This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 30, 2015

(၆၈)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘင်းချောက်တံတားဖွင့်ပွဲကျင်းပ


စေတုတ္တရာ       ဒီဇင်ဘာ      ၃၁
၂၀၁၆-ခုနှစ်၊(၆၈)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက် နဘင်းချောက်တံတား ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက် (၉)နာရီက အဆိုပါ တံတားမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ စီစဉ်ဆောင်ရွက် သည့် နဘင်းချောက်တံတားဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်လှိုင်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဟန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ နဘင်းချောက် တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ နဘင်းချောက်တံတားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် (၁၈)ပေ၊ အကျယ်(၂၀)ပေရှိပြီး  စေတုတ္တရာမြို့၊တောင်ခေတ္တရာရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ လူဦးရေ(၁၂၀၀)ကျော် တို့နှင့် ကျောင်းသား/ကျောင်းသူများ သွားလာရအဆင်ပြေချောမွေ့စေရန် တိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၅၀) အကုန်အကျခံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ


မကွေး     ဒီဇင်ဘာ     ၃၀
မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မောင်မယ်သစ်လွင် များအား ပါမောက္ခချုပ်၊ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမကြီးများ၊ စီမံခန့်ခွဲရေး အရာရှိများနှင့် မိတ်ဆက်ကြိုဆိုခဲ့သည်။
အခမ်းအနားတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဒေါက်တာခင်မောင်ဦးက  မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကိုရင်ဆိုင်နိုင်မည့်  အစဉ်လေ့လာသင်ယူနေ သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု  ဖြစ်ထွန်းလာစေမည့် မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့် မကွေးတက္ကသိုလ် ရည်မှန်းချက်ဖြစ်တဲ့  မျိုးဆက်သစ် လူငယ်များ၏ ဘ၀မြှင့်တင်နိုင်ရေးအတွက် ခေတ်မီတိုးတက်သော အဆင့်မြင့် ၀ိဇ္ဇာ၊သိပ္ပံပညာရပ် တို့ကို မိမိတို့ တိုင်းဒေသကြီးအတွင်း၌ လေ့လာဆည်းပူး သင်ယူပြီး သုတေသနပြုလုပ်နိုင်ရန်တို့နှင့် ပတ်သက်၍  ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ၀ိဇ္ဇာဘာသာရပ်များ ကိုယ်စား ပထ၀ီဌာန၊ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်ခင်မာချိုက ၀ိဇ္ဇာပညာရပ်များဆိုင်ရာနှင့်သိပ္ပံဘာသာရပ်များကိုယ်စား သတ္တဗေဒဌာန ပါမောက္ခ (ဌာနမှူး)ဒေါက်တာမောင်မောင်တာက သိပ္ပံပညာရပ်များဆိုင်ရာတို့၏ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး မကွေးတက္ကသိုလ် စာကြည့်တိုက်မှူး ဒေါ်ခင်နှင်းယုမှ စာကြည့်တိုက် အသုံးပြုပုံနှင့်ပတ်သက်၍ အကျယ်တ၀ံ့ ရှင်းလင်းပြောကြားခဲ့သည်။
မကွေးမြို့၌ ၁၉၅၅ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် မကွေးဥပစာကောလိပ်ကို စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် မကွေးကောလိပ်ဟုအမည်ပြောင်းလဲခဲ့သည်။၁၉၈၂ ခုနှစ်တွင် မကွေးဒီဂရီကောလိပ်အဖြစ် ပြောင်းလဲသတ်မှတ်ကာ ၁၉၉၄ ဒီဇင်ဘာ(၂၀)ရက်နေ့တွင် မကွေး တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး (၁၇)ကြိမ်မြောက် ဘွဲ့နှင့်သဘင်ကို မကွေးတက္ကသိုလ် ဘက်စုံခန်းမသစ်တွင်ကျင်းပခဲ့ကြောင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ မကွေးတက္ကသိုလ် ပထမနှစ် ကျောင်းသား ကျောင်းသူ နှစ်ထောင်ကျော် တက်ရောက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း  သိရသည်။
သန်းနိုင်ဦး(ငဖဲ)

ဓမ္မစကူးဖောင်ဒေးရှင်းမူလတန်းဆရာဖြစ်သင်တန်းဖွင့်လှစ်ပို့ချလျှက်ရှိ


တောင်တွင်းကြီး                        ဒီဇင်ဘာ                                          ၃၀
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့သီရိမင်္ဂလာတိုက်သစ်ပရိယတ္တိစာသင်တိုက်၌နိုင်ငံတော်မှအားထားရသည်သာကောင်းရတနာlသမီးကောင်းရတနာများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ဗုဒ္ဓတရားတော်များကိုစနစ်တကျ
သင်ကြားပေးမည့်ဓမ္မစကူးကျောင်းများနိုင်ငံအနှံဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် (၄၅၅ )ကြိမ်မြောက်ဓမ္မစကူးဖောင်ဒေးရှင်းမူလတန်းဆရာဖြစ်သင်
တန်းကိုဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ၇ ရက်ကြာမျှသင်ကြားပို့ချ
သွားမည်ဖြစ်ကြောင်းသိရသည်။
           အဆိုပါသင်တန်း၌မြို့ပေါ် ၁၀ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှဆရာ
ဆရာမများတက်ရောက်ကြပြီးဓမ္မစကူးဖောင်ဒေးရှင်းရန်ကုန်မှနည်းပြဆရာမ
ဒေါ်အေးအေးလွင်ဦးစီးသည့်သင်တန်းနည်းပြများက ကလေးဗဟိုပြုချဉ်းကပ်
နည်းများကိုစာတွေ့လက်တွေ့သင်ကြားပို့ချလျှက်ရှိကြောင်းသိရသည်။

      နိုင်ဝင်း

ပရိတ်ကြီး(၁၁)သုတ် ပါဠိတော်(အာဂုံ)ရွက်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ


မကွေး     ဒီဇင်ဘာ     ၂၉
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၅ ခုနှစ် (၁၆)ကြိမ်မြောက် ဗုဒ္ဓဒေသနာတော် ပရိတ်ကြီး(၁၁)သုတ် ပါဠိတော်(အာဂုံ)ရွက်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ မြသလွန်စေတီ မဟာဝိဇယရံသီ မှန်ကျောင်းဆောင်၌ ကျင်းပရာ တက်ရောက်လာဧည့်ပရိသတ်များနှင့်ဝတ်အသင်းအဖွဲ့များက  နမောတဿ(၃)ကြိမ်ရွက်ဆိုပူဇော်ကန်တော့ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဌာနဆိုင်ရာဝတ်အသင်းအဖွဲ့များ၊ ရပ်ကွက်ပေါင်းစုံနှင့် အခြေခံပညာ ကျောင်းများမှဝတ်အသင်းအဖွဲ့များ စုစုပေါင်း(၃၂)သင်း ရွက်ဆိုပူဇော်မှုပြိုင်ပွဲ ၀င်ခဲ့ကြပြီး ဌာနဆိုင် ရာ ၀တ်အသင်းများမှ ပ၊ဒု၊တနှင့်ဂုဏ်ပြုဆုများ ရရှိသည့် အသင်းများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့်က ဆုချီးမြှင့်ပေးအပ်ခဲ့ကာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များက ရပ်ကွက်များနှင့် အခြေခံပညာ ကျောင်းများမှ ပ၊ဒု၊တနှင့်ဂုဏ်ပြုဆုများ ဆုရရှိသည့် ၀တ်အသင်းအဖွဲ့များအား ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ဗုဒ္ဓဒေသနာတော် ပရိတ်ကြီး(၁၁) သုတ်ပါဠိတော်(အာဂုံ) ရွက်ဆိုပူဇော်မှုပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုအကြိမ်တွင် (၁၆) ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

တို့မောင်နှမ(အဖွဲ့)မှ ကူညီပံ့ပိုးမှုဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ


ပွင်းဖြူ       ဒီဇင်ဘာ       ၂၉
၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်-ပွင့်ဖြူမြို့နယ် တို့မောင်နှမ(အဖွဲ့)မှ ကူညီပံ့ပိုး မှုဖြင့် စုံညီပွဲတော်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူမြို့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေမှ အလေးပြုခံစင်မြင့်တွင် နေရာယူပြီး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အုပ်စုများအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်း သူ အားကစား မောင်မယ်များမှ ချီးတက်အလေးပြု၍ အားကစားကွင်းအတွင်း သတ်မှတ်နေရာများတွင် စနစ်တကျ နေရာယူကြပါသည်။ထို့နောက် အားကစားပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ် အိုလံပစ်အလံကို လူရည်ချွန် ကျောင်းသူ(၂)ဦး မှ တင်ပေးပြီး၊ မင်းဘူးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခိုင်မာလာမှ အဖွင့်အမှာစကားပြောကြာခဲ့သည်။၎င်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး အ.ထ.ကပွင့်ဖြူကျောင်း မှ ဘင်ခရာတပ်ဖွဲ့နှင့် အတူ ကျောင်းသူလေးများမှ ပန်းပွားအကဖြင့်ဖျော်ဖြေကပြခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ စုံညီပွဲတော်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၄)ကျောင်းမှ အုပ်စု(၂၀)ဖြင့် ကျောင်းသား/ကျောင်းသူ (၅၄၅)ဦးမှ အခြေခံ ပညာ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစားများကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
တို့မောင်နှမ (အဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက  မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးနှစ်မြုပ်၍ ရေဘေးသင့်ခဲ့ သော ပွင့်ဖြူမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူလေးများ စိတ်ဓါတ် နိုးကြား တက်ကြွလာပြီး ကာယ/ညာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ဘက်စုံထူးချွန်းသော ကျောင်းသား/ကျောင်းသူ လူရည်ချွန်မောင်မယ်များ ပေါ်ပေါက်လာစေရန် အတွက် အဘက်ဘက်မှ ပံ့ပိုးကူညီ၍ ပညာရေးဌာနနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း  မြေလတ်ဂျာနယ်သို့ ပြောကြားခဲ့သည်။
တင်ထွန်းဦး(ပွင့်ဖြူ)

မင်းဘူးမြို့ နဂါးပွက်တောင်(ရွှံမီးတောင်)ပုံမှန် အခြေအနေတွင် တည်ရှိ


မင်းဘူး     ဒီဇင်ဘာ    ၃၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိသော နဂါးပွက်တောင် (ရွှံမီးတောင်)သည် ဂျာနယ်အချို့တွင် ဖော်ပြရေးသားထားသည့် ရွှံမီးတောင်တစ်ခု ထပ်မံထွက်ပေါ်ခြင်းမရှိဘဲ ပုံမှန် အခြေအနေအတိုင် ဆက်လက်တည်ရှိလျက်ရှိသည်။
နဂါးပွက်တောင်သာယာလှပရေးအဖွဲ့ဝင် ဦးကျော်ခိုင်လင်းမှ  တောင်မကြီးအပါအ၀င် ရွှံမီးတောင်ငယ် စုစုပေါင်း (၁၆)ခုမှာ ယခင်ကာလများကပင် ပေါ်ထွက်လျက်ရှိရာ ထပ်မံထွက်ပေါ်ခြင်းမရှိကြောင်း၊နဂါးပွက် တောင် ပရ၀ဏ်အတွင်း ရွှံစေးချော်ရည်များစိမ့်ထွက်သည့် တွင်းငယ်အချို့ ရံဖန်ရံခါ တွေ့ရှိရပြီး တစ်လအတွင်း ပြန်လည်ပိတ်ဆို့သွားတတ်ကြောင်း၊ထူးခြားသည့် ရွှံမီးတောင် ထပ်မံထွက်ပေါ်ခြင်းမှာ မဟုတ်မမှန်ပါကြောင်း
ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ မင်းဘူးမြို့ နဂါးပွက်တောင်သို့ မြန်မာနိုင်ငံအတွင်းဘုရားဖူးလာပြည်သူများ၊စိတ်ပါဝင်စားသူများ နှင့် နိုင်ငံခြားသား ခရီသွားဧည့်သည်များ နေ့စဉ်လာရောက်၍ ကြည့်ရှု လေ့လာနေလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

Tuesday, December 29, 2015

၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြုဘောလုံးပြိုင်ပွဲကျင်းပ


တောင်တွင်းကြီး                    ဒီဇင်ဘာ                                           ၂၉
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ဦးသန်းဝင်းနှင့်မြို့နယ်အားကာကော်မတီတိုပူးပေါင်း၍(၆၈)နှစ်မြောက်
လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့်အသက် ၁၅ နှစ်အောက်
လူငယ်ဘောလုံးပြိုင်ပွဲ(ဖူဆယ်)ကိုဒီဇင်ဘာ ၂၉ ရက်နေ့နံနက် ၈ နာရီက
ရန်ပယ်ပြည်သူအားကစားကွင်းကြီး၌ဖွင့်ပွဲကျင်းပသည်။
             အဆိုပါပြိုင်ပွဲတွင်မြို့ပေါ်(၁၀)ရပ်ကွက်မှအသင်းပေါင်း ၁၂ သင်းဝင်
ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ဖွင့်ပွဲအဖြစ်တောင်ပြင်(၁)ရပ်ကွက်အသင်းနှင့်
တောင်ပြင်(၂)ရပ်ကွက်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြကြောင်းဆုရရှိသည့်အသင်းများအား(၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင်ဆုများကိုပေးအပ်ချီမြင့်သွားမည်ဖြစ်ကြောင်းသိရသည်။
      နိုင်ဝင်း

နတ်​​မောက်​မြို့၌(၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အားဂုဏ်​ပြုခြင်းအထိမ်းအမှတ်​စာ​ပေ​ဟော​ပြောပွဲပြုလုပ်​မည်


နတ်​​မောက်​            ဒီဇင်​ဘာ၂၉
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့၌(၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အားဂုဏ်​ပြုခြင်းအထိမ်းအမှတ်​စာ​ပေ​ဟော​ပြောပွဲကိုဇန်​နဝါရီ၎ရက်​ည​နေ၇နာရီတွင်​ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်​ကွင်းတွင်​ကျင်းပမည်​ဖြစ်​သည်​။အဆိုပါစာ​ပေ​ဟော​ပြောမည့်​ဆရာဇင်​​ယော်​နီ၊ဆရာနိုင်​မြန်​မာနှင့်​ဆရာ​နေစက်​ကြာနိုင်​တို့ဖြစ်​၍မြန်​မာနိုင်​ငံသတင်းစာဆရာအသင်း(မ​ကွေး)အမူ​ဆောင်​နတ်​​မောက်​သား​မြွေ​ဟောက်​နှင့်​စာ​ပေချစ်​သူများမှဦး​ဆောင်​ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် ပြေးခုန်ပစ်ပြိုင်ပွဲ

၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် ပြေးခုန်ပစ်ပြိုင်ပွဲ ကို မကွေးခရိုင် အားကစားကွင်းတွင် ဒီဇင်ဘာ (၂၆)ရက်မှ (၂၈) ရက်နေ့ထိ    စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယနေ့နံနက်တွင် ပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲ ဆောင်ရွက်စဉ်။
သန်းနိုင်ဦး(ငဖဲ)

ကြံသီးနှံ တစ်ဆစ်ခြင်း စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ


ကံမ      ဒီဇင်ဘာ     ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ဓမ္မသော်ကျေးရွာတွင် ကြံသီးနှံ တစ်ဆစ်ခြင်း စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြသပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်သူ ဦးသောင်းညွန့်၏(၂)ဧကစိုက်ပျိုး ခင်းအတွင်း ကျင်းပရာ စိုက်ပျိုးရေးဦးစီိးဌာန(စက်မှု့သီးနှံ)ဒုတိယတိုင်းဦးစီးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်  မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန(စက်မှု့သီးနှံ)ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်လွင်က ကြံသီးနှံစိုက်ပျိုးရေးဆိုင်ရာ များကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (စက်မှု့သီးနှံ)မှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်က ကြံသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု့ တိုးတက်ရေးဆိုင်ရာများ၊ကြံသီးနှံ တစ်ဆစ်ချင်း စိုက်ပျိုးနည်းစန်စနှင့် ကြံသီးနှံ တစ်ဧက အထွက်တိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် တောင်သူများအား တောင်သူဦးသောင်းညွန့်စိုက်ပျိုးထားသည့် ကြံသီးနှံ တစ်ဆစ်ခြင်း(၂)ဧကစိုက်ပျိုးထားရှိ မှု့အား လက်တွေ့ ကွင်းသရုပ်ပြသပြီး ရှင်းလင်းဆွေးနွေးပေးခဲ့ရာ တောင်သူများ အထူးစိတ်ဝင်စားလျက်ရှိပြီး စိုက်ပျိုးနည်းစန်စနှင့်ပတ်သက်၍ တောင်သူများသိရှိလိုသည့် မေးမြန်းမှုများအား တာဝန်ရှိသူများက သဘောပေါက် နားလည်အောင် လက်တွေ့ သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)

အောက်ပုံ-စေတုတ္တရာ ကျောက်ချောလမ်း သစ်ဖွင့်ပွဲကျင်းပ


စေတုတ္တရာ       ဒီဇင်ဘာ    ၂၉
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပ.ဆ.င(စိတ်ပါဝင်ကြေး) ရန်ပုံငွေဖြင့် ဆောင်ရွက်သော အောက်ပုံ-စေတုတ္တရာ  ကျောက်ချောလမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီက အဆိုပါလမ်းသစ် မုခ်ဦးရှေ့ တွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်လှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသက်ခိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားပါသည်။ထို့နောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိမှ အောက်ပုံ-စေတုတ္တရာ ကျောက်ချောလမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်းပြောကြားကာ  အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ကျောက်ချောလမ်း သစ်တစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
အောက်ပုံ-စေတုတ္တရာဆက်သွယ်သည့်လမ်းသည် ယခင်က မြေသားလမ်းဖြစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပ.ဆ.င (စိတ်ပါဝင်ကြေး) ကျပ်သန်း(၁၀၀)မှ ခွင့်ပြုရန်ပုံ ငွေ ကျပ်(၃၈ ဒဿမ ၅၀)သန်းဖြင့် လမ်းအရှည် တစ်မိုင် (၃)ဖာလုံ အား (၁၈)ပေအကျယ်၊ (၈)လက္မ ထုဖြင့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စေတုတ္တရာ မြို့နယ်အတွင်း  ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း(၁၀၀)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း(၃၈)ခု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေကျပ်သန်း(၂၀)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း(၃)ခု၊ ပ.ဆ.င (စိတ်ပါဝင်ကြေး)ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း(၁၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း (၁၁)ခု၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း (၂)ခု၊ စုစုပေါင်း လုပ်ငန်း(၅၄)ခုအား ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၃၀)ဖြင့် ဆောင်ရွက်ပေးခဲ့သည်။
အောက်ပုံ-စေတုတ္တရာ တစ်ကြောင်းထိုးမြေသားလမ်းဖောက်ခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ ချရေးလုပ်ငန်း ရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉ ဒဿမ ၅)သန်းဖြင့် မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ (၁၂)ပေအကျယ်ဖြင့် ဖောက်လုပ်ပေးထားခဲ့ပြီး ယခုအခါ ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောရွက်ပေးနိုင်ခဲ့သဖြင့် အောက်ပုံ၊အလယ်ပုံ၊ အောင်း၊ ကုန်းတလား၊ကျေးရွာများရှိ အိမ်ခြေ/အိမ်ထောင်စု(၃၆၄)အိမ်၊ လူဦးရေ(၁၅၄၁)ဦး နှင့် မုန်းလျှပ်စစ်ဓါတ်အားခွဲရုံများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ  ရာသီမရွေး သွားလာနိုင်ပြီဖြစ်ရာ ဒေသခံပြည်သူများ၏ လူမှုရေး၊စီးပွားရေး၊ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(ပွင့်ဖြူ)

