Sunday, December 28, 2014

သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲပခုက္ကူမြို.၌ခြိမ်.ခြိမ်.သဲကျင်းပ နေဦးမောင်(ပခုက္ကူ)

ပခုက္ကူမြို.ကြီးသည်ဗုဒ္ဓဘာသာသာသနာထွန်းကားသောဒေသကြီးဖြစ်သည်နှင့်အညီပခုက္ကူမြို.
ဂုဏ်ဆောင် သာသနာစက္ကပ္ပဝတ္တက အသင်းကြီးသည် သောဠသမ အကြိမ် အဖြစ်၁၃၇၆ ခုနှစ်
ပြာသိုလဆန်း ၂ ရက်မှ ၁၂ ရက်နေ.ညအထိ ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရှိရသည်။
အသင်ကြီးကို ၁၃၆၀ ပြည်.နှစ်တန်ဆောင်မုန်းလဆန်း ၂ ရက်(၂၀.၁၀.၉၈)ဗုဒ္ဓဟူးနေ.က
တည်ထောင်ဖွဲ့စည်းခဲ့တာပါ သည်နှစ်ကတော့ ၁၆ ကြိမ်မြောက်ကျင်းပဆင်ယင်တာပါ အာဇည
ဘွဲ.တံဆိပ်တော်ရရဟန်းသာမဏေ ၁၄၆ ပါး သုဘဒ္ဒါ ဘွဲ.ရသီလရှင် ၄ ပါးတို.ကိုလည်း
သာသနာလင်္ကာရအကျော် ဘွဲ.တံဆိပ်တော်မြတ်ဆက်ကပ်ပူဇော်နိုင်ခဲ့ပါပြီ ဟုအသင်းသားတစ်
ဦးကဂုဏ်ယူစွာပြောသည်။ ယခုနှစ်တွင် ပထမအဆင့် သံဃာ ၁၀၉၉၊သီလရှင်၅၉၊ပေါင်း၁၁၅၈
ဒုတိယဆင့်သံဃာ ၄၈၁ သီလရှင် ၅၀ ပေါင်း၅၃၁၊ တတိယဆင့် သံဃာ၁၃၅ သီလရှင်၁၃
ပေါင်း၁၄၈ စုစုပေါင်း ၁၈၃၇ ပါးဝင်ရောက်စာဖြေတော်မူကြသည်ဟု သိရှိရသည်။

 ဒုတိယ
ဆင့် တတိယဆင့် ဝိနည်း ပြာသိုလဆန်း ၂ရက် ၃ရက်နေ.အင်္ဂုတ္တိုရ် ၄ရက်နေ.ဓမ္မပဒ ဖြေ
ဆိုတော်မူကြပြီး လဆန်း ၇ ရက်နေ.ပထမ အဆင့် ဝိနည်း ၈ရက်နေ. အင်္ဂုတ္တိုရ် ၉ရက်နေ.
ဓမ္မပဒ ဖြေဆိုတော်မူခဲ့သည်ဟု သိရသည်။ အောင်ပွဲဓမ္မသဘင်အဖြစ်ပြာသိုလဆန်း ၁၀ ရက်
နေ.ည တိပိဋကဓရဓမ္မဘဏ္ဏာဂါရိက အရှင်ဂန္ဓမာလာလင်္ကာရ(မြင်းခြံတိပိဋက ဆရာတော်)
ပြာသိုလဆန်း(၁၁)ရက်နေ့၊ည၊ တိပိဋကဓရ ဓမ္မဘဏ္ဏဂါရိက အရှင်သုန္ဒရ (မြိုင် တိပိဋက
ဆရာတော်) ပြာသိုလဆန်း(၁၂)ရက်နေ့ ည၊ ဘဒ္ဒန္တ သုမန (ဓမ္မာစရိယ) အဂ္ဂမဟာကမ္မဌာနာ
စရိယ (မိုးညှင်းသမ္ဗဒ္ဓေ ဆရာတော်)၊ တို့ ညစဉ်(၇းဝ၀)နာရီအချိန် ပခုက္ကူမြို့ သာသနာ့ ဗိ
မာန်တော်ကြီး တွင် ဗုဒ္ဓဒေသနာတော်များကို ဟောကြားချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

၁၃၇၆ ခုနှစ် သောဠသမအကြိမ် သာသနာလင်္ကာရ အကျော်စာတော်ပြန်ပွဲ တတိယအဆင့်
အောင် သာသနာ့အာဇာနည် အရှင်မြတ်များကို ၁၃၇၆ ခုနှစ် ပြာသိုလဆန်း(၁၄)ရက်နေ့တွင်
မြို့တွင်းလှည့်လည် အပူဇော်ခံခဲ့ပြီး ၁၃၇၆ ခုနှစ် ပြာသိုလဆန်း(၁၅)ရက်နေ့တွင် ဘွဲ့နှင်း
သဘင်နှင့် အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲကို ပခုက္ကူမြို့ မြို့မလမ်း၊ သာသနာ့ဗိ
မာန်တော်ကြီး၌ ဆင်နွှဲကျင်းပ ပူဇော်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment