Wednesday, December 31, 2014
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ပေါက်မြို့နယ်မှ နားမကြားလူနာများအား အခမဲ့ ခွဲစိတ်ကုသပေး
မကွေး     ဒီဇင်ဘာ     ၃၀
          မကွေးတိုင်းဒေသကြီးဆေးရုံကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း  ပေါက်မြို့နယ်မှ နားမကြားသူများအား ခွဲစိတ်ကုသပေးမှု အား ယနေ့ ညနေ ၄ နာရီကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
          ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီးဆေးရုံကြီး  နား၊နှာခေါင်းခွဲစိတ်ဆောင်တွင် မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်မှ နားရောဂါဝေဒနာရှင်များမှ အကြီးစား ခွဲစိတ်ကုသမှုပြီးစီးသော  လူနာရှင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေ သကြီးကျန်းမာရေးဦးစီိးဌာနမှူးနှင့်နားခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာစိမ်းလဲ့သွင်တို့မှ လူနာအလိုက်  ခွဲစိတ်ဆောင်ရွက်ထားမှုအခြေအနေ ပြန်လည်တိုးတက်လာမှုအခြအနေတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝန်ကြီးများက လူနာများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် ခဲ့သည်။
          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်သူများ၏လူမှုစီးပွား ဘ၀မြှင့်တင်ရေးအတွက် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးများကို စောင့်ရှောက်ပေးလျက်ရှိရာ ပေါက်မြို့နယ်မှ နားမကြားလူနာများအား တိုင်းဒေသကြီးဆေးရုံကြီးသို့ ခေါ်ဆောင်၍  အခမဲ့ခွဲစိတ်ကုသပေး ရာ အကြီးစားခွဲစိတ်မှု(၁၁)ဦး အသေးစားဆောင်ရွက်သူ(၁၇)ဦး နားကြားကိရိယာတပ်ဆင်သူ(၉)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment