Tuesday, November 4, 2014

ကိုကျော် (မင်းဘူး) ၏ အိမ်တိုင်း နောက်ဖေးမီးဖိုချောင်မှ ဆေးမြီးတိုများ

      

    အိမ်တိုင်း နောက်ဖေးမီးဖိုချောင်တွင် နှမ်းဆီ၊ ပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီ အစရှိသော ဆီများကို အသုံးပြု ချက်ပြုတ်စားသုံးနေကြလေသည်။ မိမိအိမ်နောက်ဖေး မီးဖိုချောင်တွင်ရှိသော ]]ဆီ}}မှ ဆေးမြီးတိုတစ်လက်ကို တင်ပြလိုက်ပါသည်။
               ]] ဆီ }}        ( ဆောင်းပါး )

နှမ်းဆီ။    ။ နှမ်းဆီသည် နူးညံ့၏။ သည်းခြေကို ပြုတတ်၍ သလိပ်အား၊ ပညာအား၊ သုတ်အား၊ ခွန်အား တို့ကို ပွားစေသည်။ အနည်းငယ် နုတ်မြိန်စေ၏ ။ ဆံပင်ကိုကောင်းစေ၏ ။ လေကို နိုင်၏ ။ ကိုယ်ယားယံသောအနာ၊ နူနာ၊ ပင်ပန်းခြင်း၊ ဒဏ်ရာရခြင်း၊ အရိုးကျိုးအက်ခြင်း၊ မီးလောင်ခြင်း၊ ဖူးယောင်ခြင်း၊ ခွေး၊ ဖား၊ြွေမဆိပ်တို့ကို အကျိုးပြု၏။ နှမ်းဆီသည် မည်သည့်ဆေးနှင့်မဆို တွဲဖက်အသုံးပြုပါက အကျိုးထူး၏ဟု ရသာဓါတုကျမ်းက ဆို၏။

ခြေကျိုး လက်ကျိုး။    ။ နှမ်းဆီ ၅ ကျပ်သားကို ပြဒါး၊ ၈ ပဲသားထည့်ပြီး ပူရုံချက်ပါ။ ゞင်းဆီနှင့် ခြေ၊ လက် ကျိုးသော နေရာတို့ကိုလိမ်းပြီး ကျပ်စည်းပေးထားပါ။ ခြေ၊ လက် ကျိုးသော် အလွန်ကောင်းသော ကျပ်စည်းဆေးကြီးဖြစ်ပါသည်။

ခြေ လက်သေသော်။    ။ ယင်းပြာ၊ ဇာတိပ္ပိုလ်သီး၊ လေးညှင်း၊ ပရုတ် ဆေး ၄ ပါးကို ၄ ပဲသားစီ အမှုန့်ပြု၊ နှမ်းဆီ၊ အရက်တို့နှင့် ရောစပ်ပြီး လိမ်းပေးပါ။

ထုံနာ၊ ကျဉ်နာ၊ လိမ်းဆေး။    ။ နှမ်းဆီ ၅ ကျပ်သား၊ ပရုတ် ၂ကျပ်ခွဲသား၊ လေးညှင်း ၁ကျပ်သားကို (လူးဆေး ဖော်နည်း) ပရုတ်နှင့်လေးညှင်းကို အညက်ကြေအောင်ထောင်း၊ ပုလင်းတွင်ထည့်၊ နှမ်းဆီ ၅ကျပ်သား လောင်းထည့်၊ အဆို့ပိတ်ပြီး လည်ပင်းဖော်ပြီးပြုတ်ပါ။ ပရုတ်ကျေလျှင်ချပြီး လေလံအောင်ထား နေ့စဉ် လိမ်းပေးပါ။

ဆေးအကျိုးကား။ ဝါယောဓါတ်အားငယ်၍ ခြေလက်ထုံကျဉ် ကိုက်ခဲသောရောဂါ၊ ဝါယောငုပ်၊ ပထဝီလွန်မှာ အလွန်ကောင်းသော ဆေးကျော်ဖြစ်၏ ။

အကြောပြတ်လျှင် ။    ။ ခြေ၊ လက် အကြောပြတ်လျှင် မြင်းခွာရွက်ကို ရေခမ်းအောင်ပြုတ်၊ ゞင်းနောက် ပြာကျအောင် ပြုလုပ်ပါ။ ゞင်းပြာကို နှမ်းဆီနှင့်ဖျော်ပြီး ခြေ လက်အကြောပြတ်သောနေရာကို ကျပ်စည်းပေးပါ။

ပိတ်ဝမ်းဒူလာ။    ။ (ဝမ်းချုပ်ပြီး အချွဲများ၊ မကြာခဏ အနည်းငယ်စီသွားသော ရောဂါ) ゞင်းရောဂါကို သံပုရာ၊ ဆီ၊ ဆား ရောမွှေ၍ သောက်ပါ။ ပျောက်ကင်း၏။
ရင်ဘတ်နာ။    ။ သံပုရာရည်၊ ဆီ၊ ဆားကျက် ゞင်းသုံးပါးအမျှစီရော၍ နံနက်၊ ည သောက် ပျောက်ကင်း၏ ။
နားလေထွက်။    ။ နှမ်းဆီတစ်ဇွန်း၊ နွားကျင်ငယ်ရည် ငါးဇွန်း၊ ゞင်းနှစ်ပါးကို မီးနှင့်ချက် တစ်ပွက်၊ နှစ်ပွက်ဆူလျှင်ချ နားကျပ်တောင်နှင့် ကျပ်ပေးပါ။

နားကျပ်ဆီ။    ။ ကြောင်လျှာမြစ်ကို အမှုန့်ညက်အောင်ပြု၊ နှမ်းဆီနှင့်ရောပြီး မီးဖိုတွင်ချက်၊ ゞင်းဆီနှင့်နားထဲ နွေးနွေး ကျပ်၍ပေးပါ။ ( နားလေး၊ နားအူ၊ နားပြည်ယို၊ နားလေထွက်၊ နားနှင့်ပတ်သက်သော ရောဂါများ ပျောက်၏ ။)

နားကိုက်၊ နားအူ။    ။ မန်ကျည်းပင်တွင် တွယ်၍ပေါက်သော မှိုကိုအညက်ကြိတ်၊ နှမ်းဆီနှင့်ဖျော်၊ ကြက်တောင် နှင့် ကျပ်ပေးပါ။ ပျောက်ကင်း၏ ။

ခြေအေးနာ ။    ။ ကြက်သွန်ဖြူနှင့် ရှိန်းခို အမျှစီ နှမ်းဆီနှင့်တေပြီး ဇီးကင်းခန့် နံနက်၊ ည စားပေးပါ။ ပျောက်ကင်း၏။

                    ကလောင်အမည် -    ကိုကျော် (မင်းဘူး)

       

    ယနေ့ မြန်မာပြည်တွင် ဆရာဝန်များ၊ ပါရဂူကြီးများ နှင့် နိုင်ငံခြားမှ ရောက်လာသော တန်ဖိုးကြီး ဆေးဝါးများ ရှိနေပါပြီ။ ဆေးဘိုးမတတ်နိုင်၍ ဆရာဝန်များ၊ ပါရဂူကြီးများ နှင့် မိမိရောဂါကို မပြနိုင်ရှာသော လယ်တော၊ ယာတောမှ ဆွေမျိုးသားချင်းများအတွက် စရိတ်၊ ငွေကြေး အကုန်အကျမများဘဲ အလွယ်တကူ ရရှိနိုင်သော မြန်မာတိုင်းရင်း ဆေးမြီးတိုလေးများကို လက်လှမ်းမှီသလောက် ဖြန့်ဝေတင်ပြ ပေးလိုက်ပါသည်။
             ]]] ဆား }}

    ]] ဆား }} သည် ငန်သောအရသာရှိသည်။ အဖု၊ အခဲ၊ အကျိတ်များကို ကြေစေ၏။ အပုတ်၊ ပြည်၊ သွေးကို ကြည်လင်စေတတ်၏။ သည်းခြေကို ဖြောင့်မတ်စေတတ်၏။ အစာမကျေ၊ ရင်လေး၊ သွေးပူ၊ သလိပ်ခြောက်၊ ချောင်းဆိုး၊ လေနာရောဂါတို့ကို ပျောက်ကင်း၏။ ပထဝီကို အားနည်းစေ၏။ သွေးကို ကြည်လင်စေ၏။ ဝါယောဓါတ်ကို ပယ်၏။ သလိပ်ကို ကျေစေ၏။

လိပ်ခေါင်းဆေးနည်း ။        ။ ဆား (၅) ကျပ်သားကို၊ မင်းကိုကာ၊ (၅) ကျပ်သား၊ ကြက်သွန်ဖြူ (၂) ကျပ်ခွဲ၊ (ငရုပ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း ) ၃ ပါးကို (၂) ကျပ်ခွဲသားစီ အမှုန့်ပြု၍ ရောစပ်ကာ နံနက်၊ ည၊ သောက် ပျောက်၏။

စားနည်း       ။        ။ ခုံညင်း တလုံးကို ဖောက်၍ ဆန်ချည်မျှင်သွယ်ပြီး မီးအကျွမ်းဖုတ်၊ ထန်းလျှက်၊ တစ်ကျပ်သား၊ ဆားမီးဖုတ် တမတ်သား ရောကြိတ်၍ စားသော် ပျောက်ကင်း၏

ကြက်ညှာဆေး ။        ။ ဆား၊ ကြက်သွန်ဖြူ၊ စမုနက်၊ ငရုပ်ကေင်း၊ ပိတ်ချင်း၊ ဂျင်း နှင့် ကြောင်ပန်းရွက် ထည့်ပြီး ကြိတ်တိုက်သော် ပျောက်ကင်း၏။

လေပုတ်ထုတ်ဆေး။        ။ ရှိန်းခို၊ စမုန်နက်၊ ကြက်သွန်ဖြူ၊ မရွေးဖြူ (၄) ပဲစီကို ဆား၊ သင့်တော်ရုံထည့်ပြီး  နေ့စဉ်စားပေးသော် ကောင်း၏။

ဒါဏ်ကြေဆေး ။        ။ဒါဏ်ကြေဆေးအတွင်းကြေကိုဆားကျပ်ထုပ်ထိုးပေးသော်     ပျောက်ကင်း၏

ခြေသပွတ်နာ ။        ။ ခြေဖနောင့်တွင် အသားကြေ၍ ခြေထောက်မရသော် သံပြားကို မီးကင်(သို့) ဓါးမကို မီးရဲရဲဖုတ်၍ ゞင်းအပေါ် ဆားများများပုံ၍ ပူပူမှာ ဖိ၍ - ဖိ၍ နင်းပေးပါ။ မကြာခဏလုပ်ပါ အမြန်ဆုံးပျောက်၏။

အနာဝင်ဆေး ။        ။ခုံညှင်းဆန်မီးဖုတ်ပြီးဆားခတ်ကာရအေးတိုက်ပေးသော် ပျောက်ကင်း၏
ယားနာ ။            ။ သွေးပွတ်နာ၊ ယားနာ ပေါက်သော် ဆားကို နနွင်းမှုန့်နှင့်ဖျော်ကာ လိမ်းပြီး မီးကင်ပေးပါ ပျောက်ကင်း၏။

အသားမာနာ ။            ။ သပွတ်ကြီးမြစ်ကို ဆန်ဆေးရည်၊ ဆားထည့်၍ ပျစ်ပျစ်သွေးပြီး မကြာခဏ လိမ်းပေးပါ ပျောက်ကင်း၏။

မျက်စေ့နာ ။            ။ မန်ကျည်းခေါက်ကို ဆားနှင့်သွေးပြီး ကွင်းပေးပါ ပျောက်ကင်းသက်သာ၏။
လေနာ ။            ။ နံနက် အိပ်ယာထတိုင်း ဆားကို မန်ကျည်းစေ့ခန့်သောက်ပါ။ လေနာ တာရှည် ရောဂါပျောက်၏။

ဆီး၊ ဝမ်း၊ လေချုပ် ။        ။ ဆားစိမ်း (၂) ကျပ်သား၊ နနွင်းစိမ်း (၂) ကျပ်သားကို ရောစပ်၍ ငါးမူးသားခန့် (၁) နာရီ ခြားပြီး (၃) ကြိမ်ဆက်တိုက် တိုက်ပါ။ ဓါတ် တခါ သက်ပြီး၊ ပျို့အန်ခြင်း မရှိတော့ဘဲ သက်သာမှု ရလာလိမ့်မည်။ ゞင်းနောက် ဆား၊ နနွင်းစိမ်းတို့ကို အကျက်ကျော်ပြီး တမူးသားခန့် နံနက်ခင်းအချိန်မှာ စားပါ။ ဆီး၊ ဝမ်း၊ လေ မှန်လာပါလိမ့်မည်။

    ပင်လယ်ရေကို ချက်၍ ရသော ရိုးရိုးဟင်းချက်ဆားသည် သွေး၊ လေ၊ သလိပ်၊ ဤ (၃)ပါးကို မစု မခဲ စေခြင်း၊ အကြောကို လျော့စေခြင်း၊ အသံသာယာစေခြင်းတို့ကို ပြုတတ်သော ဂုဏ်သတ္တိရှိပါသည်။ လူကြီးတစ်ယောက် အဖို့ တစ်နေ့အတွက် ဆား ဆယ်လီ တမူး စားသုံးရန် လိုအပ်ပါသည်။  ဆား ဓါတ်နည်းပါးလျှင် ကျန်မာရေး မကောင်းတော့ပါ။
                            ကလောင်အမည် -    ကိုကျော် (မင်းဘူး)



ငရုတ်သီး
    ယနေ့ မြန်မာပြည်တွင် ဆရာဝန်များ၊ ပါရဂူကြီးများ နှင့် နိုင်ငံခြားမှ ရောက်လာသော တန်ဖိုးကြီး ဆေးဝါးများ ရှိနေပါပြီ။ ဆေးဘိုးမတတ်နိုင်၍ ဆရာဝန်များ၊ ပါရဂူကြီးများ နှင့် မိမိရောဂါကို မပြနိုင်ရှာသော လယ်တော၊ ယာတောမှ ဆွေမျိုးသားချင်းများအတွက် စရိတ်၊ ငွေကြေး အကုန်အကျမများဘဲ အလွယ်တကူ ရရှိနိုင်သော မြန်မာတိုင်းရင်း ဆေးမြီးတိုလေးများကို လက်လှမ်းမှီသလောက် ဖြန့်ဝေတင်ပြ ပေးလိုက်ပါသည်။

    ]] ငရုပ်သီး }} သည် နုတ်ကို မြိန်စေပြီး၊ သလိပ်လွန်ကဲသော ရောဂါ တို့၌ များစွာ ကျေးဇူးပြု၏။ အစာမကြေ၊ ကာလဝမ်း၊ အသံပျက်၊ အသံဝင်၊ အကိုက်အခဲ၊ အဖော၊ အရောင် တို့ကို ပျောက်စေ၏။ ဆီးလွန်နာကို နိုင်၏။ သွေး သည်းခြေကို ပျက်စေ၏။ မျက်စိမှုန်၏ သုက်သွေးခန်း၏ သွေးပုပ်၊ ဝမ်းကိုက်၊ လေသလိပ်၊ သွေးသည်းခြေတို့ နှင့် ယှဉ်သောရောဂါတို့နှင့် သင့်လျော်၏။

ပင်လယ်အူနာ။        ။ ငရုတ်သီး အူတိုင်ကိုထုပ်ပြီး ငွေဒင်္ဂါးနှင့်ရောပြီး ပြုတ်သောက်သော် ပျောက်ကင်း၏။
ငရုတ်ကောင်း

ငရုတ်ကောင်း။        ။ ငရုတ်ကောင်းသည် ထက်မြတ်၏။ ဝမ်းမီးကို တောက်စေ၏ သည်းခြေကို ဖြစ်စ၏။ သလိပ်နှင့်လေကို ပယ်ဖျက်တတ်၏။ ပန်းနာ၊ ထိုးအောင့်ခြင်း ရောဂါတို့ကို နိုင်၏။ သွေးဆုတ်၊ သွေးပုပ်၊ အတွင်းပူသော ရောဂါ၊ ဝမ်းလားသောရောဂါ၊ ဝမ်းချုပ်သောရောဂါ၊ ဝမ်းကိုက်၊ လေသလိပ်၊ သွေးသည်းခြေနှင့် ယှဉ်သောရောဂါ အားလုံးတို့ကို နိုင်၏။

ခေါင်းကိုက်ရှူဆေး။    ။ ငရုတ်ကောင်း၊ ပန်းနု၊ လင်းနေ၊ ကုက္ကိုခေါက်၊ ဒန့်သလွန်မြစ် ဆတူရောကျိတ်၍ ရှူလေပျောက်၏။

ငှက်ဖျားမျက်စဉ်း။    ။  ငရုတ်ကောင်း၊ ပိတ်ချင်း၊ လေးညှင်း၊ ကြက်သွန်နီ၊ (၄)မျိုးကို ရောကာ အထောင်းပြုလုပ်ပါ။ ငှက်ဖျား၊ တုန်ဖျားဖြစ်သော် အနည်းငယ် ရေနွေးနှင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။

ဆီးကျန်ရောဂါ။    ။  ငရုတ်ကောင်း ၁ ကျပ်သား၊ မြင်းခွာရွက်ခြောက် ၂ ကျပ်သား အမှုန့်ပြု၊ ပျားရည်နှင့်ရောပြီး၊ နံနက် ၊ ည မီးကင်းခန့် စားပေးပါ။ ပျောက်ကင်း၏။

မီးလောင်နာ။    ။ မီးလောင်လျှင် အမြန်ဆုံး ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီပျစ်ပျစ်ဖျော်ပြီး လူးပေးပါ။ သက်သာရာရစေ၏။

ဝဲနှင်းခူ။        ။ ငရုတ်ကောင်း၊ ပိတ်ချင်း၊ ချင်းခြောက်၊ မိုးမျှော်ငရုတ်နှင့် ဖျော်၍လိမ်းပါ။ ပျောက်ကင်း၏။

                                        ကိုကျော် - မင်းဘူး




                                                  ဆန်( ဆောင်းပါး )
    လူတိုင်း မိမိအိမ်နောက်ဖေး မီးဖိုချောင်ထဲတွင် ဆေးစွမ်းကောင်းများ ရှိနေသည်ကို သတိမမူ၍ တင်ပြရပါသည်။ ကျေးရွာဒေသများတွင် ဆေးဝါးရှားပါးမှု အခက်အခဲ၊ ဆေးရုံများနှင့် ဝေးကွာမှု၊ ငွေကုန်ကြေးကျမခံနိုင်မှု၊ ဗဟုသုတ ခေါင်းပါးမှုတို့ကြောင့် မသေသင့်ဘဲ သေဆုံးကြသောသူများအတွက် နီးစပ်ရာ၊ လက်လှမ်းမီရာ  အသီး၊ အရွက်၊ အမြစ်၊ အခေါက်တို့ဖြင့် ကုသနိုင်ကြောင်း၊ ရှေးဆရာကြီးများ၏ ဆေးမြီးတိုများ၊ ဆေးပညာကျွမ်းကျင်တတ်မြောက်၍ လက်တွေ့၊ ကိုယ်တွေ့ ကုသခဲ့သော အချက်အလက် မှတ်တမ်းများမှ ထုတ်နုတ်တင်ပြထားပါသည်။

ဆန်ဆေးရည်။        ။ ဆန်ဆေးရည်သည် သွေးသည်းခြေငြိမ်စေ၍၊ ဝမ်းရပ်စေသည်။ အနာကင်း၊ အနာပေါက် တို့ကို ပျောက်ကင်းစေသည်၊ အပူဝမ်းသက်ခြင်းကို ရပ်စေသည်။

ထမင်းရည် ။        ။ ထမင်းရည်တွင် ဂုဏ်သတ္တိ (၈)ပါးရှိသည်။ အစာကိုများစွာ စားစေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ အသက်ရှည်ခြင်း၊ သွေးသား ပွားစေခြင်း၊ အဖျား၊ သလိပ်၊ သည်းခြေ၊ လေတို့ကို နိုင်ခြင်း ဂုဏ် (၈)ပါး ရှိလေသည်။

ဆန်လှော် ။        ။ ဆန်လှော်သည် နှလုံးပူပန်၊ အစာအိမ်အချဉ်ပြန်၊ အမူးပြန်၊ ရေငတ်၊ အပူဝမ်းသက်ရောဂါ တို့ကို ကျေးဇူးပြု၏ ။

ဝမ်းရောဂါ ။        ။ ကာလဝမ်း၊ အပူဝမ်းဖြစ်လျှင် အသက်သာမှီပါစေ။ အောက်ပါနည်းသည် ဒိဋ္ဌပျောက်သော နည်းဖြစ်ပါသည်။

             ]]ဆန်}} ကို နီရဲလာအောင်လှော်၊ြွေကပန်းကန်၊ြွေကဇလုံထဲမှာ ရေများများထည့်၊ ဆန်လှော် ပူပူကို လောင်းထည့်၊ အခိုးငြိမ်းလျှင် ゞင်းရေကိုသာ တိုက်ပေးပါ။ ရေတောင်းတိုင်း ゞင်းရေ ကိုသာ တိုက်ပေး၊ လက်တွေ့နည်းဖြစ်ပါသည်။

ဝမ်းသွေးလွန်ရောဂါ။    ။ ထမင်းခြောက်ကို လှော်ပြီ ထန်းလျက်နှင့် ဆတူကြိတ်၍ စားသော် ပျောက်၏ ။
အစာကြေဆေး ။    ။ ထမင်းရည်ကို သိန္ဓော သင်္ဘော၊ ချင်းခြောက်မှုန့်၍ သောက်သော် ဝမ်းမီးတောက်စေ၏။ အစာကို ကြေစေ၏ ။

စားမြိန်ပိန်သူဝဆေး။    ။ ကောက်ညှင်းဆန်နှင့် ပဲနောက် (၁၀)ကျပ်သားစီချိန်၍ ရောပြီးပေါင်းပါ။ ပြီးလျှင် ကျိုပြီး နွားနို့၊ ကလောဆန်၊ သူငယ်စာ ငှက်ပျောသီး၊ အုန်းနို့တို့ကို ရောစပ်ကြိတ်တေပြီး (၃)ပဲသားခန့် နံနက်၊ ည တစ်နေ့ (၂)ကြိမ် ထမင်းမစားမီ စားပါ။ ဆေးတဖုံ မကုန်မီ စားမြိန်လာပါလိမ့်မည်။

ဆီးပူပျောက်ဆေး။    ။ ကောက်ညှင်းပေါင်း (၅)ကျပ်သား၊ ကြက်သွန်နီ၊ သကြား (၁၂)ကျပ်ခွဲသားစီ၊ ကျောက်ဖရုံသီး အရည် (၂၅)ကျပ်သား၊ ဆားသင့်ရုံထည့်ပြီးလျှင် တေ၍ နေ့စဉ်စားပါ။
(မှတ်ချက် - ကျောက်ဖရုံသီး အရည်ရအောင် ထိပ်ကအပေါက်ဖောက်ပြီး သကြားသွင်း၍ ထည့်ထား၊ (၃)ရက် ရှိသောအခါ ゞင်းအပေါက်မှ သွန်၍ အရည်ယူပါ ။)
အသည်းခြေဝမ်းကျနာဆေး။ စိမ်းရွှေရွှေသွားသော ဝမ်းကို ကောက်ညှင်း၊ နွားနို့နှင့်ကျိုချက်ကာ နေဝင်ပြီးနောက် စားပါ။ ပျောက်ကင်း၏ ။

နားပင်းရောဂါ။        ။ သွေးတင်းငုပ်၍ နားပင်းသောရောဂါအတွက် ကြောင်လျှာသီးကို သံပုရာရည်နှင့် သုပ်စား ပုဇွန်တုပ် မီးဖုတ် ရှောက်သီးနှင့်သုပ်စား။ နောက်ထပ် ဆီထမင်းကိုစား၊ နှမ်းဆီနှင့် နားကို ကြပ်ပေးပါ။ နားပင်းရောဂါ ပျောက်၏ ။

ခွေးဗရင်ဂျီနာ။        ။ ထမင်းကိုကြိတ်၍ လုံပြုလုပ် ゞင်းလုံထဲဆံပင်အပြည့်ထည့်၍ မီးဖုတ်၊ ဆံပင်ပြာကျ၏ ။ ゞင်းပြာနှင့်လုံကို ရောကြိတ်ပြီးလျှင် အနာတွင် ဖြူးပေးပါ ပျောက်ကင်း၏ ။
မီးယပ်ပိန် ဝမ်းပျက်ဆေး။ ကောက်ညှင်းဆန်၊ ထန်းလျှက်၊ ဆီ ရော၍ ကျိုချက်စားပါ။ (တနည်း) ဇောင်ချမ်းသီး (၁)ကျပ်သား၊ ပျားရည် (၁)ကျပ်သား ရောစပ်၍ နှီးသားပေါ်တင်ရုံ ဆေးကိုစားပါ။ မန်ကျည်းရွက်ကို ချက်စားပြီးတိုင်း ရေချိုးဆင်ခြင်ပါ။

ကျွဲသမာနာ။        ။ ထမင်းနှင့် ဆားကို ရောကြိတ် မီးဖုတ်ပြီးအုံပေးပါ။ ပျောက်ကင်းစေသည်။

                                ကလောင်အမည် -    ကိုကျော် (မင်းဘူး)



    ]] ကြက်သွန်ဖြူ }}

    ရှေးအခါက ရသေ့၊ ရဟန်းအပေါင်းတို့သည် ကြက်သွန်ဖြူကို အမြတ်ဆုံးသော ရသာရန ဆေးအဖြစ် နည်းအမျိုးမျိုးဖြင့် သုံစွဲခဲ့ကြ၏။ အာယုဗ္ဗေဒ ဆေးအဖြစ် နည်းအမျိုးမျိုးနှင့် ရှေးဆရာကြီးတို့သည် ကြက်သွန်ဖြူ၏ ဂုဏ်သတ္တိကို အမျိုးမျိုး ရေးသားခဲ့ကြပါသည်။ အချို့ဆရာတို့သည် ကြက်သွန်နီထက် ကြက်သွန်ဖြူက ဂုဏ်သတ္တိ သာလွန်သည်ဟု ဆိုကြသည်။

    ကြက်သွန်ဖြူသည် သွေးကိုသန့်၏။ ပိုးသေ၏။ လေသက်၏။ ဖျားနာ၊ အရေပြား ရောဂါကို ပျောက်စေ၏။ ချွေးထွက်ခြင်း၊ သုတ်ပွားခြင်း ဖြစ်စေ၏။ ဆီးဝမ်းကို ရွှင်စေ၏။ ကာမကို အားပေး၏။ မျက်စိကို အကျိုးပြု၏။ အသက်ရှည်၏။

သွေးတိုးရောဂါ။    ။ အိန္ဒိယနိုင်ငံ၏ သူရဲကောင်းကြီး မဟတ္တမဂန္ဒီကြီးက မိမိ၏သွေးတိုးရောဂါသည် ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းဖြင့် ပျောက်ကင်းရသည်ဟု ဆိုထား၏။

ချောင်းဆိုးရောဂါ။    ။ ကြက်သွန်ဖြူကို နာတာရှည်ချောင်းဆိုးရောဂါအတွက် အရည်ပြု၍ တိုက်ပါ။ ကျွေးပါ။ အလွန်ထင်ရှားသော အိမ်သုံဆေး ဖြစ်သည်။

လေရောဂါ။        ။ ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမ်းမစားမီ စားပါ။ နာတာရှည်ရောဂါ ပျောက်၏။

ကလေးလေဆန်နာ။    ။ ကလေးများ၏ လေဆန်ရောဂါအတွက် ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ ကျွေးရ၏။

ကြက်ညှာချောင်းဆိုး။    ။ ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ゞင်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းပေးထားပါ။ နံနက်မှ ခွာပါ။ သို့မဟုတ် ကြက်သွန်ဖြူကို အရည်ညှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်း (၁)ဇွန်းခန့် တိုက်ပေးပါ။

လည်ပင်းကြီးရောဂါ။    ။ ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့ (၃)ကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင်                 လိမ်းပေးပါ။

ခေါင်းကိုက်။        ။ ကြက်သွန်ဖြူကို ဆားနှင့်ရောပြီး သောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင်                  လိမ်းပေးပါ။
ကလေးချောင်းဆိုး။    ။ ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြု၍ ကလေးများ ချောင်းဆိုးရောဂါ ဖြစ်သောအခါ တိုက်ကြရသည်။

ပွေးဝဲ၊ ယားနာ။    ။ ကြက်သွန်ဖြူတစ်လုံးကို ဖင်မှ လှီး၍ ထွက်လာသော အစေးနှင့်အနာကို မကြာခဏ      ပွတ်ပေးပါ မုချပျောက်ကင်းပါ၏။

အဆုတ်ရောဂါ။        ။ ကြက်သွန်ဖြူဥတလုံး တစ်နေ့ (၁)ကြိမ် အရည်ညှစ်တိုက်ပါ။ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကို လိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။ အရေပြားကွာလျှင် ခေတ္တရပ်နားပြီးမှ ဆက်လိမ်းပေးပါ။ နောက်ထပ် အရေပြားကွာခြင်း မရှိတော့ပါ။ ゞင်းအဆီ (အရည်)သည် အရေပြားမှ အတွင်းသို့ စိမ့်ဝင်ပြီး ပိုးများကို သတ်နိုင်သော အစွမ်းသတ္တိရှိကြောင်း ရှေးဆရာကြီးမှ အဆိုရှိထားပါသည်။

အနာများ။        ။ အရိုးထိအောင် စားတက်သော အနာများပင် ဖြစ်ပါသည်။ အနာကို ရေနွေး (ဖန်ရည်)ဖြင့် ဆေးကြောပြီး ကြက်သွန်ဖြူကို ထုထောင်းအုံ၍ ပတ်တီးစည်းပေးထားပါ။ ၂၄ နာရီ ကြာသောအခါ  ပတ်တီးကို ဖြေ၍ အသစ်ထပ်မံ လိမ်းပေးပါ။ အနာတွင်ရှိသော ပိုးများကို သတ်နိုင်သော သတ္တိရှိပါသည်။

အကြောကိုက်။        ။ ကြက်သွန်ဖြူသည် အကြော၊အခြင် ကိုက်ခဲခြင်းကို အရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း၏။

နားပြည်ယို။        ။ နှမ်းဆီ (၅)ကျပ်သားတွင် ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်း (၂)ပွင့်ခန့် ထည့်ပြုတ်၍ နားအတွင်း ပူပူနွေးနွေး ထည့်ပေးပါ။ နားပြည်ယို၊ နားကိုက်နားထိုင်း ပျောက်ကင်း၏
ရာသီမြုံ၍ ဒုက္ခရောက်သော်။    ။ကြက်သွန်ဖြူ၊ စမုံနက်၊ ဆား၊ မန်ကျည်းသီးမှည့်၊ ထန်းလျက် (၅)ကျပ်သားစီ၊ မိဿလင် (၃)ကျပ်သား ပေါင်းစပ်၍ကြိတ် (ရာသီဆိတ်သော်၊ ကြောက်ထိန့်မလန့်၊ ဆီးသီးခန့်လောက် စားသုံးမြောက်က ပျောက်ရဧကန် မလွဲမှန်၏)

အနာဝင်သော်။        ။ ကြက်သွန်ဖြူ ဥတလုံးနှင့် ငရုတ်ကောင်း (၇ စေ့)ကို ကြိတ်၍အုံပါ။ ဒူလာ၊ မီးယပ်ပျောက်ဆေး ကြက်သွန်ဖြူ ဥတစ်လုံးကို ဓားနှင့် အဖျားဘက်က လှီးပြီး အခေါင်းလုပ်၊ ဘိန်း ၆ရွေးသားထည့်၊ မီးကင်၊ မြေသင်းခဲကို အရည်ဖျော် အရည်ကြည်ရအောင် ခေတ္တထား၊ ゞင်းရေကြည်ဖြင့် ကြက်သွန်ဖြူ မီးကင်ကို ကြိတ်၍ ပဲနောက်စေ့ခန့် လုံး၍ထား၊ ရောဂါရှင်ကို ချင့်ချိန်တိုက်ပါ။ တိုက်သည့်အခါတွင် မြေသင်းခဲအရည်နှင့်ပင် တိုက်ရမည်။

             (မြေကြီးကို မီးရဲအောင် ဖုတ်ထားသောမြေကို မြေသင်းခဲဟု ခေါ်သည် )
ဝဲဆေး။            ။ ကြက်သွန်ဖြူကို ထောင်းပြီး အုန်းဆီနှင့် လိမ်းပေးပါ။
         
  ကိုကျော် - မင်းဘူး     ( တိုင်းရင်းဆေး )
မိုးကျော်ခိုင် ၈/ မဘန (နိုင်) ဝ၂၂၂၅၉ အမှတ်(၁)ရပ်ကွက်၊ မင်းဘူးမြို့၊
ဖုန်း - ဝ၉-၄၄၀၂၂၆၀၆၁၊









0 comments:

Post a Comment