Monday, January 5, 2015

(၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်


မကွေး    ဇန်န၀ါရီ     ၅
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၅ခုနှစ်(၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်တွင် ဇန်န၀ါရီလ ၄ရက်နေ့ ညနေ(၆)နာရိက ကျင်းပပြုလုပ်ခဲ့ပါသည်။



   အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချူပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်အဆိုတော်သိန်းတန် (မြန်မာပြည်)နှင့်အဖွဲ့က (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အား ဗိုလ်ရှုခံတေးသီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော် ဖြေကြပါသည်။

ယင်းနောက် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂေါက်ရိုက်ပြိုင်ပွဲတွင် ကူညီပံ့ပိုးပေးခဲ့ကြသည့် အဖွဲ့အစည်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အသင်းလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၂၅မြို့နယ်မှ ပြိုင်ပွဲဝင် ၃၆သင်း အားကစားသမားပေါင်း ၂၂၅ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ၃.၁.၂၀၁၅ရက်နေမှ ၄.၁.၂၀၁၅ရက်နေ့ထိ (၂)ရက်ပြုလုပ်မည်ဖြစ်၍ မကွေးမြို့ ဂေါက်ကွင်းများဖြစ်သည့် နမ္မဒါဂေါက်ကလပ်နှင့် ဖန်ခါးမြေဂေါက်ကလပ်များ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment