Friday, January 16, 2015

ငဖဲမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်



ငဖဲ     ဇန်န၀ါရီ    ၁၄
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ထပ်မံအကောင် အထည်ဖော်ဆောင်ရွက်မည့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၃၀၀) ထောက်ပံ့ပေးသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းအား ငဖဲမြို့နယ်အိုးမြေတွင်းကျေးရွာအုပ်စု အိုးမြေတွင်းကျေးရွာနှင့်နယ်ဇောကျေးရွာအုပ်စု နယ်ဇောကျေးရွာ တို့တွင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များမှ ဒေသခံကျေးရွာသူ ကျေးရွာသားများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ သိရှိဆောင်ရွက်နိုင်စေရန် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျေးရွာသူ ကျေးရွာသားများ၏ မဲပေးရွေးချယ်စနစ်ဖြင့်မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီနှင့်မြစိမ်းရောင်ဘဏ္ဍာရေး ဆပ်ကော်မတီ များ  ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment