Sunday, November 16, 2014

နတ်မောက်မြို့နယ်တွင် ပြတ်ရှဒဏ်ရာများဖြင့် လူတစ်ဦးသေဆုံး



မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွှေပန်းတောတိုက်နယ် ထန်ပင်ကုန်းကြီးအုပ်စု ကံဆွယ်ကျေးရွာတွင် လူတစ်ဦးပြတ်ရှဒဏ်ရာများဖြင့် တောထဲတွင်သေဆုံးကြောင်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နံနက် ၈ နာရီကသိရသည်။

          ဖြစ်စဉ်မှာ ထန်ပင်ကုန်းကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှထန်ပင်ကုန်းကြီးအုပ်စု ကံဆွယ်ကျေးရွာ အရှေ့ဘက်(၂)မိုင်ခန့်အကွာ ညောင်ပင်ကုတ်ကွင်းချောက်ကမ်းပါးဆင်ခြေလျှောတွင် ပြတ်ရှဒဏ်ရာများဖြင့် လူတစ်ဦးကိုယ်လုံးချွတ်ဖြင့် သေဆုံးနေကြောင်း ဖုန်းဖြင့်သတင်းပေးချက်အရ ရွှေပန်းတောစခန်းမှူး ရဲအုပ်အောင်စောဦးနှင့်တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ကံဆွယ်ကျေးရွာနေ (ဖ)ဦးအောင်စိန် ၏သား ဦးဝင်းလှိုင် အသက်(၄၃)နှစ် တောင်သူသည် ယာခင်းပြောင်းကြဲရင်းနွားကျောင်းရန် တစ်ဦးတည်းထွက်သွားခဲ့ရာ ၂၀၁၄ ခုနှစ် ယခုလ ၁၅ ရက်နေ့ ညနေ (၅)နာရီအထိ ပြန်လာခြင်းမရှိ၍ ဇနီးဖြစ်သူ ဒေါ်ညွန့်ရီမှ ရွာသား (၃၀)ဦး ခန့်ဖြစ် လိုက်လံရှာဖွေရာ ညနေ (၆)နာရီခွဲအချိန်ခန့်တွင် ယာခင်း၏အနောက်ဘက်သို့ ဦးခေါင်းပြုလျှက် လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက် ဘယ်ဘက်လက်ပြင်ပြတ်ရှဒဏ်ရာ(၂)ချက် ဘယ်ဘက်လက်ကောက်ဝတ်ကျိုး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ရွှေပန်းတောနယ်မြေရဲစခန်း (ပ)၆/၂၀၁၄ ပြစ်မှုပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စခန်းမှုးရဲအုပ်အောင်စောဦး ထံမှ သိရသည်။
                                                                                                                                   နတ်မောက်သားမြွေဟောက်

0 comments:

Post a Comment