မကွေး ဇန်န၀ါရီ ၃၀
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မင်းလှမြို့မရဲစခန်းမှ
နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်မင်းနိုင်နှင့်အဖွဲ့သည် ဇန်န၀ါရီ ၂၇ ရက်နံနက်
၈း၃၀ နာရီ အချိန်ခန့်တွင် သဖန်းချောင်းကျေးရွာအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်
ပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်နေစဉ် မင်းလှမြို့မရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၄၅၈ အမှုမှ တရားခံပြေး ဇော်ဝင်းထွဋ်(၂၃)နှစ်(ဖ)ဦးသန်းဌေး၊ဗမာ/ဗုဒ္ဓ၊ကျပန်း သဖန်းချောင်းကျေးရွာ
မင်းလှမြို့နယ်နေသူအား သဖန်းချောင်းကျေးရွာ ရွာလယ်လမ်းမတွင် ဖမ်းဆီးရမိ သဖြင့် မင်းလှမြို့မရဲစခန်းတွင်
ချုပ်နှောင်ထားရှိပြီး တရားစွဲတင်ပို့ရန် ဆောင်ရွက်လျှက်ရှိသည်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် မှတ်ပုံတင်(၂၉)စာရင်းဝင်တရားခံပြေး(၁၂)ဦး၊မှတ်ပုံတင်
၂၉(ဂ)စာရင်းဝင်တရားခံပြေး(၂၃၄)ဦးရှိသည့်အတွက် ၂၉.၁.၂၀၁၅ ရက်နေ့ထျွှိတ်ပုံတင် ၂၉(က)စာရင်းဝင်
တရားခံပြေး(၂)ဦး၊မှတ်ပုံတင် ၂၉(ဂ)စာရင်းဝင်တရားခံပြေး(၇၂)ဦး၊စုစုပေါင်းစာရင်းဝင်တရားခံပြေး(၇၄)ဦး
ဖမ်းဆီးရမိပြီး ဖြစ်သဖြင့် ဖမ်းဆီးရမိမှု ရာခိုင်နှုန်းမှာ (၃၀.၁)ရာနှုန်းဖြစ်ကာ သက်ဆိုင်ရာတရားရုံးများသို့
တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး (ငဖဲ)
0 comments:
Post a Comment