင့် က အမှာစကားပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအဆင့် ပညာရေးကဏ္ဍနှင့် အားကစားကဏ္ဍတို့တွင် ထူးချွန်ဆုရရှိ သူများ၊ မြို့နယ်အဆင့်တွင် အခြေခံပညာအထက်တန်းကျောင်းများအလိုက် ထူးချွန်သူများတို့အား ဂန့်ဂေါခရိုင် အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုဦးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြ၍ ကျောင်းသား၊ကျောင်းသူများ၏ ပဒေသာကပွဲဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
မကွေးသတင်းစုံ
0 comments:
Post a Comment