This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, December 31, 2014
မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)) မှ အမျိုးသားပညာရေးဥပဒေ ၊ NNER ကြေငြာချက် ၊ ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)၏တိုက်တွန်းချက် စသည်တို့ကို ကျောင်းသားကျောင်းသူများကို ဖြန့်ဝေနေပုံ
မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)) မှ အမျိုးသားပညာရေးဥပဒေ ၊ NNER ကြေငြာချက် ၊ ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)၏တိုက်တွန်းချက် စသည်တို့ကို ကျောင်းသားကျောင်းသူများကို ဖြန့်ဝေနေပုံ
Credictး မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
31.12.2014 ရက်နေ့ မနက် 8:30 ခန့်တွင်
မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၏လှုပ်ရှားမှုပုံရိပ်များ
မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားပညာရေးဥပဒေကို သေချာဖတ်မိသိရှိစေရန်နှင့် ထိုဥပဒေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် (မြေလတ်ဒေသ)၏သဘောထား ကြေငြာချက် နှင့် NNER (National Network for Education Reform )အဖွဲ့တို့မှသဘောထားများ
ကျောင်းသား/သူ ၊ မိဘပြည်သူများ ခင်ဗျာ
မြေလတ်ဒေသ(မကွေးတိုင်းဒေသကြီး)အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့်မိဘပြည်သူများ
 ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းထားသော အမျိုးသားပညာရေးဥပဒေကို သေချာဖတ်မိသိရှိစေရန်နှင့် ထိုဥပဒေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် (မြေလတ်ဒေသ)၏သဘောထား ကြေငြာချက် နှင့် NNER (National Network for Education Reform )အဖွဲ့တို့မှသဘောထားများကို ကျောင်းသားကျောင်းသူများ သိရှိစေရန် ရည်ရွယ်၍ စုံရေပေါင်း (၂၀၀၀၀)(နှစ်သောင်း)စုံ ကို မကွေးတိုင်းဒေသတွင်းရှိတက္ကသိုလ်များနှင့် မြို့တွင်းတို့တွင် ယခုအပတ်အတွင်း ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
သတင်းနှင့်ပြန်ကြားရေး
ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)
အသစ်မပြီးခင် အဟောင်းပြုပြင်ဖို့ လိုအပ်
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး မြို့လယ်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းသို့ သွားသောပြွန်ငယ်ထည့်တံတားအား (၁၈)ပေအကျယ် သံကူကွန်ကရစ် တံတားသစ်အဖြစ် တိုးတက်တည်ဆောက်နေသည်မှာ ၀မ်းမြောက်ကြည်နူးဖွယ်ရာ ဖြစ်ပေသည်။ 
ထိုသို့တံတားသစ်တည် ဆောက်နေစဉ်ကာလအတွင်း တောင်တွင်းကြီးမြို့မှ မြို့သစ်၊ နတ်မောက်၊ပျော်ဖွယ်၊မိထ္ထီလာသို့ သွားရောက်ကြမည့် မော်တော်ယာဉ် ကြီး၊မော်တော်ယာဉ်ငယ်ဟူသမျှကို ပုဏ္ဏ၀တီလမ်းမှ ငမင်လမ်း၊ အသောက လမ်းမှ ဗိုလ်ချုပ်လမ်းဟူ၍ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထား သော်လည်း မော်တော်ယာဉ်များက လိုက်နာမှုမရှိပဲ နီးစပ်ရာလမ်းသွယ်များ မှဖြတ်လမ်းအသုံးပြုသွားလာနေကြ လေသည်။ထိုသို့အသုံးပြုသွားလာနေ ကြရာတွင် မော်တော်ယာဉ်ငယ်များ အနေဖြင့် ပြဿနာမရှိသော်လည်း ကုန်တင်ယာဉ်၊တွဲယာဉ်ကြီးများက တန်ချိန်အပြည့်ဖြင့် တံတားငယ်များကို ဖြတ်သန်းသွားလာသည့်အခါ ခံနိုင်ဝန် ထက်ကျော်လွန်သဖြင့် တံတားငယ်များ ကျိုးပေါက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရပါသည်။ထိုသို့ ဖြတ်သန်းသွားလာနေမှုများ ကိုလည်း သက်ဆိုင်ရာဌာနများက စည်းကမ်းတကျဖြစ်စေရေး ကြီးကြပ် လမ်းညွှန်ပေးကြရန် လိုအပ်ပေသည်။
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာ ပြီဖြစ်သဖြင့် မီးသတ်ယာဉ်၊ရေသယ် ယာဉ်များက လမ်းကြီးလမ်းငယ် အသွယ်သွယ်ကို အချိန်အခါမရွေး ၀င်ထွက်သွားလာနိုင်ရေးသည် အလွန်အရေးကြီးပါသည်။
ယခုကျိုး ပေါက်ပျက်စီးခဲ့ရသော တံတားငယ်များ ထဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရေပေး ဝေရေးဌာနသို့ သွားရောက်ရမည့် လမ်းပေါ်ရှိ တံတားငယ်တစ်စင်းလည်း အပါအ၀င်ဖြစ်ပေသည်။အသစ်တည် ဆောက်နေသည့်တံတားပြီးစီးဖြတ် သန်းရချိန်သည် အနည်းဆုံးအချိန်တစ် လခန့်ကြာမြင့်လိမ့်မည်ဟု ကြားသိရ သည့်အတွက် ယခုပျက်စီးခဲ့ရသော တံတားငယ်များကို အမြန်ဆုံးပြန်လည် ပြုပြင်မှသာ ခရီးသွားပြည်သူများအဆင်ပြေချောမွေ့ စိတ်ချမ်းသာနိုင်မည့်အပြင် မီဘေးကြိုတင်ကာကွယ်ရေးအတွက် ရတက်အေးနိုင်မည်ဖြစ်ပါကြောင်း စေတနာရှေ့ထား ရေးသားတင်ပြလိုက် ရပါသည်။
ဗိုလ်ပြည့် (တောင်တွင်းကြီး)
ဖုန်း-09401682005
မကွေတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ငဖဲမြို့မရဲစခန်းအား ကြည့်ရှုစစ်ဆေး
ငဖဲ     ဒီဇင်ဘာ     ၃၀
          မကွေးတိုင်းဒေသကြီး ငဖဲမြို့မရဲစခန်းရှိ အချုပ်ခန်းများကို မကွေးတိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီး ဒေါ်နုယဉ်က ယနေ့နံနက် ၁၀နာရီတွင် စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့သည်။
          စစ်ဆေးမှုပြုလုပ်ရာသို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအဖွဲ့မှူး ဒေါ်ခင်စိမ်းဝင်း၊မင်းဘူးခရိုင် တရားသူကြီး ဒေါ်သီမာနွယ် ငဖဲမြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ်တို့ လိုက်ပါလျက် ငဖဲမြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းမှ အချုပ် တရားခံများ အချုပ်ခန်းတွင် ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွင့်အရေးများ ခံစားရခြင်း ရှိ/မရှိ သင့်တင့်မျှတသော အစားအစာ အာဟာရ စားသုံးရခြင်း ရှိ/မရှိ ၊မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ များနှင့်  အချုပ်သားနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
သားဖွားဒီပလိုမာသင်တန်း (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းပွဲ ကျင်းပ
မကွေး     ဒီဇင်ဘာ     ၃၁
          မကွေးတိုင်းဒေသကြီး မကွေးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း သားဖွားဒီပလိုမာသင်တန်း (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကမကွေး မြို့တော်ခန်းမ၌ ကျင်းပသည်။
          ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ပြည်သူလူထု၏ကျန်းမာရေးလိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးရမည့်သူများသည် သူနာပြု၊သားဖွားမျာဖြစ်ကြောင်း ပြည်သူများကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာမှာ သားဖွားဆရာမများရဲ့ကဏ္ဍဟာ အရေးကြီးပါကြောင်း ကုသရေးကအရေး ကြီးသလို ပြုစုစောင့်ရှောက်ရေးကလည်း အေ၇းကြီးကြောင်း ကိုယ်ကျင့်တရားကောင်းမွန်သော သားဖွားများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း၊ ဒီပလိုမာအောင်လက်မှတ်ကို ASEAN Level အသိအမှတ် ပြုခံရအောင် ဆောင်ရွက်လျက်ရှိကြောင်း ရှေ့ဆက်ကြိုးစားလိုစိတ်ရှိသူတွေအတွက် သားဖွား သိပ္ပံဘွဲ့၊သားဖွားမဟာသိပ္ပံဘွဲ့တွေကို ပြည်တွင်းမှတင် တက်ရောက်နိုင်အောင် ဖွင့်လှစ်ပးပို့စီစဉ်နေပြီ ဖြစ်ကြောင်း အစကောင်းမှအနှောင်းသေချာ ဆိုတဲ့စကားအတိုင်းယခုမှစပြီး ထူချွန်ထက်မြက်တဲ့ သားဖွား ဆရာမလေးများဖြစ်စေဘို့ စဉ်ဆက်မပြတ်ကြိုးစားကြရန်  အမှာစကားပြောကြားခဲ့သည်။
          ထိုနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်ချိုကသားဖွားသင်တန်းသူ များအား ဒီပလိုမာလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့သည်။မကွေးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၏ (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲဖြစ်ပြီး သင်တန်းသူ(၅၃)ဦးအား သားဖွား အောင်လက်မှတ် အပ်နှင်းခဲ့ကြောင်း သိရသည်။
          အောင်လက်မှတ်ပေးအပ်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူ များတိုင်းဒေသကြီးဆေးရုံအုပ်ကြီး၊       သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြ ဆရာမများ အောင်လက်မှတ်ရယူကြမည့် သင်တန်းသူများနှင့်မိဘများတက်ရောက်ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ပေါက်မြို့နယ်မှ နားမကြားလူနာများအား အခမဲ့ ခွဲစိတ်ကုသပေး
မကွေး     ဒီဇင်ဘာ     ၃၀
          မကွေးတိုင်းဒေသကြီးဆေးရုံကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း  ပေါက်မြို့နယ်မှ နားမကြားသူများအား ခွဲစိတ်ကုသပေးမှု အား ယနေ့ ညနေ ၄ နာရီကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
          ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီးဆေးရုံကြီး  နား၊နှာခေါင်းခွဲစိတ်ဆောင်တွင် မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်မှ နားရောဂါဝေဒနာရှင်များမှ အကြီးစား ခွဲစိတ်ကုသမှုပြီးစီးသော  လူနာရှင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေ သကြီးကျန်းမာရေးဦးစီိးဌာနမှူးနှင့်နားခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာစိမ်းလဲ့သွင်တို့မှ လူနာအလိုက်  ခွဲစိတ်ဆောင်ရွက်ထားမှုအခြေအနေ ပြန်လည်တိုးတက်လာမှုအခြအနေတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝန်ကြီးများက လူနာများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် ခဲ့သည်။
          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်သူများ၏လူမှုစီးပွား ဘ၀မြှင့်တင်ရေးအတွက် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးများကို စောင့်ရှောက်ပေးလျက်ရှိရာ ပေါက်မြို့နယ်မှ နားမကြားလူနာများအား တိုင်းဒေသကြီးဆေးရုံကြီးသို့ ခေါ်ဆောင်၍  အခမဲ့ခွဲစိတ်ကုသပေး ရာ အကြီးစားခွဲစိတ်မှု(၁၁)ဦး အသေးစားဆောင်ရွက်သူ(၁၇)ဦး နားကြားကိရိယာတပ်ဆင်သူ(၉)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Tuesday, December 30, 2014
ရေစကြိုမြို့နယ်တွင်မိုးပွင့်အဆင့်(၇)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျှက်ရှိ
ရေစကြို   -   ဒီဇင်ဘာ   -   ၂၉
          မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်လူဝင်မူကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာနမှဦးစီးမှူးဦးလှမိုးနှင့်ဝန်ထမ်းများသည်သာစည်ကျေးရွာအုပ်စု၊သာစည်ကျေးရွာသို့သွားရောက်၍
နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဒီဇင်ဘာ(၂၇)ရက်နံနက်ပိုင်းကပြုလုပ်ပေးခဲ့ရာနေ့ချင်းပြီးဆောင်ရွက်
နိုင်ခဲ့ပြီးကတ်ပြားပေးအပ်ပွဲကျင်းပခဲ့သည်။
          နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင်မကွေးတိုင်းဒေသကြီးလူဝင်မူကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာန၊တိုင်းဦးစီးမှူး၊ညွှန်ကြားရေးမှူးဦးထွန်းဝေမှအသက်(၁၀)နှစ်ပြည့်သူ(၆၆)ဦး၊
အသက်(၁၈)နှစ်ပြည့်သူ(၂၈၆)ဦးစုစုပေါင်း(၃၅၂)ဦးတို့အားလွှဲပြောင်းပေးအပ်ခဲ့သည်။
          နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဌေးအောင်နှင့်လူမူရေးအသင်းအဖွဲ့များ၊ကျေးရွာသူ၊ကျေးရွာ
သားများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်(မန်းတက္ကသိုလ်)
မြတ်ဆရာပူဇော်ပွဲ(၁၇)ကြိမ်မြောက်ရေစကြိုအထက(၁)တွင်ကျင်းပပြုလုပ်
မကွေးတိုင်ဒေသကြီးရေစကြိုမြို.အထက(၁)ကျောင်းသား/ကျောင်းသူဟောင်းများ၏(၁၇)
ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကို(၂၇.၁၂.၂၀၁၄)ရက်ညတွင်စည်ကားစွာကျင်းပပြုလုပ်ရာ
ရင်ခွင်ဦးတေးဂီတအဖွဲ.(ပြည်မြို.)နှင်.အတူအဆိုကျော်ချော်ဆုခင်/ရာဇာပေါက်စီတို.၏အငြိမ်.အဖွဲနှငံ်ဧည်ခံဖြေဖျော်ပြီးကျောင်းသား/ကျောင်သူများ၏ဈေးရောင်းပွဲတော်နှင့်စည်ကားစွာကျင်းပပြုလုပ်ကြောင်းသိရှိရပါသည်။
၂၈.၁၂.၂၀၁၄ရက်နံ့က်၁၀နာရီတွင်သံဃာတော်(၅)ပါးနှငံ့်ဆွမ်းကပ်ပြီးကွယ်လွန်သူဆရာ/
ဆရာမကြီးများအားရေစက်ချအမျှအတန်းပေးဝေခြင်းနှင့်နေ.လယ်မြတမာခန်းမတွင်
ကန်တော့ခံဆရာ(၁၂၂)နီတိုအားပစ္စည်းများနှင့်ငွေသားစုစုပေါင်းကျပ်(၆၁၇၀ဝ၀ဝ)မတည်
လှူတန်းကြပြီးရေစကြိုမြိုနယ်အသင်း(ရန်ကုန်)ရေစကြိုမြို.နယ်အသင်း(မန္ထလေး)စင်္ကာပူေ
ရာက်တပည်များနှင်.အဝေးရောက်တပည်.များနှင့်အသီးသီးမှလှူဒါန်းငွေများနှင့်ကန်တော့ကြပါသည်။
မြတ်ဆရာပူဇော်ပွဲတွင်တပည့်များမှပူဇော်ကန်တော့ချိုးနှင့်ကန်တော့ကြပြီးနာယကဆရာကြီးမှ
ဆုပေးခြင်း/ဆုံ့မစကားပြောကြာခြင်းများပြုလုပ်ရ်ျကျင်းပရေးအငြိမ်းစားပညာရေးမှူးဦးအောင်ထိုက်မှင်းကျင်းပရေးဥဏ္ဏဌဦးမြင့်ဆွေတို.မှ
ပြော ကြားပြီး ဘဏ္ဍာရေးမှူး ဦးဌေးလွင်မှလှူဒါန်းငွေ ရ/သုံး စာရင်းကိုရှင်းလင်းတင်ပြ၍တက်ရောက်သူများအား
မြတ်ဆရာ ပူဇော်ပွဲရှင်းတမ်းမှတ်တမ်းလွှာစာအုပ်များပေးဝေကြောင်းသိရှိရပါသည်။
ရေစြ့ကို အထက(၁)ဆေးကုသမှုလှူဒါန်းရေးကော်မတီသည်အပငြိမ်းစားဆရာကြီး၊ဆရာမကြီးများဆေးကုသခံယူရာ
တွင်ထောက်ပံ့ငွေတစ်ဦးလျှင် ကျပ်(၁၅၀ဝ၀ဝ)လှူဒါန်းလျှက်ရှိကြောင်းကော်မတီအဖွဲ့ဝင်ကိုအောင်မိုး(ဖြိုြးွကယ်)မှ
ပြောကြားပါသည်။
ဘိုရဲ(ကျော်ကြား)