ချောက် ဇန်နဝါရီလ ၂၆ ရက်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်း အဝေးခန်းမ၌မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီညှိနှိုင်း
အစည်းအဝေးကိုယနေ့ နံနက် ၉ နာရီအချိန် တွင် ကလေးသူငယ်ကော်မတီဝင်များ ဌာနဆိုင်ရာများ
လူမှုရေးအဖွဲ့ များ ရပ်မိရပ်ဖ စသည့်များနှင့်ကျင်းပသည်။
ရှေးဦးစွာကလေးသူငယ်အခွင့်အရေး ဆိုင်ရာကောမတီဥက္ကဌ
ဦးမောင်မောင်သက်
( မြို့နယ်အုပ်ချုပ်ရေးမှူး) ကအဖွင့်အမှာ စကား ပြောကြားခြင်း ဝေါလ်ဗွီရှင်းမြန်မာ မန်နေဂျာဒေါ်ခိုင်ခိုင်ထွန်းမှ''စုံလင်ပြည့်ဝဘဝများ
ကလေးငယ်တိုင်းရစေသား နှလုံးသား တိုင်းခံယူရန် တို့ များအမြဲဆုတောင်းပန်''
''ကလေးများသည်ကျွန်ုပ်တို့ ၏အနာဂတ် ဖြစ်ပါသည်''စသည့်ဆောင်ပုဒ်များရည်ရွယ် ချက်များ
လုပ်ငန်းစဉ်များရှင်းလင်းခြင်း ဆက်လက်၍ဝေါလ်ဗွီရှင်းမြန်မာ အလယ်ပိုင်းဇုန် တာဝန်ခံအရာရှိ
ဒေါ်မွန်မွန်အောင် မှလည်းကလေးသူငယ် ဆိုင်ရာအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေး ဖွံ
့ဖြိုးတိုးတက်မှု များ လုပ်ဆောင်ချက်မှတ်တမ်းများစသည်များကို အကျယ်တဝန့် ရှင်းလင်း၍တက်ရောက်လာ
သူများနှင့်အတူအပြန်အလှန်ဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားတွင် ဝေါလ်ဗွီရှင်း မြန်မာမှတာဝန်ရှိသူတစ်ဦးကလည်း
မိမိတို့  လုပ်ငန်းသည်တစ်ဦးကောင်းတစ်ယောက် ကောင်း အဖွဲ့ အစည်းကောင်းတစ်ခုတည်းနဲ
့ မဆောင်ရွက်နိုင်ပါ အခုလို ကော်မတီဝင်များ ဌာနဆိုင်ရာများ လူမှုရေးအဖွဲ့ များ ရပ်မိရပ်ဖ
စသည့်များအားလုံးပူပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ကြောင်း
ပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသူ များအားလုံးကိုပစ္စည်းလက်ဆောင်များပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ဦးဝင်းဌေး(ချောက်)
0 comments:
Post a Comment