Sunday, December 28, 2014

ဂေါပကသတ်မှတ်ဈေးနှုန်းထက်ပိုတောင်းလာမှုများအား ကျနော်တို့နှင့်အတူတိုင်တန်းကြပါရန် ဆန့်ကျင်ကြပါရန်လေးစားစွာသိစေအပ်ပါသည်။

Nay Myo Kyaw added 3 new photos.  မှ ကူးယူဖော်ပြပါသည်။
20 hrs ·
ရွှေစက်တော်ဘုရားကြီးကဗုဒ္ဓ၏ဝဲဘက်ခြေ
တော်ရာ၂ဆူကိန်းဝပ်စံပယ်တော်မူရာ
နေရာဌာနကြီးတစ်ခုဖြစ်ပါတယ်။
မြန်မာပြည်အနယ်နယ်အရပ်ရပ်ကဘုရားဖူး
ပြည်သူများလာရောက်ဖူးမျှော်ရာနှစ်စဉ်ဘု
ရားပွဲတော်ကြီးကျင်းပရာနေရာလည်းဖြစ်ပါတယ်
နှစ်စဉ်တပို့တွဲလဆန်း၅ရက်ကနေနှစ်ဆန်း ၁ရက်နေ့ထိရက်ရှည်ပွဲတော်ကြီးကျင်းပလာ
ခဲ့သည်မှာရာစုနှစ်ထက်ဝက်ကျော်လာခဲ့ပြီး
လည်းဖြစ်ပါတယ်။ သို့ပေမယ့်၁၉၈၈နောက်ပိုင်းဘာသာရေးလူမှုရေးကျွမ်းကျင်သူများ
ကဦးဆောင်ခွင့်မရခဲ့ဘဲဂေါပကအဖွဲ့လုပ်ပိုင်ခွင့်စီမံခန့်ခွဲမှုများကိုအုပ်ချုပ်ရေးမှအစဉ်အလာ
များဈေးသည်များဒေသခံများ၏ဆန္ဒများကို
ပစ်ပယ်ခဲ့မှုများနှင့်ပွဲတော်တွင်းစီးပွားရေးလုပ်ငန်းများကိုအာဏာပိုင်များနှင့်နီးစပ်သူများ
အဂတိလိုက်စားမှုများဖြင့်ဝိသမလောဘ
သားများကိုကိုယ်ကျိုးရှာခွင့်များသိလျက်နဲ့
လုပ်ကိုင်ခွင့်ပေးခဲ့မှုများကြောင့်
အထင်ရှားဆုံးမှာ တည်းခိုခန်းခဈေးကြီးမှု
လမ်းကြေးတံတားကြေးဈေးကြီးမှုများနှင့်
ကြုံခဲ့ကြရသည့်အတွက်ဘုရားဖူးများ
စိတ်သောကဖြစ်ရသည့်ပွဲတော်တစ်ခုဖြစ်
လျက်ရှိနေပါသည်။
ကျနော်တို့ဒေသခံများ၁၂ပွဲဈေးသည်များ၏၂နှစ်ကြာအမုန်းခံကြိုးစားမှုကြောင့်
ယခုနှစ်တွင်ဂေါပကအဖွဲ့ပြောင်းလဲပေး
ခဲ့ဖြစ်ပါသည်သို့ပါသော်လည်းအများမကြိုက်
သောလူပုဂ္ဂိုလ်အချို့ထပ်မံပါဝင်လျက်ရှိနေပြန်ပါသည်။


မည်သို့ပင်ဖြစ်စေဘုရားဖူးများနှင့်ဈေးသည်များ
အကျိုးစီးပွားအတွက်ပေါ်ပေါက်လာမည့်
ဂေါပကအဖွဲ့ကိုစောင့်ကြည်၍ပွဲတော်ကြီးသိက္ခာရှိရေးဘုရားကြီးဘက်စုံတိုးတက်ရေးတို့အတွက်ဆက်လက်ကြိုးပမ်းကြမည်ဖြစ်ပါသည်။
ဘုရားဖူးများအားအသိပေးနှိုးဆော်လိုသည်
မှာတည်းခိုခန်းခဈေးနှုန်းများကျဆင်းရေး
အတွက်ကျနော်တို့ဈေးသည်အဖွဲ့နှင့်ဒေသခံများ၏ကြိုးပမ်းမှုများကိုအသိအမှတ်
ပြုသောအားဖြင့်တည်းခိုခန်းခများကို
တောင်းသလောက်မပေးကြရန် ဂေါပကသတ်မှတ်ဈေးနှုန်းထက်ပိုတောင်းလာမှုများအား
ကျနော်တို့နှင့်အတူတိုင်တန်းကြပါရန်
ဆန့်ကျင်ကြပါရန်လေးစားစွာသိစေအပ်ပါသည်။


လူတိုင်းကိုယ့်အခွင့်အရေးအတွက်
ကိုယ်ကိုယ်တိုင်တွင်တာဝန်ရှိသည်ဟု
သတိပေးလိုပါသည်။

0 comments:

Post a Comment