Monday, January 5, 2015

အယ်ဒီတာထံပေးစာ / မတရားသဖြင့် တရားစွဲဆိုခြင်းခံထားရပါသည်။

သို့
     သမ္မတ
     သမ္မတရုံး
     နေပြည်တော်
သို့
     ပြည်ထောင်စုဝန်ကြီး
     ပြည်ထဲရေးဝန်ကြီးဌာန
     နေပြည်တော်
သို့
     ရဲချုပ်
     မြန်မာနိုင်ငံရဲတပ်ဖွဲ့
     ပြည်ထဲရေးဝန်ကြီးဌာန
     နေပြည်တော်

အယ်ဒီတာထံပေးစာ
                                                                               ရက်စွဲ ၊ ၂၀၁၄ ခုနှစ်ဒီဇင်ဘာလ(၃၀)ရက်
 အကြောင်းအရာ။          ။ မတရားစွပ်စွဲခြင်း နှင့် မတရားချုပ်နှောင်မှုအား အရေးယူဆောင်ရွက်ပေးပါရန် ။
                           ကျွန်မ ဒေါ်ကြည်ကြည်စိုး ရိုသေစွာတင်ပြအပ်ပါသည်။

               ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ဈေးရပ်ကွက်နေ ဒေါ်ချယ်ရီသန်း ဈေးသည်မှ ကျွန်မသား မောင်မှတ်ကြီး
(ခ) အာကာသက်မှူးကျော် အသက် (၁၇)နှစ်အား မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မရဲစခန်းတွင် လည်းကောင်းနေအိမ်မှ
ဆင့်ကဒ်ပါ ဟမ်းစက်တစ်လုံးကို နံနက် (၇းဝ၀)နာရီ အချိန်တွင်ခိုးယူသွားကြောင်း ည (၈းဝ၀)နာရီ အချိန်တွင် တိုင်ကြား၍ သားဖြစ်သူ
အား ရဲစခန်းသို့လာရောက်ဖြေရှင်းရန် ပြောဆိုမှုကြောင့် သားဖြစ်သူနှင့်အတူရှိနေသော မောင်ဖိုးခွားနှင့် ကျွန်မတို့သွားရောက်ဖြေရှင်းရာ
စခန်းမှူးဒုရဲမှူးမောင်ကိုမှ ပြစ်မှုပုဒ်မ ၃၀၈ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးချုပ်နှေင်၍ (၁၁)လပိုင်း (၁၂)ရက်နေ့ ညဦးပိုင်း (၈း၃၀)ခန့်မှ (၁၃)ရက်
နေ့နံနက် (၅း၃၀)ခန့်အထိ စစ်ဆေးသူများထိုင်လျှက် သားဖြစ်သူအားလက်ထိပ်ခတ်၍ စစ်ဆေးရာတွင် မတ်တပ်ရပ်ခိုင်းထားပြီးစစ်ဆေးပါသည်။ ထို့နောက် (၁၃)ရက် (၁၄)ရက် (၃)ရက်ဆက်တိုက်စစ်ဆေးပါသည်။

တိုင်တန်းသူများစစ်ဆေးသလို တရားလိုသက်သေများကိုပါ
စစ်ဆေးပါသည်။

                မြို့နယ်တရားရုံးမှ ရီမန်နှစ်ကြိမ်ခေါ်ယူ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သော်လည်း သားဖြစ်သူမှာ သူခိုးဖြစ်ပါသည်ဟုတရားလိုထွက်ဆိုချက်သာရရှိပြီး သက်သေခံမပြနိုင်၍ ကျွန်မသားကြီးချစ်လွတ် ခေါ် ကျော်မင်းစိုး ထံမှ အခင်းမဖြစ်မှီ တိုင်တန်းသူ
ဒေါ်ချယ်ရီသန်း၏ညီမ ဒေါ်သီတာအောင် ထံပေါင်နှံထားသောဖုန်းအား တစ်ချိန်တုန်းက (၃)သိန်းကျပ်ပျောက်၍ သားဖြစ်သူခိုးသည်ဟု
လည်းကောင်းငွေနှင့်ဝယ်ယူထားသည်ဟုထင်မြင်ချက်ဖြင့် ပေါင်နှံဘူးသောဖုန်းအား သက်သေထည့်သွင်း၍ မတရားသဖြင့် တရားစွဲဆိုခြင်းခံထားရပါသည်။

                သို့ဖြစ်ပါ၍ လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် အသနားခံလျှောက်ထားတင်ပြအပ်ပါသည်။

    ကြည်ကြည်စိုး
    ဒေါ်ကြည်ကြည်စိုး ၈/နမန (နိုင်)ဝ၀၇၂၄၇
    ဈေးရပ်ကွက် နတ်မောက်မြို့။


မှတ်ချက်။  ။ စာရေးသူပေးပို့သော စာအတိုင်းသာဖော်ပြပါသည်။ အချက်အလက်များ မှားယွင်းလျှင် မြေလတ်မီဒီယာ နှင့် လုံးဝမသက်ဆိုင်ပါ၊ တစ်ဘက်မှ သက်ဆိုင်သူများအနေဖြင့်မြေလတ်မီဒီယာမှာ ပြန်လည် ဖော်ပြလိုလျှင် လူထုအော်သံ သို့ ပေးပို့နိုင်ပါကြောင်း။

မြေလတ်မီဒီယာ

0 comments:

Post a Comment