ဂန့်ဂေါ ဇန်နဝါရီ ၈
ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာ မြတ်စွယ်တော်ပိဋကတ်တိုက်နှင့် ကျေးရွာစာကြည့်တိုက်ဖြစ် သည့် သုတရိပ်မြုံစာကြည့်တိုက်တို့ကကြီးမှူး၍ ပြာသိုလပြည့် အမေနေ့အခမ်းအနား ကို ဇန်နဝါရီ ၄ ရက်က ရှေးဟောင်းသမိုင်းဝင် စွယ်တော်ရှင်စေတီတော် သ န္တိသုခဓမ္မာရုံ၌ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြန်မာစာပေစိစစ်ရေးအဖွဲ့မှ ဦးထွန်းတင်၊ စာပေဝါသနာရှင် ဦးမောင်ကို ( မောင်မေတ္တာ-ယော) နှင့် ဂန့်ဂေါခရိုင် ပြန်ကြားရေးးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်တို့ က အမေနေ့နှင့် အမေ့မေတ္တာ အကြောင်းတို့ကို ရှင်းလင်းပြောကြားကြပြီး အမေနေ့အထိမ်းအမှတ်အဖြစ်ကျင်း ပသည့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ပန်းချီပြိုင်ပွဲဆုများနှင့် ကျပန်းစကားပြောပြိုင်ပွဲဆု၊ စကားရည် လုပြိုင်ပွဲဆုတို့ကို မြို့နယ်အမျိုးသမီးရေးးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်နှင့် အမေနေ့ကျင်းပရေးကော်မတီဝင်များ က ချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
မကွေးသတင်းစုံ

0 comments:
Post a Comment