မကွေး ဒီဇင်ဘာ
၃၁
မကွေးတိုင်းဒေသကြီး မကွေးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း
သားဖွားဒီပလိုမာသင်တန်း (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို
ယနေ့နံနက် ၉ နာရီကမကွေး မြို့တော်ခန်းမ၌ ကျင်းပသည်။
ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး
ဦးအောင်ကျော်မင်းက ပြည်သူလူထု၏ကျန်းမာရေးလိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးရမည့်သူများသည်
သူနာပြု၊သားဖွားမျာဖြစ်ကြောင်း ပြည်သူများကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများဆောင်ရွက်ရာမှာ သားဖွားဆရာမများရဲ့ကဏ္ဍဟာ အရေးကြီးပါကြောင်း ကုသရေးကအရေး
ကြီးသလို ပြုစုစောင့်ရှောက်ရေးကလည်း အေ၇းကြီးကြောင်း ကိုယ်ကျင့်တရားကောင်းမွန်သော သားဖွားများဖြစ်အောင်
ကြိုးစားကြရန်လိုပါကြောင်း၊ ဒီပလိုမာအောင်လက်မှတ်ကို ASEAN Level အသိအမှတ် ပြုခံရအောင်
ဆောင်ရွက်လျက်ရှိကြောင်း ရှေ့ဆက်ကြိုးစားလိုစိတ်ရှိသူတွေအတွက် သားဖွား သိပ္ပံဘွဲ့၊သားဖွားမဟာသိပ္ပံဘွဲ့တွေကို
ပြည်တွင်းမှတင် တက်ရောက်နိုင်အောင် ဖွင့်လှစ်ပးပို့စီစဉ်နေပြီ ဖြစ်ကြောင်း အစကောင်းမှအနှောင်းသေချာ ဆိုတဲ့စကားအတိုင်းယခုမှစပြီး
ထူချွန်ထက်မြက်တဲ့ သားဖွား ဆရာမလေးများဖြစ်စေဘို့ စဉ်ဆက်မပြတ်ကြိုးစားကြရန် အမှာစကားပြောကြားခဲ့သည်။
ထိုနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်ကြီး
ဒေါ်နွယ်နွယ်ချိုကသားဖွားသင်တန်းသူ များအား ဒီပလိုမာလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့သည်။မကွေးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း
၏ (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲဖြစ်ပြီး သင်တန်းသူ(၅၃)ဦးအား
သားဖွား အောင်လက်မှတ် အပ်နှင်းခဲ့ကြောင်း သိရသည်။
အောင်လက်မှတ်ပေးအပ်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူ
များတိုင်းဒေသကြီးဆေးရုံအုပ်ကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်
နည်းပြ ဆရာမများ အောင်လက်မှတ်ရယူကြမည့် သင်တန်းသူများနှင့်မိဘများတက်ရောက်ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment