ငဖဲ ဇန်န၀ါရီ ၂၁
မင်းဘူးခရိုင်
ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးမင်းအောင်ကျော်ဦးပါ(၃)ဦး အဖွဲ့သည် ငဖဲမြို့နယ်
(မြောက်) ဘိနယ်မန်းကြိုးဝိုင်းအကွက် အမှတ်(၃) ပင်ဦးကျေးရွာအုပ်စု ငရံ့ချောင်း ကျေးရွာအနီး
ကွင်းဆင်းစစ်ဆေးခဲ့ရာ ဇန်န၀ါရီလ(၂၀)ရက်နေ့ ညနေ(၄)နာရီအချိန် ခန့်တွင် ပျဉ်းကတိုးခွဲသား(၂)ချောင်း၊
အင်ကြင်းခွဲသား(၁)ချောင်း၊ ပေါင်း(၃)ချောင်း သစ်မာခွဲသား ၀.၂၆၅၆ တန် နှင့် အင်ခွဲချောင်း(၅)ချောင်း၊
ရုံးခွဲသား(၄)ချောင်း၊ အခြားသားခွဲသားပေါင်း(၉)ချောင်း ၀.၆၆၅၈ တန် စုစုပေါင်းဝ.၉၃၁၄
တန်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆီးခဲ့ကြောင်း နှင့် သစ်ပိုင်ရှင်စုံစမ်း ရှာဖွေရန်
သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသစ်
များအား ငဖဲမြို့နယ်သစ်တောဦးစီးဌာန ရုံးဝန်းအတွင်းသို့ သယ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
0 comments:
Post a Comment