ပွင့်ဖြူ ဇန်န၀ါရီ ၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ
မိုးစပါးစိုက်တောင်သူကြီးများ စပါးရိတ်သိမ်း/ ခြွေလှေ့ခြင်း လုပ်ငန်းများ အခက်အခဲမရှိစေရန်
စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၆) စက်မှုလယ်ယာစခန်း၊ပွင့်ဖြူမြို့မှ DC70G COMBINE
HARVESTER ရိတ်သိမ်းခြွေလှေ့စက်(၂)စီးဖြင့် လယ်ကွင်းများအရောက် ရိတ်သိမ်းခြွေလှေ့ပေးပြီး၊စပါးများကိုလည်း
ကားများဖြင့် အိမ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် ၀န်ဆောင် မှုပေးနေ၍ တောင်သူဦးကြီးများ
ပဲကြဲရာသီအမီ လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်နိုင်သဖြင့် ၀မ်းသာပျော်ရွှင် နေလျက်ရှိကြောင်း
မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမိုးကျော်နှင့်အတူ လယ်ကွင်းများအရောက် ကွင်းဆင်းလေ့လာခဲ့၍ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment