ငဖဲ ဇန်န၀ါရီ
၅
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင်
(၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဇန်န၀ါရီ ၃ ရက်နေ့ နံနက်က
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၁၅)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ငဖဲ-စေတုတ္တရာလမ်းမကြီးနှင့်
ပေကုန်းကျေးရွာဆက်သွယ်သော လမ်း ကျောက်ရောမြေခင်းလမ်း၊ ပဆင(စိတ်ပါဝင်စားကြေး) ကျပ်သန်း(၅၀)ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ကျောင်းကုန်းကျေးရွာတွင်းအ၀င်လမ်းမကြီး
ကျောက်ရောမြေခင်းခြင်းလုပ်ငန်း
နှင့်ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေး
ရန်ပုံငွေကျပ်သန်း(၁၀၀၀)ဖြင့်ဆောင်ရွက်ခဲ့သည့်
ပုသိမ်-မုံရွာလမ်းနှင့် ဆူးပဒေါင်းကျေးရွာဆက်သွယ်သောလမ်းများဖွင့်ပွဲအခမ်းအနားကို စုရပ်အသီးသီးတွင်ဆောင်ရွက်ခဲ့ရာ
တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့
ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့်ကျေးရွာသူကျေးရွာသားများ
တက်ရောက်ခဲ့ကြသည်။
အခမ်းအနားများတွင် မြို့နယ်အုပ်ချုပ်ရေးမှုးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး
မြို့နယ်စည်ပင် အင်ဂျင်နီယာမှ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်
ရွက်မှုနှင့်ပတ်သက်၍လည်းကောင်းရှင်းလင်းပြောကြားခဲ့ကြသည်။ငဖဲမြို့နယ်အတွင်း၂၀၁၄-၂၀၁၅
ဘဏ္ဍာ နှစ်တွင်ဆောင် ရွက်ခဲ့သော အဆိုပါလုပ်ငန်း(၃)ခုပြီးမြောက်၍ ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment