Thursday, January 1, 2015

ရှမ်းပြည်နယ် (မြောက်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်လားရှိုးလက်ကားကုန်စည်ဒိုင်တို့၏(၂၀၁၄-၂၀၁၇) နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ



လားရှိုး     ဇန်န၀ါရီ    
          ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်လားရှိုး လက်ကားကုန်စည်ဒိုင်တို့၏(၂၀၁၄-၂၀၁၇)နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်နံနက် ၉ နာရီက လားရှိုးမြို့လားရှိုးမိုတယ်ခန်းမ၌ ကျင်းပရာ လာရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က အဖွင့်အမှာစကာပြောကြားပြီး ၊ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်  အတွင်ရေးမှူး  ဦးအောင်ကြည်စိုး  မှ  အသင်းချုပ်၏       လုပ်ငန်းဆောင်ရွက်ချက်များကို(၂၀၁၄-၂၀၁၇) နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ရှမ်းပြည်နယ်  (မြောက်ပိုင်း) ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် လားရှိုးလက်ကား ကုန်စည်ဒိုင်တို့၏ ကုန်စည်ဒိုင်တို့၏       ဒီဇင်ဘာ ၃၁ ရက် နံနက် ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ 

           ဆက်လက်၍ ရှမ်းပြည်နယ်  (မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှင့်လားရှိုးလက်ကား ကုန်စည်ဒိုင်တို့၏(၂၀၁၁-၂၀၁၃) နှစ်ပတ်လည်ငွေစာရင်းရှင်းတမ်းများကို အသင်း၏ တွဲဖက်အတွင်းရေးမှူး(၂)ဦးသောင်းဟန်က ဖတ်ကြားရှင်းလင်းတင်ပြပြီး (၂၀၁၁-၂၀၁၃)ခုနှစ် အလုပ်အမှု ဆောင်များအသင်းမှ နုတ်ထွက်ကြောင်း အသင်းအတွင်းရေးမှူး ဦးမောင်ကြိုင်က ကြေညာခဲ့သည်။

          ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် လားရှိုးလက်ကားကုန်စည်ဒိုင်တို့ (၂၀၁၄-၂၀၁၇) ခုနှစ် ဥက္ကဌအဖြစ် ဦးဒေးဗစ် ပါဝင်သည့် အလုပ်အမှု ဆောင်(အသစ်)၏ အမည်စာရင်းအား ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးမှ ဖတ်ကြားကြေညာပြီး (၂၀၁၄-၂၀၁၇)နှစ်အတွက် ရွှေးချယ်တင်မြှောက်ခြင်းခံရသော ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဒေးဗစ်က အသင်း၏လုပ်ငန်းများကို တိုးတက်အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment