Saturday, November 8, 2014

လူငယ်​ဘဝမြင့်​မား​ရေး စွမ်းရည်​မြှင့်​တင်​​ဆောင်​ရွ က်​​ပေး

မ​ကွေးမြို့၊ကပ်​​ကျော်​ ပညာပါရမီကုသိုလ်​ပြုအဖွဲ့ သည်​ ပညာပါရမီစာကြည့်​တိုက်​ လုပ်​ငန်းများအပြင်​ ​အောက်​ပါလုပ်​​ဆောင်​ချက်​တို့ကို လုပ်​​ဆောင်​ခဲ့ပါသည်​။

၁။ အ​ခြေခံမှ ဘွဲ့ရအထိ လူငယ်​တို့အား
ယဉ်​​ကျေးလိမ္မာနှင့်​ အသိပညာ​ပေး သင်​တန်းများ။

၂။ ကွန်​ပျူတာကို အ​ခြေခံမှ အဆင့်​မြင့်​အထိ သင်​တန်းများ ။
၃။ တက္ကသိုလ်​​ပေါင်းစုံမှ ​ကျောင်းသား၊​ကျောင်းသူများအား Campaign နှင့်
Advocacyသင်​တန်းများ။

၎။ လူငယ်​အတွက်​​ Writing and Reading for Critical
Thinking သင်​တန်းများ ။

၅။ ဆရာ၊ဆရာမများအတွက်​ (RWCT)
ဆရာအတတ်​ပညာမွမ်းမံသင်​တန်းများ။

၆။ ချို့ တဲ့​သော ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်းများ၊ အစိုးရ မူ-လယ်
တန်း​ကျောင်းများ၊ ​ကျောင်းပြင်​ပပညာ​ရေး​ကျောင်းများ(NFPE)သို့ လိုအပ်​​သော ​ကျောင်းသုံးပရိ​ဘောဂများနှင်
စာ​ရေးကိရိယာများကို လှူဒါန်းခြင်း ။

၇။ မူ၊လယ်​၊ထက်​ ​ကျောင်းသား/သူများ
အား အဂ်​လိပ်​စာ အ​ခြေခံမှ (4-Skills)
သင်​တန်းများ ပို့ချခြင်း။

၈။ စာ​ပေ​ပြော​ပြောပွဲများပြုလုပ်​ခြင်း
စ​သောလူသား အကျိုးပြု လုပ်​ငန်းများကို
လုပ်​​ဆောင်​ခဲ့ လုပ်​​ဆောင်​​နေပါသည်​။
ယခုအခါ၌ ပညာပါရမီစာကြည့်​တိုက်
သည်​ ​ခေတ်​မီဖွံ့ဖြိုး တိုးတက်​လာ​သော
ခေတ်​စနစ်​ဖြင့်​ ​လျော်​ညီစွာ Modern
Library သို့ အသွင်း​ပြောင်း၍ IT
နည်းပညာရပ်​များဖြင့်​ လူသားအကျိုးပြု
လုပ်​ငန်းကို ပညာဒါန ​ပေးပါ​တော့မည်​။
ထိုအကျိုးပြုလုပ်​ငန်းများ
ပညာပါရမီ စာကြည့်​တိုက်​တွင်
Computer နှင့်​ Tablet များ ထားရှိ​ပေးပြီး အင်​တာနက်​ အသုံးပြုမှုများကို
ပညာဒါန အဖြစ်​ အသုံးပြုခွင့်​​ပေးထား
မည်​ဖြစ်​ပါသည်​။

ထိုအခွင့်​အလမ်းများကို လူမျိုးဘာသာ
မ​ရွေး မည်​သူမဆို အသုံးပြုနိုင်​​ကြောင်း
သတင်း​ကောင်းပါးလိုက်​ပါသည်​။

ရရှိနိုင်​​သော အခွင့်​အလမ်းများ

၁။အင်​တာနက်​အသုံးပြု အချိန်​ပမာဏမှာ (၂၄)နာရီ အချိန်​ပြည့်​ရရှိပြီး
လစဉ်​(60)GB အသုံးပြုနိုင်​သည်​။

၂။ကျောင်းသား၊​ကျောင်းသူများအတွက်​ ပညာရပ်​ဆိုင်​ရာ စာအုပ်​များ၊ ဝိဇ္ဇာသိပ္ပံဘာသာရပ်​ဆိုင်​ရာစာအုပ်​များ အလွယ်​တကူ ရယူနိုင်​ပါသည်​။

၃။သုတရသ စာအုပ်​များ၊
ကွန်​ပျူတာစ​သောနည်းပညာစာအုပ်​များ
နှစ်​သိန်း​ကျော်​တို့ကို
Computer နှင့် Tabletများဖြင့် ​​​​ ဖတ်​ရှုခြင်း ​Downloat ​ခြင်းများကို
အချိန်​တိုအတွင်း၌ ရရှိ​​အောင်
ဖန်​တီး​ပေးထားပါသည်​။

၎။ကိုယ်​ပိုင်​ဖုန်းများ၊ Tabletများ
Computer Laptop များဖြင့်​ မိမိတို့ စိတ်​တိုင်းကျ လိုအပ်​သလို အသုံးပြုနိုင်​ရန်​ Wi-Fi networks ကိုလည်း ဖွင့်​​ပေးပြီး
တစ်​​နေရာတည်း၌ ဗဟုသုတစုံ၊ ပညာရပ်​စုံ၊ သတင်း အချက်​အလက်​အစုံ စ​သောပညာ​ရေး၊စီးပွား​ရေး၊နိုင်​ငံ​ရေး​တို့ကို သိရှိရရှိနိုင်​ရန်​ ရှေ့ လမှာ စတင်​ဖွင့်​လှစ်​ပြီး လူသားအကျိုးပြုလုပ်​ငန်းတို့ကိ
ပညာဒါနပြုလုပ်​မည်​ဖြစ်​​ကြောင်း
ထပ်​ဆင့်​၍ သတင်း​ကောင်း
ပါလိုက်​ပါသည်​။


ပညာပါရမီစာကြည့်​တိုက်
ပညာပါရမီကုသိုလ်ပြုအဖွဲ့
ကပ်ကျော်ကမ္ဘာအေး
ဝိပဿနာဓမ္မရိပ်သာ
မ​ကွေး -​ တောင်​တွင်းလမ်း
မ​ကွေးပညာ​ရေး​ကောလိပ်​အနီး
အောင်ဇေယျာရပ် ၊မကွေးမြို့ ။
ဖုန်း- 09401557922

0 comments:

Post a Comment