Saturday, December 27, 2014

အရက်သောက်စားပြီး မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိမ်းမှောက်ကာ ဆိုင်ကယ်မောင်းသူသေဆုံး

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက် မြို့နယ်၊ စလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စလေ-မိုလာသွားကားလမ်း မိုင်တိုင် အမှတ် ၅/၄ နှင့် ၅/၅ အကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ မိုလာဘက်မှ စလေဘက်သို့ ချောက်မြို့နယ်၊ မကျီးစောက် (အနောက်)ရွာနေ လက်သမားလုပ်ကိုင်သူ ဦးစိန်သောင်း (၅၄) နှစ်သည် ယာဉ်အမှတ် ၃ဝယ/xxxx BENBO-၁၁ဝ အနက်ရောင်ဆိုင်ကယ်ဖြင့် အရက်သောက်စားမူးယစ်ပြီး နောက်တွင် တစ်ရွာ တည်းနေ ဦးကြည်လင်း(၄၆)နှစ်အား တင်ဆောင်မောင်းနှင်လာရာ စလေ-မိုလာ သွားကားလမ်း မိုင်တိုင်အမှတ် ၅/၄ နှင့် ၅/၅ အကြား တောင်သာလမ်းခွဲအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ ဦးစိန်သောင်းတွင် မေးစေ့ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ် နေရာ တွင် သေဆုံး သွားပြီး နောက်မှစီးနင်းလိုက်ပါလာသူ ဦးကြည်လင်းတွင် အောက်နှုတ်ခမ်း ဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။ 
ဆိုင်ကယ်အား မဆင်မခြင်စီးနင်းမောင်းနှင်သူ ဦးစိန်သောင်း (၅၄)နှစ်အား ချောက်မြို့နယ်၊ စလေ နယ်မြေရဲစခန်း ယာဉ် (ပ)၁၄/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment