Tuesday, December 30, 2014

နိုင်ငံခြားသွားချင်သူတစ်ဦး လိမ်ညာ၍ ကာမရယူခြင်းခံရ တောင်တွင်းကြီးတရားရုံးက ကျူးလွန်သူကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ကျခံစေရန်အမိန့်ချမှတ်လိုက်ပြီဖြစ်ကြောင်းသိရ

ဒါလေးဖတ်ပြီး သင်ခန်းစာယူသင့် နိုင်ငံခြားသွားချင်သူတစ်ဦး လိမ်ညာ၍
ကာမရယူခြင်းခံရ တောင်တွင်းကြီးတရားရုံးက ကျူးလွန်သူကို အလုပ်နဲ့
ထောင်ဒဏ် ၃ နှစ် ကျခံစေရန်အမိန့်ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တရားရုံးက
ကျော်လွင်ဦးကို လိမ်ညာ၍ အလိုမတူဘဲ ဖျားယောင်းသွေးဆောင် ကာမရယူမှုဖြင့်
၂၀၁၄ ခုနှစ်
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် တရားရုံးက
အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း
စုံစမ်းသတင်းရရှိသည်။

ဖြစ်ပုံက ဒီလိုပါ ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက် ညနေ ၃း၀၀ အချိန်ခန့်က
မ.......... ၁၉ နှစ် (ဘ) ဦး........... မောင်းတိုင် ၂ အပိုင်း ၆
ရပ်ကွက်နေသူသည် တောင်တွင်းကြီးမြို့မှ
စလင်းမြို့ရှိ ၄င်း၏မိခင်ဖြစ်သူရှိရာ ဒေါ်............ နေအိမ်သို့
အလည်ရောက်ရှိနေခိုက် မလေးရှားနိုင်ငံသို့ သွားရောက်
အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မ............ အား
ပတ်စ်ပို့ပြုလုပ်ပေးရန် တာဝန်ယူထားသူ ကျော်လွင်ဦး ၃၈ နှစ်
(ဘ)ဦးစိန်ဝင်း ရွာသစ်ကျေးရွာ တောင်တွင်းကြီးမြို့နေသူမှ လေဘာကဒ်
ပြုလုပ်ရန် ရန်ကုန်သို့ သွားရမည်
ဖြစ်ကြောင်း၊ မကွေးသို့လာရန်ခေါ်သဖြင့် မ............ က
မကွေးသို့သွားရောက်ခဲ့ကြောင်း၊ မကွေးမှတဆင့်
ရန်ကုန်သို့လိုက်သွားခဲ့ရကြောင်း ရန်ကုန်ရောက်သောအခါ
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ သီရိမြိုင်တည်းခိုရိပ်သာတွင်
တည်းခိုနေထိုင်စဉ် ကျော်လွင်ဦးမှ ၄င်း၏ယခင်မိန်းမအားကွာ၍ မ.........
နှင့် ရာသက်ပန်ပေါင်းသင်းနေထိုင်
လိုသည့်အတွက် ရန်ကုန်သို့ လိမ်ညာခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြောကာ
သားမယားအဖြစ် အလိုမတူဘဲ ခိုးယူပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊
အိမ်သို့ပြန်ပို့ပေးရန်
ပြောသော်လည်း ပြန်ပို့မပေးဘဲ လှိုင်သာယာမြို့နယ် အမှတ် ၉ ရပ်ကွက်၊
စစ်ကိုင်းလမ်း၊ ဗိုလ်မှူးဆောင်အိမ်ရာ အခန်းအမှတ် ၁၀ သို့ မ.........
အားခေါ်ဆောင်၍
လက်ထပ်စာချုပ်လက်မှတ်ရေးထိုးပေးရန် ခြိမ်းခြောက်ပြောဆိုသဖြင့် ကြောက်၍
ထိုးပေးခဲ့ရကြောင်း ၄င်းနေရာတွင် ၁၄ ရက်ခန့် နေထိုင်ပြီး ကျော်လွင်ဦးမှ
