Wednesday, January 28, 2015

မကွေးမြို့ကိုကြွပ်ကြွပ်အိတ်ကင်းစင်နယ်မြေဖြစ်ဖို့ရန်အတွက် သတ်မှတ်ထားသော်လည်းဒေသခံပြည်သူများ ပူပေါင်းပါဝင်မှုအားနည်းနေသေး



   မကွေးတိုင်းဒေသကြီး မကွေးမြို့ကိုကြွပ်ကြွပ်အိတ်ကင်းစင်နယ်မြေဖြစ်ဖို့ရန်အတွက် ၂၀၁၁ခုနှစ်ကသတ်မှတ်ခဲ့သော်လည်း မကွေးမြို့ပေါ်ရှိဈေးများနှင့်ရပ်ကွက်များရှိလမ်းကြားများတွင်စွန့်ပစ်အမှိုက်သရှိုက်
များ၊ကြွပ်ကြွပ်အိတ်များစည်းများစည်းကမ်းမဲ့စွာစွန့်ပစ်နေကျကြောင်း၊စည်ပင်သာ ယာရေးကော်မတီနှင့်ပတ်
ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများနေ့စဉ်ဆောင်ရွက်နေမှု၊အရေးယူမှုတွေပြု မူဆောင်ရွက်နေခြင်းရှိသော်
လည်းဒေသခံများပူပေါင်းပါဝင်မှုအားနည်းနေသေးကြောင်းသိရှိရသည်။

  "ကြွပ်ကြွပ်အိတ်ကင်းစင်နယ်မြေဖြစ်ဖို့ဆိုတာက ဒေသခံတွေစနစ်တကျသိမ်းစည်း
ထုပ်နှောင်ဖို့လည်းလို
တယ်။ဈေးရောင်းဈေးဝယ်အသုံးပြုရာမှာကြွပ်ကြွပ်အိတ်နဲ့ထုတ်ပိုးရောင်းချကြတာခေါက်ရိုး
ကျိုးနေတော့စွန့်
ပစ်ပစ္စည်းအဖြစ်လမ်းမတွေနဲ့လမ်းကြားတွေမှာထွက်ပုံကြတယ်။
စည်ပင်သာယာကကားတွေကတော့နေ့စဉ်
အမှိုက်သိမ်းပေးနေတာပဲ။အောင်စေတနာ၊အောင်မေတ္တာရပ်ကွက်တွေကိုမရောက်ဘူး။
ဒီရပ်ကွက်လူတွေအမှိုက်
ပစ်ဖို့စည်းကမ်းစနစ်တကျရှိအောင်အမှိုက်တောင်း၊အမှိုက်ခြင်း၊အမှိုက်ခြံစနစ်တကျလုပ်ပေးဖို့
လိုအပ်တယ်။
ဒေသခံတွေကလည်းကိုယ်နဲ့လွတ်ပြီးရောဆိုပြီးလမ်းနဘေးထွက်သွန်ကြတော့အမှိုက်ကောက်တဲ့
ကလေးတွေ
ခွေးလေခွေးလွင့်တွေလာစားကြတယ်။လေတိုက်ရင်လွင့်ပြီးလမ်းမပေါ်အထိရောက်လာတော့ဒေသ
ခံတွေလည်းစနစ်တကျလိုက်နာဖို့လိုအပ်တယ်"ဟုဒေသခံတစ်ဦးကပြောပြသည်။
  စည်ပင်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေဘယ်လောက်ပဲဆောင်ရွက်နေနေ အရေးယူမှုတွေ
ဘယ်လောက်ပြုမူနေနေ ဒေသခံပြည်သူလူထုက ပူးပေါင်းပါဝင်မှု၊ဆောင်ရွက်မှုမရှိရင်မအောင်မြင်နိုင်ဘူး။
ကြွပ်ကြွပ်အိတ်ရဲ့ဘေးထွက်ဆိုးကျိုးအကြောင်းတွေကိုသက်ဆိုင်ရာက ဒေသခံပြည်သူတွေကို
ပညာပေးအစီ
အစဉ်တွေထပ်မံပြုလုပ်ပေးပြီးထိထိရောက်ရောက်အရေးယူဆောင်ရွက်စေချင်တယ်။
စည်းရုံးလှုံဆော်ခြင်းတွေ တကယ်လက်တွေ့စိတ်ပါဝင်စားလာအောင် တိတိကျကျလိုက်နာအောင်ဆောင်ရွက်ပေးစေချင်တယ်။
တိုင်းဒေသကြီးအင်္ဂါရပ်နဲ့ညီညွတ်အောင်ပြည်သူတွေလိုက်ပါဆောင်ရွက်စေချင်တယ်
"၄င်းကထပ်မံပြောပြသည်။

ဇွဲထက်ရှင်

0 comments:

Post a Comment