Friday, January 2, 2015

ကူညီဖေးမ လူမှုဘ၀ ငွေလှူမည့်သူမရှိရင် ဒုက္ခ

တောင်တွင်းကြီးက ဇီဝိတအလှူဒါန

တောင်တွင်းကြီး ဇန်န၀ါရီ ၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့တွင် ဇီဝိတဒါနအလှူအဖြစ် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက စုပေါင်း ကူညီလှူဒါန်းမှုများကိုပြုလုပ်ပေးလျှက် ရှိကြောင်းသိရသည်။

တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂)ရပ် ကွက်၊ ရေဦးလမ်းရှိ အမှတ်(၂)အထက ကျောင်းဆရာမတစ်ဦး၏ ခင်ပွန်းဖြစ်သူ နှလုံးရောဂါနှင့်အစာအိမ်သွေးစိမ့်ရောဂါတို့နဲ့ပတ်သက်သော ဝေဒနာသည်တစ်ဦးသည် အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် နေပြည်တော် ကုတင်တစ်ထောင်ဆံ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူရန်ပေါ်ပေါက်လာပါသည်။

ထိုသို့ပို့ဆောင်ရန်အတွက် လူနာရှင် တစ်ဦးအနေဖြင့် လူနာအား နေပြည်တော်ဆေးရုံသို့ဆေးကုသမှုခံယူသွားရန်  ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့ ည (၇)နာရီ(၂၅)မိနစ်အချိန်ခန့်က စိတ္တသုခလူမှုကူညီရေးအသင်းရုံး သို့သွားရောက်အကူအညီတောင်းခံခဲ့ ရာ ၄င်းတို့အသင်းအနေဖြင့် သတ်မှတ် ထားသော မော်တော်ယာဉ်ဈေးနှုံးများ အရ နေပြည်တော်သို့ ငွေကျပ် (၆၅၀၀၀ိ/-)တောင်းခံရမည်ဖြစ်ရာ အမှန်တစ်ကယ် ချို့တဲ့မှုရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါရှိက  အသင်းရုံးအနေဖြင့် ကူညီဆောင်ရွက် ပေးသည့်အနေဖြင့် ငွေကျပ်(၂၀၀၀၀ိ/-) လျှော့ပေါ့ကူညီကာ နေပြည်တော်ကုတင်တစ်ထောင်ဆံ့ဆေးရုံသို့ ငွေကျပ်(၄၅၀၀၀ိ/-)ဖြင့် ကူညီပို့ဆောက်ပေးမည်ဟုပြောကြားခဲ့ ကြောင်းသိရသည်။

လူနာရှင်အနေဖြင့် ထိုသို့သွားရောက် ဆေးကုသမှုခံယူနိုင်ရန် ခရီးစရိတ်ပင် တတ်နိုင်မှုမရှိသဖြင့် မြို့ပေါ်ရှိလူမှု ကူညီရေးအသင်းများသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ရာ စန္ဒာသူရိယ ကျန်းမာ/ပညာကူညီရေးအသင်းမှ ကူညီထောက်ပံ့ငွေကျပ်(၃၀၀၀၀ိ/-) ဇီဝိတအခမဲ့ဆေးကုသခန်းမှ ထောက်ပံ့ငွေကျပ်(၁၅၀၀၀ိ-)၊ စုစုပေါင်း ငွေကျပ်(၄၅၀၀၀ိ/-)ဖြင့် စုပေါင်းကူညီ ထောက်ပံ့မှုဖြင့် အရေးပေါ် လူနာပို့ ဆောင်မှုအား ကူညီဆာင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အရေးပေါ်ဖြစ်ပေါ်နေသည့် ပုဂ္ဂိုလ်များ အနေဖြင့် ကျန်းမာရေး၊ပညာရေးနှင့် လူမှုကူညီရေးဆိုင်ရာ ကိစ္စရပ်များ အတွက် အကူအညီတောင်းခံလိုပါက ဦးကျော်သာထက်၊အတွင်းရေးမှူး၊ စိတ္တ သုခလူမှုကူညီရေးအသင်း၊ဖုန်း ၀၉၅၃၃၃၀၉၉၊ ဒေါက်တာကျော်ဆွေ ၊ စန္ဒာသူရိယ ကျန်းမာ/ပညာကူညီရေးအသင်း၊ ဖုန်း ၀၉၄၀၁၅၉၂၄၁၅၊ ဦးစိုးနိုင်၊ဇီဝိတအခမဲ့ ဆေးကုသခန်း၊ဖုန်း ၀၉၅၃၃၃၅၂၇၊ဦးစိုးပြည့်အောင်၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ဖုန်း ၀၉၄၀၁၆၈၂၀၀၅ တို့သို့အ ချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)
ဖုန်း - 09401682005

0 comments:

Post a Comment