This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 31, 2015

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်အကြို စာပေဟောပြောပွဲကျင်းပမည်



ပခုက္ကူ   -   ဇန်န၀ါရီ   -   ၃၁

          ပခုက္ကူမြို့နယ်၊ကမ္မကျေးရွာအုပ်စု ၊ဗိုလ်ချုပ်အောင်ဆန်းကိုကြည်ညိုလေးစားသောစာပေချစ်သူများ၏
အမျိုးသားခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြိုအထိမ်းအမှတ် စာပေဟော
ပြောပွဲကို ဖေဖေါ်ဝါရီ(၇/၈)ရက်နေ့ညများတွင်ကမ္မကျေးရွာအုပ်စု၊ ပြည်သူ့အားကစားကွင်း ၌ ကျင်းပသွားရန်
ရှိကြောင်းသိရသည်။

          ဖေဖေါ်ဝါရီ(၇)ရက်နေ့၊ ည(၇)နာရီတွင်စာရေးဆရာများဖြစ်ကြသောဆရာကျော်ရင်မြင့်(မန္တလေး)၊
ဆရာအောင်ဖြိုးကျော်(ပခုက္ကူ)နှင့် ဆရာကိုငြိမ်း(မန္တလေး) တို့ကလည်းကောင်း၊ဖေဖေါ်ဝါရီ(၈)ရက်နေ့ညတွင်
ဆရာညီပုလေး(မန္တလေး)၊ဆရာထွဏ်းသွေးအိမ်(မန္တလေး)နှင့်ဆရာမချောအိမာန်(မန္တလေး) တို့ကဟောပြော
ကြမည်ဖြစ်ပြီး၊ကမ္မမူလတန်းကျောင်းပေါင်းစုံပြေးပွဲ၊ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်များပြသသွာမည်ဟုစာပေ
ဟောပြောပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှသိရသည်။အောင်(မန်းတက္ကသိုလ်)

မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း ပြေးလေးပြေးဖမ်းဆီးရမိ




မကွေး     ဇန်န၀ါရီ     ၃၀
          မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်မင်းနိုင်နှင့်အဖွဲ့သည် ဇန်န၀ါရီ ၂၇ ရက်နံနက် ၈း၃၀ နာရီ အချိန်ခန့်တွင် သဖန်းချောင်းကျေးရွာအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်နေစဉ် မင်းလှမြို့မရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၈ အမှုမှ တရားခံပြေး ဇော်ဝင်းထွဋ်(၂၃)နှစ်(ဖ)ဦးသန်းဌေး၊ဗမာ/ဗုဒ္ဓ၊ကျပန်း သဖန်းချောင်းကျေးရွာ မင်းလှမြို့နယ်နေသူအား သဖန်းချောင်းကျေးရွာ ရွာလယ်လမ်းမတွင် ဖမ်းဆီးရမိ သဖြင့် မင်းလှမြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး တရားစွဲတင်ပို့ရန် ဆောင်ရွက်လျှက်ရှိသည်။

          မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် မှတ်ပုံတင်(၂၉)စာရင်းဝင်တရားခံပြေး(၁၂)ဦး၊မှတ်ပုံတင် ၂၉(ဂ)စာရင်းဝင်တရားခံပြေး(၂၃၄)ဦးရှိသည့်အတွက် ၂၉.၁.၂၀၁၅ ရက်နေ့ထျွှိတ်ပုံတင် ၂၉(က)စာရင်းဝင် တရားခံပြေး(၂)ဦး၊မှတ်ပုံတင် ၂၉(ဂ)စာရင်းဝင်တရားခံပြေး(၇၂)ဦး၊စုစုပေါင်းစာရင်းဝင်တရားခံပြေး(၇၄)ဦး ဖမ်းဆီးရမိပြီး ဖြစ်သဖြင့် ဖမ်းဆီးရမိမှု ရာခိုင်နှုန်းမှာ (၃၀.၁)ရာနှုန်းဖြစ်ကာ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး (ငဖဲ)

မင်းဘူး(စကု)မြို့နယ် ချောင်းကောက်ကျေးရွာတွင် နယ်လှည့်အခမဲ့ဆေးကုသပေး




မင်းဘူး     ဇန်န၀ါရီ       ၃၀


          မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မင်းဘူး(စကု)မြို့နယ် ချောင်းကောက်ကျေးရွာ တွင် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊တိုင်းဒေသ ကြီး ကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များ ပူးပေါင်း၍ နယ်လှည့်အခမဲ့ဆေးကုသခြင်းကို ယနေ့ နံနက် ၁၁ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မင်းဘူးခရှိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မင်းဘူး(စကု)မြို့နယ် ချောင်းကောက် ကျေးရွာ အောင်သိဒ္ဓိဓမ္မာရုံတွင်  တိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာ နနှင့် အလှူရှင်များ ပူးပေါင်း၍ အခမဲ့ဆေးကုသပေးရာတွင် ဆေးကုသမှုခံယူရန် ရောက်ရှိနေသော ကျေးရွာ သူ ကျေးရွာသားများ လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဆေးကုသပေးသော ဆရာဝန် ဆရာမများအား အာပေးဂုဏ်ပြုစကားပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းကောက်ကျေးရွာ မူကြိုကျောင်းသို့သွာရောက်ပြီး  မူကြိုကျောင်းတွင်တက်ရောက်လျက်ရှိသော ကလေးငယ်များအားတွေ့ဆုံ၍ အာဟာရမုန့်များ၊ကစားစရာ အရုပ်များကို လက်ဆောင်ပေးအပ်ခဲ့ပြီး မူကြိုကျောင်းမှ ဆရာမများအား ကလေးငယ်များ၏ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေး၊ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ဂရုတစ်စိုက်ဆောင်ရွက်ရေးတို့ကိုမှာကြား ကာ ဆရာ/ဆရာမများနှင့်ကလေးငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေ သကြီး ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်များပူးပေါင်း၍ မင်းဘူး(စကု)မြို့နယ် အတွင်းကျေးရွာများသို့ (၃၀.၁.၂၀၁၅)မှ(၈.၂.၂၀၁၅)ရက်နေ့အထိ ရောဂါဝေဒနာရှင်များအား အခမဲ့ ဆေးကုသပေးမည်ဖြစ် ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ကျေးလက်မြေသား ရေကန် တူးဖော် ဆောင်ရွက်




မင်းဘူး     ဇန်န၀ါရီ      ၃၁
          မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စု မောင်းမကန်ကျေးရွာတွင် ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး တင်ဒါပိုလျှံငွေ(၂၀.၀၀)သန်းဖြင့် မြန်မာ့ရှုခင်း သမ၀ါယမ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မြေသားရေကန်တူးဖြော်ခင်း(၅၀၀´x၃၀၀´)နှင့် ရေပိုလွှဲ တည်ဆောက်ခြင်း(၁၃၀´x၁၂´x၅´)လုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
          အဆိုပါ မြေသားရေကန်တူးဖော်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းအား ဇန်န၀ါရီ ၃၀  ရက် နံနက် ၁၁ နာရီက မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များအား မြေသားရေကန်တူး ဖော်ခြင်း၊ရေပိုလွှဲတည်ဆောက်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို မင်းဘူးမြို့နယ်ကျေးလက်မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်း(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)မှ ရှင်းလင်းပြသခဲ့ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

မြေလတ်မီဒီယာ ဂျာနယ် အတွဲ(၁)၊ အမှတ်(၂) ထွက်ပြီ၊ မြေလတ်မီဒီယာ ၀ိုင်းတော်သားများကို ဖေဖော်ဝါရီ (၁၄) ရက်နေ့ လာကြရန်ဖိတ်ကြားအပ်ပါသည်။

