Tuesday, December 30, 2014

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် အပူဇော်ခံပွဲကျင်းပ



မကွေး     ဒီဇင်ဘာ     ၂၉


          မကွေးမြို့ မြတ်သလွန် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တို့ကို စေတီဦးသို့ မတင်လှူမီ (၃၀-၁၂-၂၀၁၄) မှ (၁၇-၁-၂၀၁၅)အထိ မြတ်သလွန်စေတီတော် မြမဉ္စဓမ္မသဘင်ခန်းမ၌ ထားရှိ အပူဇော်ခံမည် ဖြစ်ကြောင်းသိရသည်။

          မြသလွန်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲကြီးကို (၅)နှစ် တစ်ကြိမ် ကပ်လှူပူဇော်ခြင်းဖြစ်ပြီး  ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ကြုံတောင့်ကြုံခဲ အခါသမယတွင် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား အနီးကပ်လာရောက်ဖူးမျှော် ကြည်ညိုနိုင်ပါကြောင်းနှင့် မြတ်သလွန်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ( ၂၀၁၅ )ဇန်န၀ါရီ ၅ ရက်နေ့တွင် အပြီးသတ်ကပ်လှူပူဇော်မှာဖြစ်ပြီး (၂၁-၁-၂၀၁၅) ရက်နေ့တွင် မြတ်သလွန်စေတီတော်မြတ် ကြီးသို့ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment