Sunday, January 4, 2015

လွတ်လပ်ရေးနေ့ အလေးပြုအခမ်းအနား နှင့်သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

မြို့သစ်  ဇန်နဝါရီလ  ၎
         မြို့သစ်မြို့ နယ် ၂၀၁၅ခုနှစ်ဇန်နဝါရီလ
(၄)ရက်နေ့တွင်ကျရောက်သော(၆၇)နစ်
မြှောက်လွတ်လပ်ရေးနေ့အလေးပြု အခမ်းအနားကိုမြို့သစ်မြို့ လွတ်လပ်ရေးကျောက်တိုင်ဝန်းအတွင်း
နံနက်၎း၂၀အချိန်တွင်အလံတင် နှင့်အခမ်း
အနားကိုဌာနဆိုင်ရာ အကြီးအကဲများနှင့်
ကျင်းပပြုလုပ်ပြီး၇းဝဝ အချိန်တွင်အလေးပြု
အခမ်းအနားကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့က
ဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်
ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုး
ကနိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ
အဂ္ဂမဟာသီရိသုဓမဦးသိန်းစိန်ထံမှပေးပို့
သောသဝန်လွှာကိုဖတ်ကြားပြီးလွတ်လပ်
ရေးနေ့အကြိုစာစီစာကုံးပြိုင်ပွဲဆုရကျောင်းသား။ကျောင်းသူများကြိုပည်သူလွှတ်တော်
ကိုယ်စာလှယ်ဦးမြင့်သူ မြို့နယ်အုပ်ချုပ်ရေး
မှုးဦးသိန်းဇော် မြို့နယ်ဖွံဖြိုးရေးအထောက်
အကူပြုကော်မတီဥက္ကဌဦးကျော်ဝင်းတို့က
အထက်တန်းအဆင့်ဆုရကျောင်းသား။
ကျောင်းသူများကိုလည်းကောင်းအလယ်
တန်းအဆင့်ဆုရရှိသူများကိုတာဝန်ရှိသူ
များကဆုများအသီးသီးပေးအပ်ခဲ့သည်။

             အဆိုပါအခမ်းအနားသို့ မြို့နယ်
ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
အဖွဲ့ဝင်များ အမျိုးသမီးရေးရာ
အဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါတီအသီးသီးမှ
ပုဂ္ဂိုလ်များဆရာ။ဆရာမများကျောင်းသား
ကျောင်သူများနှင့်ပြည်သူလူထုများကပါလာရောက်ကာချီတက်အလေးပြုခဲ့ကြောင်း
သိရသည်။

                               ဇော်ဇော်(မြို့သစ်)
                               ဝ၉၄၀၁၅၄၉၀ဝ၈

0 comments:

Post a Comment