၂၀၁၅၊ ဇန်န၀ါရီ ၃၀ ရက်နေ့က မြေလတ်မီဒီယာ ဂျာနယ် အတွဲ(၁)၊ အမှတ်(၂) ထွက်ပါသည်။
အတွဲ(၁)၊ အမှတ်(၃) ဂျာနယ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထွက်ပါမည်။
အမှတ်(၃)ဂျာနယ်အတွက် စာမူများကို ဖေဖော်ဝါရီ (၅)ရက်နေ့ ဖောင်ပိတ်ပါမည်။
မြေလတ်မီဒီယာ ၀ိုင်းတော်သားများ စာမူများ အချိန်မီပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည်။

မှတ်ချက်။   ။ အတွဲ(၁)၊ အမှတ်(၃) မှ စ၍ စာမျက်နှာ ၂၄ မျက်နှာအထိ တိုးထားပါသည်။ ဂျာနယ် ရောင်းဈေး(၄၀၀) ကျပ်ဖြင့် ရောင်းချပေးပါမည်။
 ဖေဖော်ဝါရီ ၁၄ ရက် ၊ စနေနေ့ ၁၂ နာရီတွင် မြေလတ်မီဒီယာ ဂျာနယ်တိုက်သို့ သတင်းထောက်များ တွေ့ဆုံဆွေးနွေးပွဲသို့ ၀ိုင်းတော်သားအားလုံး တက်ရောက်ပေးကြပါရန် လေးစားစွာဖြင့် ကြိုတင်ဖိတ်ကြားအပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်

ဒုတိယ အယ်ဒီတာချုပ်
မြေလတ်မီဒီယာ ဂျာနယ်
အမှတ်(၅) ဟိန္ဒူဆိုင်ခန်း၊ ပြည်တော်သာလမ်း(ရွာသစ် ၁၆ လမ်းတောင်ထိပ်)
ရွာသစ်ရပ်ကွက်၊ မကွေးမြို့။
၀၉-၄၄၀၂၂၅၁၀၀ ၊ ၉၇၄၈၃၀၃၁၄ ၊ ၇၉၄၅၇၅၀၇၀

တောင်သူများအားပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်


မြို့သစ်   ဇန်နဝါရီ  ၃၀

          မြို့သစ်မြို့နယ် မြို့နယ်စိုက်ပျိုးရေး
ညှိ့နှိုင်းမှုအဖွဲ့သည်  မြေပြင်သာကျေးရွာ
အုပ်စုသို့ဆဒ္ဒန်ဆည်ရေသောက်တောင်သူ
ဦးကြီးများနှင့်ဇန်နဝါရီလ၃၀ရက်နေ့ကစ၍
တောင်သူပညာပေးဟောပြောပွဲနှင့်အသိ
ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး
ဝေမှုများပြုလုပ်ခဲ့သည်။

          ရှေးဦးစွာမြို့နယ်လယ်ယာစိုက်ပျိုးရေး
ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ဝင်းက
စိုက်ပျိုးမှုနည်းပညာဖြင့်ပတ်သက်၍စိုက်ပျိုး
ရမည့်နည်းစနစ်များကိုတောင်သူများကတိတိကျကျလိုက်နာဆောင်ရွက်ပါကသိသိ
သာသာ အထွက်နှုန်းတိုးတက်လာမည်ဖြစ်
ကြောင်းနှင့်လုပ်ကိုင်ဆောင်ရွက်ရမည့်နည်း
လမ်းများကိုလည်းလက်ကမ်းစာစောင်များ
ဖြင့်ဝေဌပေးထားပါကြောင်းပြောကြားခဲ့ပြီ
ဆည်မြောင်းဦးစီးဌာနAEဦးဝင်းလွင်ကလည်း
ဆဒ္ဒန်ဆည်ရေလောင်ပမာဏနှင့်လက်ရှိရေ
သိုလှောင်မှုများအကြောင်းကိုအသေးစိပ်
ရှင်းလင်းဆွေးနွေးပြာကြားပြီးလယ်ယာ
စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကတက်
ရောက်လာသောတောင်သူများကိုလက်
ကမ်းစာစောင်များတစ်ဦးချင်းစီဝေဌပေးခဲ့
ကြောင်းသတင်းရှိသည်။
                           ဇော်ဇော်(မြို့သစ်)

