Sunday, December 28, 2014

နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လေးအိမ်နွားပွဲဈေးတွင်နွားများကို ကာကွယ်ဆေး အခမဲ့ထိုးပေး

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်လေးအိမ်ကျေရွာရှိစည်ပင်သာယာရေးအဖွဲ့ပိုင်နွားပွဲ့ဈေး
တွင်နွားများဖြစ်
တတ်သော ခွာနာလျှာနာ ရောဂါ ၊ ပေါင်ပုတ် ၊ လက်ပုတ်ရောဂါ ၊ ဒေါင့်တန်းရောဂါ ၊ လည်ချောင်းကွဲရောဂါ စသည်
ရောဂါများမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ၂၀.၁၂.၂၀၁၄ ရက်နေ့ နံနက် ၉း၃၀ အချိန်
ဒေါက်တာစိန်လွင် လက်ထောက်ညွှန့်ကြားရေးမှူး ခွာနာ၊လျှာနာရောဂါရှာဖွေရေးဓာတ်ခွဲခန်း နေပြည်တော်။ ဒေါက်တာဝင်းမောင် တိုင်းဦးစီးမှူး ၊ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန။ ဦးဌေးအောင် . မြို့နယ်
အုပ်ချုပ်ရေးမှူး ဒေါက်တာ လှမျိုးသန့် မြို့နယ်ဦးစီးမှူး မွေးမြူရေးနှင့်ကုသရေး . ဦးသိန်းဌေး အမှုဆောင်အရာရှိ
မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ဒေါ်ခိုင်ယဉ်မိုးနွားပွဲဈေးလိုင်စင်စီတို့ပူးပေါင်းအဖွဲ့ဖြင့်နွားပွဲဈေး
အတွင်းထိုကျေးရွာမှနွားလာရောက်ရောင်းဝယ်ကြသောကျေးရွာသူကျေးရွာသားများအားနွားများ
တွင်ဖြစ်တတ်သောရောဂါ
များမဖြစ်ပွားစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့်နွားပွဲဈေးအတွင်းသို့ဝင်းရောက်လာသောနွားများ
အားကာကွယ်ဆေးထိုနှံခြင်းလုပ်ငန်းများအခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းအဆိုပါနွားများ
အားခွာနာလျှာနာမကျ
ရောက်စေရေးအတွက်နတ်မောက်မြို့နယ်အတွင်းရှိနွားများအားကြိုတင်းကာကွယ်ဆေးထိုးပေး
ခြင်းနှင့်ဟောပြော
ပွဲ့များပြုလုပ်သွားမည်ဖြစ်ကြောင်း ရီပိုတာ သိုပြောသည်။

    ကျော်သိန်းဦး ( နတ်မောက်)

0 comments:

Post a Comment