၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် (၁၁း ၅၀) အချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊
ပခုက္ကူခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊
ရေပြာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့မှာ
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ရှာဖွေ
ဝရမ်းအမှတ် (၁/၂ဝ၁၅)ဖြင့် ပေါက်မြို့နယ်၊ ဒီဒုတ်ကွင်းကျေးရွာနေ
ဦးလုံး(၅၈)နှစ်၏ နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း
သတင်းရရှိပါသည်။
ပေါက်မြို့နယ်၊ ဒီဒုတ်ကွင်းကျေးရွာနေ ဦးလုံး(၅၈)နှစ်၏ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအား ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း တရားဝင်ဆေးလက်မှတ် မရှိဘဲ ဆေးကုသသည့်ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့် ထိုးဆေး/စားဆေးများအား နေအိမ်အောက်ထပ်တွင် အစိမ်းရောင်ခရီးဆောင်အိတ်ဖြင့်ထည့်လျှက်တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တရားဝင် ဆေးလက်မှတ်မရှိဘဲ ဆေးကုသသူ ဦးလုံး (၅၈)နှစ်အား ပေါက်မြို့နယ်၊
ရေပြာနယ်မြေ ရဲစခန်း (ပ) ၆/၂ဝ၁၅၊ ၂ဝဝဝ ပြည့်နှစ် ဆေးကောင်စီဥပဒေပုဒ်မ ၄၁ အရ
အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ
0 comments:
Post a Comment