တောင်တွင်းကြီး
မြို့သို့ ငွေပြန်ယူအခိုက် မ....... မှ ရန်ကုန်မြို့မှ မြရတနာကားဖြင့်
စီး၍ မိဘများထံပြန်လာခဲ့ရာ နတ်မောက်မြို့သို့အရောက်တွင် ကျော်လွင်ဦးမှ
ဆိုင်ကယ်ဖြင့် ရောက်လာပြီး
မ......... အား ကားပေါ်မှဆင်းခိုင်းရာ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာမှ
အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ခဲ့ပြီး လက်ထပ်စာချုပ်ထပ်မံပြုလုပ်ကာ
လက်မှတ်ရေးထိုး
ခိုင်းသဖြင့် မ......... မှကြောက်၍ ထိုးပေးခဲ့ရသည်ဆို၏။ ထို့နောက်
၎င်းအားတောင်တွင်းကြီးမြို့သို့ ခေါ်ဆောင်ခဲ့ပြီး ရွှေကြာအင်း ၁ ရပ်ကွက်
တောင်တွင်း-မကွေး ကားလမ်းမ
ဘေးရှိ သစ္စာတည်းခိုခန်းတွင် နေထိုင်စေပြီး အပြင်သို့ အထွက်မခံဘဲ
နေခဲ့ရကြောင်း၊ ဇူလိုင် ၉ ရက်နေ့တွင် ကျော်လွင်ဦး ရေချိုးနေအခိုက်
မ............. မှ ၄င်း၏ဆိုင်ကယ်အား
ယူ၍ တောင်တွင်းကြီးမြို့ မောင်းတိုင် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့
ထွက်ပြေးခဲ့ပြီး ကျော်လွင်ဦးထံမှ ယူဆောင်လာသော ဆိုင်ကယ်နှင့်
ကျော်လွင်ဦးမှ ၀တ်ဆင်ရန်
ပြုလုပ်ပေးထားသော ရွှေလက်စွပ် ၂ ခုအား အပ်ပေးခဲ့ပြီး ဖခင်ဖြစ်သူ
ဦး........... နေအိမ်သို့ ပြန်ခဲ့သည်ဆို၏။ ယင်းနောက် မ............ မှ
၎င်းအား အလိုမတူဘဲ သားမယား
အဖြစ် လိမ်လည် ကာမ ရယူ ခိုးယူပေါင်းသင်းသူ ကျော်လွင်ဦး ၃၈ နှစ် (ဘ)
ဦးစိန်ဝင်း ရွာသစ်ကျေးရွာ တောင်တွင်းကြီးမြို့ နေသူအား ဥပဒေအရ
အရေးယူပေးပါရန်
မ............. က တရားလိုပြုလုပ်တိုင်တန်းခဲ့သည်ဆို၏။ ၄င်းဖြစ်စဉ်နှင့်
ပတ်သက်၍ တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၁၅၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၆ ဖြင့်
အမှုဖွင့်
အရေးယူခဲ့ပြီး အမှုစစ် ဒုတိယရဲအုပ်ကျော်မင်းမောင်က အမှုအား
ခိုင်မာစွာတည်ဆောက်၍ ၄-၈-၂၀၁၄ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်
တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ
တရားရုံးက ပြစ်မှုကြီးအမှတ် ၁၀၅၄/၂၀၁၄ ဖြင့် လက်ခံကြားနာစစ်ဆေးခဲ့ပြီး
ပြစ်မှုထင်ရှားသဖြင့် တရားခံကျော်လွင်ဦးအား တရားရုံးပြစ်မှုထင်ရှားသည့်
ပြစ်မှုပုဒ်မ
၃၆၆ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ၂၉-၁၁-၂၀၁၄ ရက်နေ့တွင်
အမိန့်ချမှတ်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ တာဝန်ခံအယ်ဒီတာ၊ တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

0 comments:

Post a Comment