သို့/ မြေလတ်မီဒီယာဂျာနယ်

သို့/
မြေလတ်မီဒီယာဂျာနယ်
မကွေးတိုင်းဒေသကြိးရွေပန်းကျေး
ရွာမှာစာသင်ကျောင်းပြင်ဆင်ဆောက်လုပ်
ရာတွင်ကျေးရွာသူရွာသားများကို လုပ်အား
ဒါနပေးရမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှ အသံချဲ့စက်ဖြင့်တစ်ညနှစ်ကြိမ်၂၂.၁.၂၀၁၅မှ
၂၆.၁.၂၀၁၅နေ့နနက်ထိအောင်မြေကျင်
တူးခိုင်းပါသည်။

နိုင်ငံတော်မှကျောင်းပြင်စရိတ်သိန်းပေါင်း(၁၅၀) ကျပ်ချထားပေးတယ်လို့ ကျွန်တော်တို့ကျေး
ရွာသားတွေကြားရတယ်၊ ဘာကြောင့်
လုပ်အားပေးခိုင်းတာလဲ၊ အခုလိုကျေးရွာအုပ်
ချုပ်ရေးမှူးက လုပ်အားပေးခိုင်တာကို မြို့နယ်မှတာဝန်ရှိသူများ သိရှိစေရန်နှင့်နိုင်ငံတော်အကြီးအကဲ
များသိရှိစေရန်တင်ပြအပ်ပါသည်။

ပေးပို့သူများ
၁။ဦးသော်အောင်
၂။ဦးနိုင်ဦး
၃။ဦးဌေးဌေး
၎။ဦးမျိုးမင်းဦး
ကျွန်တော်တို့အားလုံးမှာ ရွေပန်းကျေးရွာသား
များဖြစ်ကြပါသည်၊ ကျေးရွာအုပ်ချုပ်ရေး
မှူးဦးမောင်ဌေးထံသို့ မေးမြန်နိုင်ပါသည်။

Friday, January 30, 2015

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်လေအိမ်တရိတ္ဈန်နွားပွဲဈေးမှနွားများတရားဝင်/တရားမ၀င်နွားများဝင်ရောက်ခြင်းနှင့်တရားဝင်/တရားမ၀င်နွားများ/နယ်ကျော်/တိုင်းကျော်/နယ်အတွင်းရောင်းဝယ်သယ်ဆောင်ခြေလျှင်မောင်း

