မင်းဘူး ဇန်န၀ါရီ ၈
မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်နေ
ဒေါ်တင်ဇာကျော်ဝင်းမှ ၃၁.၁၂.၂၀၁၄ရက်နေ့တွင် မွေးဖွားသည့်
လေးမွှာပူးမိန်းကလေးများအတွက် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ
ထောက်ပံ့ငွေကျပ်(၅)သိန်း တိတိအား ၅.၁.၂၀၁၅ရက်နေ့က မင်းဘူးမြို့
ပြည်သူ့ဆေးရုံကြီးတွင် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန
တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ခင်နွဲ့မှ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးသည် မွေးဖွားပြီး လေးမွှာပူး ကလေးငယ်များ၏ ကလေးငယ်များကျန်းမာရေးအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များမှာ ကျန်းမာလျက်ရှိကြောင်းသိရသည်။
ခင်မာလာ(မကွေး)
0 comments:
Post a Comment