ပွင့်ဖြူ ဇန်န၀ါရီ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်
ရွာသာကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် (၄)လက်မ
GT ပိုက်ဖြင့် အနက်ပေ(၈၀၀)ရှိ စက်ရေတွင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ရန်ပုံငွေဖြင့် မြန်မာ့ရှုခင်းသမ ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၁၄-ခုနှစ် နိုဝင်ဘာလမှ စတင်တူးဖော်ခဲ့ရာ
ယခုအခါ အဆိုပါစက်ရေတွင်းသည် သန့်ရှင်းသောသောက်သုံးရေများ စတင်ထွက်ရှိလျက်ရှိကြောင်းနှင့်
စက်ရေတွင်းတူးဖော်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီင်္းဌာန ရန်ပုံငွေကျပ် (၃၀)သန်း
အကုန်အကျခံဆောက်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်သူရ-ပွင့်ဖြူ
0 comments:
Post a Comment