Wednesday, December 31, 2014

အသစ်မပြီးခင် အဟောင်းပြုပြင်ဖို့ လိုအပ်

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး မြို့လယ်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းသို့ သွားသောပြွန်ငယ်ထည့်တံတားအား (၁၈)ပေအကျယ် သံကူကွန်ကရစ် တံတားသစ်အဖြစ် တိုးတက်တည်ဆောက်နေသည်မှာ ၀မ်းမြောက်ကြည်နူးဖွယ်ရာ ဖြစ်ပေသည်။ 

ထိုသို့တံတားသစ်တည် ဆောက်နေစဉ်ကာလအတွင်း တောင်တွင်းကြီးမြို့မှ မြို့သစ်၊ နတ်မောက်၊ပျော်ဖွယ်၊မိထ္ထီလာသို့ သွားရောက်ကြမည့် မော်တော်ယာဉ် ကြီး၊မော်တော်ယာဉ်ငယ်ဟူသမျှကို ပုဏ္ဏ၀တီလမ်းမှ ငမင်လမ်း၊ အသောက လမ်းမှ ဗိုလ်ချုပ်လမ်းဟူ၍ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထား သော်လည်း မော်တော်ယာဉ်များက လိုက်နာမှုမရှိပဲ နီးစပ်ရာလမ်းသွယ်များ မှဖြတ်လမ်းအသုံးပြုသွားလာနေကြ လေသည်။ထိုသို့အသုံးပြုသွားလာနေ ကြရာတွင် မော်တော်ယာဉ်ငယ်များ အနေဖြင့် ပြဿနာမရှိသော်လည်း ကုန်တင်ယာဉ်၊တွဲယာဉ်ကြီးများက တန်ချိန်အပြည့်ဖြင့် တံတားငယ်များကို ဖြတ်သန်းသွားလာသည့်အခါ ခံနိုင်ဝန် ထက်ကျော်လွန်သဖြင့် တံတားငယ်များ ကျိုးပေါက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရပါသည်။ထိုသို့ ဖြတ်သန်းသွားလာနေမှုများ ကိုလည်း သက်ဆိုင်ရာဌာနများက စည်းကမ်းတကျဖြစ်စေရေး ကြီးကြပ် လမ်းညွှန်ပေးကြရန် လိုအပ်ပေသည်။
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာ ပြီဖြစ်သဖြင့် မီးသတ်ယာဉ်၊ရေသယ် ယာဉ်များက လမ်းကြီးလမ်းငယ် အသွယ်သွယ်ကို အချိန်အခါမရွေး ၀င်ထွက်သွားလာနိုင်ရေးသည် အလွန်အရေးကြီးပါသည်။

ယခုကျိုး ပေါက်ပျက်စီးခဲ့ရသော တံတားငယ်များ ထဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရေပေး ဝေရေးဌာနသို့ သွားရောက်ရမည့် လမ်းပေါ်ရှိ တံတားငယ်တစ်စင်းလည်း အပါအ၀င်ဖြစ်ပေသည်။အသစ်တည် ဆောက်နေသည့်တံတားပြီးစီးဖြတ် သန်းရချိန်သည် အနည်းဆုံးအချိန်တစ် လခန့်ကြာမြင့်လိမ့်မည်ဟု ကြားသိရ သည့်အတွက် ယခုပျက်စီးခဲ့ရသော တံတားငယ်များကို အမြန်ဆုံးပြန်လည် ပြုပြင်မှသာ ခရီးသွားပြည်သူများအဆင်ပြေချောမွေ့ စိတ်ချမ်းသာနိုင်မည့်အပြင် မီဘေးကြိုတင်ကာကွယ်ရေးအတွက် ရတက်အေးနိုင်မည်ဖြစ်ပါကြောင်း စေတနာရှေ့ထား ရေးသားတင်ပြလိုက် ရပါသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)
ဖုန်း-09401682005

0 comments:

Post a Comment