Sunday, December 28, 2014

ပခုက္ကူ အ.ထ.က(၁) ၂၆ ကြိမ်မြောက် အာစရိယပူဇော်ပွဲဆင်နွှဲ

ပခုက္ကူမြို့ အ.ထ.က(၁) ယခင် ( BTR) ကျောင်းသားကျောင်းသူများ၏ (၂၆)
ကြိမ်မြောက် အာစရိယပူဇော်ပွဲသဘင်ကို ဒီဇင်ဘာ ၂၅ ရက်နေ.တွင်စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အထက (၁) ကျောင်းကြီးသည်ပခုက္ကူမြို.နယ်၏မီးရှုးတန်
ဆောင်ကျောင်းတော်ကြီးလည်းဖြစ်သည်။သည်ကျောင်းတော်ကြီးကနေ စစ်ဗိုလ်ချုပ်တွေ၊ဆရာဝန်
ကြီးတွေ၊လွှတ်တော်ကိုယ်စားလည်ကြီးတွေ၊နိုင်ငံသားကောင်းရတနာတွေမြောက်များစွာမွေးထုတ်
ပေးခဲ့တာပါ ဟုအသက် ၅၀ ကျော်ကျောင်းသားကြီးတစ်ဦးကပြောသည်။

အထကကျောင်းကြီး
သည်အင်္ဂလိပ်လက်ထက်ကပင်ပေါ်ပေါက်ခဲ့ပြီးယနေ.တိုင်ပညာထူးချွန်သောလူငယ်မောင်မယ်များ
စွာမွေးထုတ်ပေးနေဆဲဖြစ်သည်ဟုသိရသည်။ ၂၀၁၄ ခုနှစ်တွင်အပူဇော်ခံဆရာကြီး ၆၆ဦး
ဆရာမကြီး ၁၀၇ ဦးစုစုပေါင်း ၁၇၃ ဦးအား တစ်ဦးလျှင်တစ်သိန်းနီးပါးပူဇော်ကန်တော့နိုင်ခဲ့
ကြောင်းသိရသည်။ အသက် ၈၀ နဲ. ၉၀ ကျော်ဆိုရင်တစ်သိန်းကျော်ကန်တော့နိုင်ခဲ့ပါတယ်
ဟုကျောင်းသားကြီးတစ်ဦးကပြောသည်။ ၁၉၈၆ ခုနှစ် ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ရာ
အပူဇော်ခံဆရာ၊ဆရာမ ၂၃ ဦးအားတစ်ဦးလျှင် ကျပ် ၃၀ဝ နှင့်ကန်တော့ခဲ့ရာမှ ယနေ.ခေတ်
တွင် ကျပ် တစ်သိန်းဝန်းကျင်ကန်တော.လာနိုင်ခဲ့ကြောင်းသိရှိရသည်။

နေဦးမောင်(ပခုက္ကူ)

0 comments:

Post a Comment