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်လေအိမ်တရိတ္ဈန်နွားပွဲဈေးမှနွားများတရားဝင်/တရားမ၀င်နွားများဝင်ရောက်ခြင်းနှင့်တရားဝင်/တရားမ၀င်နွားများ/နယ်ကျော်/တိုင်းကျော်/နယ်အတွင်းရောင်းဝယ်သယ်ဆောင်ခြေလျှင်မောင်း
နှင်ခြင်းနှင့်ကားများဖြင့်သယ်ဆောင်ခြင်းများဖြစ်ပေါ်လျှက်ရှိသည်
အဆိုပါဖြစ်စဉ်များရှိနေကြောင်းသိရှိရ၍၂၀၁၅ခုနှစ်
ဇန်န၀ါရီလ၂၄ရက်ညနေ၄နာရီအချိန်ခန့်တွင်နတ်
မောက်မြို့နယ်ရွာမွန်ကျေးရွာနှင့်ညောင်ပေါက်ကျေး
ရွာကြားရေကြော်အနီးတွင်လူတစ်ဦးလျှင်နွား၅ကောင်၎ကောင်နှုံးအတွဲလိုက်မောင်းနှင်နေသောလူ၁၀ဦးအားတွေ့ရှိရသည်
အဆိုပါတွေ့ရှိချက်အာနတ်မောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဖုန်းနံပါတ်06369092သို့ဆက်သွယ်မေးမြန်းရာ
ရဲတပ်ကြပ်ကြီးစောလွင်ဦးကမြို့နယ်မှူးရဲမှူးစိုးမြင့်လွင်ထံသတင်းပို့ပေးမည်ဖြစ်ကြောင်းပြောကြားသည်
ထိုနေရာမှ၂မိုင်ခန့်အကွာကန်ကြီးကုန်းရေကျော်မှထပ်မံ၍မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ဆက်သွယ်မေးမြန်းရာရဲတပ်ကြပ်ကြီးစောလွင်ကမြို့နယ်ရဲတပ်မှူးမှရွှေပန်း
တောရဲစခန်းသို့အဆိုပါနွားများအားစစ်ဆေးရန်ညွန်
ကြားထားကြောင်းပြောကြားသည်
ကန်ကြီးကုန်းရေကျော်မှတ်တိုင်အနီးဦးချက်ကြီးတဲခြံဝန်းအတွင်းနွားအတွဲလိုက်မောင်းနှင်သူများကနွားအ
ကောင်ရေ(၅၀)ခန့်အားဝင်ရောက်နားနေချိန်ရွှေပန်း
တောနယ်မြေရဲစခန်းမှရဲတပ်သားတစ်ဦးကိုနွားမောင်းသယ်ဆောင်သူလူအများကြားတွင်တွေ့မြင်ရသည်
ထိုနေ့ည(၁၀)နာရီမီနစ်(၃၀)အချိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲမှူးစိုးမြင့်လွင်အားနွား၁၅ကောင်သည်တပ်မတော်ဆီသွပ်စက်ရုံသို့ပို့ဆောင်မည်ဖြစ်ကြောင်းတရားဝင်
ဝယ်ယူသယ်ယူခွင့်ရှိကြောင်းအထောက်ထားမပြပြော
ကြားသည်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့နွားပွဲဈေးတာဝန်ကျ
ဝန်ထမ်းဦးဆယ်အောင်ကနွားအကောင်(၂၀)တာမိတ္ထီလာမြို့နေဦးကာစင်ဝယ်ယူသွားကြောင်းပြောသည်
လေးအိမ်တရိတ္ဈန်နွားပွဲဈေးလုပ်ငန်းလိုင်စင်ရဒေါ်ခိုင်ယဉ်မိုးခင်မွန်းကဦးကာစင်နွားအကောင်(၂၀)၀ယ်ယူသွားကြောင်းပြောကြားသည်
တွေ့ရှိရသောနွားအတွဲလိုက်အမှတ်သားပါအကောင်ရေမှာ(၅၀)ကောင်ခန့်ဖြစ်သည်
နတ်မောက်။ပျော်ဘွယ်ကားလမ်းရေငံကျေးရွာလမ်းခွဲတွင်အမှတ်အသားမပါနွားအတွဲလိုက်(၁၅)ကောင်
တွေ့ရှိရသည်
အဆိုပါပြောဆိုချက်များနှင့်နွားများမှာကိုက်ညီမှုမရှိ
သည်မှာသံသယဖြစ်စရာအကြောင်းဖြစ်၍တာဝန်ရှိသူများကိုယ်တိုင်နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်လေးအိမ်နွားပွဲဈေးအားစစ်ဆေးဆောင့်ကြည့်သင့်သည်
တာဝန်ရှိသူများတိတ်တဆိတ်လျှို့ဝှက်ဝင်ရောက်စစ်
ဆေးပါကအဖြေမှန်ရရှိနိုင်သည်
နတ်မောက်သားမြွေဟောက်