Saturday, January 3, 2015

ဆောင်းရာသီ သီးနှံစိုက်ပျိုးရေး ဘဏ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ သမီးအိမ့်

ပခုက္ကူဒေသတောင်သူဦးကြီးများ ဆောင်းရာသီသီးနှံစိုက်ပျိုးရန် အခက်အခဲမရှိစေရေးအတွက်
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ.ဖြိုးရေးဘဏ် ပခုက္ကူဘဏ်
ခွဲမှ၂၀၁၄ ခုနှစ် ဆောင်းရာသီသီးနှံထုတ်လုပ်မူဘဏ်ချေးငွေများဒီဇင်ဘာ ၂၉ ရက်နေ.ကစတင်
ထုတ်ချေးပေးနေပြီဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။ပခုက္ကူဘဏ်ခွဲမှ ကျေးရွာအုပ်
စု ၁၀ အုပ်စု အစုအဖွဲ. ၇၇ဖွဲ. အဖွဲ.ဝင်ဦးရေ ၅၄၇ဦးတို.အားသိန်းပေါင်းကျပ် ၃၉၂.၂၀သိန်း
ထုတ်ချေးပြီးစီးသွားကြောင်းသိရှိရသည်။

၂၀၁၃ ခုနှစ်ဆောင်းချေးငွေကကျပ်သိန်းပေါင်း
၁၈၃၅.၂၀ ရှိပါတယ် ကျေးရွာအုပ်စု ၂၄ စု အစုအဖွဲ.၂၁၈ ဖွဲ. အဖွဲ.ဝင်ပေါင်း ၁၈၀ဝ
ဖြစ်ပါတယ် ဟုတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ဆောင်းရာသီ သီးနှံ စပါး ၃၈၀ ဧက
မြေပဲ ၃၉၁၈ ဧကနှမ်း ၄၅၄ ဧက ပဲလွန်း ၂၂၃၆ ဧက ကုလားပဲဖြူလုံးကြီးဧက ၅၇၉ ဧက
ဘိုကိတ်ပဲ ၈၉ ဧကအတွက်စိုက်ပျိုးစရိတ် ထုတ်ချေးနိုင်ခဲ့ကြောင်း သိရှိရသည်။

သမီးအိမ့်

0 comments:

Post a Comment