Tuesday, December 30, 2014

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့မှ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်းတောင်တွင်းကြီးတွင် ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် တောင်ပြင် ၁
ရပ်ကွက် တောင်တွင်း-ပြည်-ရန်ကုန် ကားလမ်းမကြီး အရှေ့ဘက်ရှိ အောင်မြေဘုံ
ဘုန်းတော်ကြီး
ကျောင်း ဓမ္မာရုံကြီးတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့မှ
ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆရာဖြစ်သင်တန်း
ဖွင့်ပွဲအခမ်းအနားကို
၂၉-၁၂-၂၀၁၄ ရက်နေ့ နံနက် ၈း၀၀ အချိန်က စတင်ကျင်းပပြုလုပ်ကြောင်း
စုံစမ်းသိရှိရသည်။

၎င်းသင်တန်းဖွင့်ပွဲအခမ်းအနားသိ
တောင်တွင်းကြီးမြို့နယ်အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ) သြ၀ါဒစရိယဆရာတော်ကြီး ၁၁ ပါးတက်ရောက် သြ၀ါဒစကားဟောကြားခဲ့ကြောင်း သိရှိရပြီး မြို့နယ် သာသနာရေး
ဦးစီးမှူး ဦးသန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားခဲ့ကြောင်း
သိရှိရသည်။ 
 
အဆိုပါသင်တန်းတွင် အောင်မြေဘုံ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂသေန
မြို့နယ် (မဘသ)အတွင်းရေးမှူးနှင့် ဆရာတော်များက
သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါသင်တန်းသို့
တောင်တွင်းကြီးမြို့နယ် ၈၂ အုပ်စု
၂၇၅ ရွာမှ ရဟန်းသံဃာနှင့် သင်တန်းသား/သူ ၁၀၀ နီးပါးခန့် တက်ရောက်ကြောင်း
သိရှိရပြီး သင်တန်းချိန်မှာ နံနက် ၇း၀၀ နာရီမှ နံနက် ၁၁း၀၀နာရီ အထိ
တစ်ချိန်
နေ့လည် ၁း၀၀ နာရီမှ ညနေ ၄း၀၀နာရီ အထိ တစ်ချိန် တစ်ရက်လျှင် နှစ်ချိန်
ပြသသင်ကြားသွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ ၂၉-၁၂-၂၀၁၄ မှ ၃၀-၁၂-၂၀၁၄
ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းတက်ေ၇ာက်သူများအား ဘောပင်၊
စာအုပ် အစရှိသည့် စာရေးကိရိယာများအား အခမဲ့ ပေးဆောင်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ တောင်တွင်းကြီးမြို့နယ် သတင်းမီဒီယာများ၏ကိုယ်စား
အကြီးတန်းသတင်းထောက် ဟင်္သာ(တောင်တွင်းကြီး)မှ မိမိရရှိသော စာမူခငွေကြေး
၂၀၀၀၀ ကျပ်အား အဆိုပါ သင်တန်းသို့ မြို့နယ်မီဒီယာများ၏ကိုယ်စား
ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ အခြားနေ့စဉ် ကျွေးမွေးရေးအလှူရှင်များလည်း
ရှိကြောင်း သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ တာဝန်ခံအယ်ဒီတာ၊ တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

0 comments:

Post a Comment