Monday, December 28, 2015

ဆိုက်ကယ် အရှိန်မထိန်းနိုင်ဘဲ ထော်လာဂျီအားနောက်မှ ၀င်တိုက်မိမှုဖြစ်ပွား


တောင်တွင်းကြီး     ဒီဇင်ဘာ      ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား ရွာအနီး ချောင်းနက်-နေပြည်တော်သွားကားလမ်း မိုင်တိုင်အမှတ် ၆၃/၄ နှင့် ၆၃/၅ အကြားတွင် ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ(၃)နာရီ (၅၀)မိနစ် အချိန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ချောင်းနက်ကျေးရွာမှ နေပြည်တော်သို့ တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေသူ မိုးသီဟထက် (၂၂)နှစ် မောင်းနှင်လာသော ၄၂ယ/xxxx ၊ YAMASTAR 110 အနက်ရောင် ဆိုင်ကယ် သည် ရှေ့တွင် မောင်းနှင်နေသော တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေသူ မျိုးမင်းစိုး (၂၂) နှစ်မောင်းနှင်သည့် ၉ဌ/xxxxx လေးလုံးထိုး ထော်လာဂျီ အပြာရောင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက် တိုက်မိသဖြင့် မိုးသီဟထက်တွင် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မိုးသီဟထက်အား တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ အမှုရေးဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

မောင်ညီညာ(မြေလတ်)

ဥတ္တမသီရိခန်းမဆောင်သစ်ပေးအပ်ပွဲကျင်းပ


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကုလားရှင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဥတ္တသီရိခန်းမ ဆောင်သစ် ၊ ရေလောင်းအိမ်သာ၊ အုတ်တံတိုင်း၊မုခ်ဦးဆိုင်းဘုတ် ၊ သံပန်းတခါးပေးအပ်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက် (၈)နာရီခွဲတွင် ကျင်းပကြောင်းသိရသည်။
ရှေ့ဦးစွာ မနေသူခကာရီ အုဠ်ကျောင်းဆရာတော် ဦးဥတ္တမသာရ၊ တိုင်းဒေသကြီးအစိုးရလူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တိုင်းပညာရေးမှူး ဦးမြင့်သိန်း တို့မှ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ခန်းမဆောင်သစ်အတွင်းတွင် ကျောင်းသားကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီးဆရာတော်ဦးဥတ္တမသာရမှ ကျောင်းခန်းမဆောင်သစ် လှူဒါန်းရခြင်းနှင့် ပါတ်သက်၍ အနုမောဓနာစကားမြွက်ကြွားခဲ့ကြောင်းသိရသည်။
ကျောင်း၏သမိုင်းအကျဉ်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစိုးမှ ရှင်းလင်းပြောကြားသည်။ ထို့နောက်ခန်းမဆောင်သစ် အလှူရှင် ဦးကျော်စိုးမိုး(စိမ်းမြန်မာလင်းကျောက်မျက်ကုမ္ပဏီ)မှ ခန်းမဆောင်သစ်နှင့် ပါတ်သက်သောစာရွက်စာတမ်းများအား ခရိုင်ပညာရေးမှူးထံပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါခန်းမဆောင်သစ်မှာ အလျား ၁၀၅ ပေ၊ အကျယ် ၃၃ ပေ၊ အုတ်တံတိုင်း(၆၆)ခန်း၊ ရေလောင်းအိမ်သာ(၁၀)လုံး၊ တန်ဖိုးငွေကျပ် သိန်း(၅၄၅)သိန်း ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဒေသခံပြည်သူများဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အလှူရှင်မိသားစုများ တက်ရောက်ကြကြောင်းသိရသည်။
နတ်မောက်သားမြွေဟောက်