မကွေး ဒီဇင်ဘာ
၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်များအတွက် CNJ မီးသတ်ရေ သယ်ယာဉ်(၃၁)စီးနှင့်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဇော်လင်းအောင်၊
တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊တိုင်းအဆင့်ဌာနဆိုင်ရာများ၊မိခင်ကလေး၊အမျိုးသမီးရေးရာ၊ကြက်ခြေနီနှင့်
စက်မှုလုပ်ငန်း ရှင်များ၊ကုန်သည် ကြီးများအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊သန္ဓေနှင့်အရန်မီး
သတ်တပ်ဖွဲ့ ၀င်များ အင်အား ၅၀၀ ကျော်တက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားပြီး
မကွေးခရိုင်၊ပခုက္ကူခရိုင်၊ဂန့်ဂေါ ခရိုင်များသို့လည်းကောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ
သရက်ခရိုင်၊ မင်းဘူးခရိုင်များသို့လည်းကောင်း မီးသတ်ရေသယ်ယာဉ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများအား
လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထိုနောက် တိုင်းဒေသကြီးမြို့နယ်များကိုယ်စား မကွေးမြို့မှ
မြို့မိမြို့ဖ ဦးထွန်းဆိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
CNJ မီးသတ်ရေသယ်ယာဉ်(၃၁)စီး လွှဲပြောင်းပေးအပ်ရာတွင် အဆိုပါမီးသတ်ရေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊မီးငြိမ်းသတ်ရေးကိရိယာများ၊ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ
အသုံးပြု၍ သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment