This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, November 29, 2014
သုံးနှစ်အတွင်းအဆတစ်ထောင်ကျော်မြင့်တက်သွားတဲ့မြို့ရှောင်လမ်းဘေးကမကွေးမြေဈေးကွက်
မကွေး  နိုဝင်ဘာ
       မကွေးမြို့မြို့ရှောင်လမ်းနှင့်အခြေခံကျန်းမာရေးတက္ကသိုလ်လမ်းဆုံရာထောင့်မြေကွက်များ၊
၎င်းလမ်းနှစ်လမ်း၏လမ်းဘေးဝဲယာမြေကွက်များသည်သုံးနှစ်တာကာလအတွင်းအဆတစ်ထောင်ကျော်အထိ မြင့်တက်သွားကြောင်းသိရသည်။
      "လွန်ခဲ့တဲ့သုံးနှစ်လောက်ဒီမြေကွက်တွေဟာနှစ်
သိန်းသုံးသိန်းလောက်ပဲရှိပါတယ်။အဲ့ဒိ့တုန်းကတော့ဝယ်သူရှာပြီးရောင်းချင်သူတွေများတဲ့ကာလပေါ့။မြေအမျိုးစားကစားကျက်မြေများပြီးဆီထွက်သီးနှံစိုက်လို့ရတဲ့မြေကနည်းပါတယ်။နွားစာအဖြစ်ပြောင်းနဲ့ထင်းသုံးဖို့ပဲစင်းငုံတွေပဲစိုက်လို့ရတယ်။ဒီနားကရွာတွေကနေမြို့ပေါ်ရောက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူမြို့ပေါ်ကစီးပွားရေးလုပ်ငန်းရှင်းများ၊အခြားမြို့ဝယ်လက်တွေပါလာတဲ့နောက်ပိုင်းမှာတော့သိန်းဆယ်ဂဏန်း၊ရာဂဏန်းကနေထောင်ဂဏန်းထိအောင်အဆင့်ဆင့်တဟုန်းထိုးမြင့်တက်သွားပါတယ်"ဟုကန်ရွာလေးကျေးရွာမှဒေသခံတစ်ဦးကပြောပြသည်။
   မကွေးမြို့အဆင့်မြင့်မြို့တော်ခန်းမတွင်စက်တင်ဘာလ(၂၄)ရက်နေ့ကမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြို့မိမြို့ဖများရပ်ကွက်အုပ်ချုပ်ရေးမှူးများ
ဖြင့်ကျင်းပခဲ့သည့်အစည်းအဝေးတွင်မကွေးမြို့ရှောင်လမ်းဘေးတွင်ကုန်တင်ကားကြီးများအတွက်ကားကွင်းသစ်တည်ဆောက်မည့်အစီအစဉ်နှင့်လမ်းပြမြေပုံအကြမ်းထွက်ပေါ်လာခဲ့သည်။၎င်းနောက်တွင်မြို့ရှောင်လမ်းသို့ကားကြီးကားငယ်အသွယ်သွယ်ဖြင့်ဝယ်လက်များဒလဟောဆင်းလာပြီးအပြိုင်အဆိုင်ဝယ်ကြရာယခုဆိုလျှင်ထုံးပေါက်တောတောင်ရွာ၏အနောက်တောင်ဘက်ထိအောင်တစ်ဧကသိန်း(၁၅၀)၊သိန်း(၂၀၀)အထိဈေးပြိုင်စနစ်ဖြင့်ဝယ်ယူနေကြကြောင်းသိရသည်။
လက်ရှိအခြေနေကမြို့တွင်းပိုင်းမှာအရောင်းအဝယ်ပုံမှန်ပါ။သိသိသာသာအေးသွားတာကအောင်စေတနာ၊အောင်မေတ္တာနှင့်အောင်ဇေယျာရပ်ကွက်တွေပေါ့။ဝယ်လက်တွေကမကွေးမြောက်ဘက်ကိုအာရုံကြနေကြတယ်။အများစုကတော့မြို့အပြင်အဝေးပြေးလမ်းမကြီးဘေးတွေမှာဓါတ်ဆီရုံဆောက်ဖို့နှင့်ဥယျာဉ်ခြံမြေစိုက်ပျိုးဖို့ဝယ်သူတွေများပါတယ်"ဟုမကွေးမြို့ပေါ်ကအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးကပြောသည်။
                       မကွေး ချစ်ပေါက်
၀၉ ၄၀၁၅၃၇၀၆၀
Gmail magwaychitpauk@gmail.com
တောင်တွင်းကြီးမြို့နယ်မှ ခိုးယူသယ်ဆောင်လာသော တရားမ၀င်သစ်များနှင့် နွား ၂၆ ကောင် လှည်း ၁၃ စီး လူ ၁၃ ဦးတို့ကို မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်တွင် တရားမ၀င်
သစ်မျိုးစုံ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်
နိုဝင်ဘာ ၂၉ ရက် နံနက် ၃း၃၀ အချိန်ခန့်တွင် မြို့သစ်မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွဋ် ၏ အနီးကပ် ဦးဆောင်ကြီးကြပ်ညွှန်ကြားမှုဖြင့်
မြို့သစ်မြို့မစခန်းမှူး ဒုရဲမှူး ကံပို ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၁၇
ဦးခန့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းကိုကို၊ ရဲအုပ်
ဝင်းကျော်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၉ ဦးတို့ခန့်သည် သက်သေများဖြစ်သော
လယ်ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးထင်လင်းကျော် ဈေးရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းသန်းတို့နှင့်အတူ နေပြည်တော်၊ မြို့သစ်၊ ကံပြား
လမ်းမကြီး သန်းကုန်းရွာ အရှေ့တောင်ဘက်တွင် တရားမ၀င် သစ်လှည်းများ
သယ်ဆောင်နေကြောင်း သတင်းအရ ကင်းပုန်းဝပ် စောင့်ကြည့်ခဲ့သည်ဆို၏။ ထိုသို့
တရားမ၀င် သစ်လှည်းများ ဖမ်းဆီးရမိရေး ကင်းပုန်ဝပ် စောင့်ကြည့် နေစဉ်
သန်းကုန်းကျေးရွာ အရှေ့တောင်ဘက်ရှိ ကားလမ်းဘေး အနီး လှည်းလမ်းပေါ်တွင်
နွားလှည်းများဖြင့် တရားမ၀င်သစ်များ တင်ဆောင်လာသည်ကို စစ်ဆေး
တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာ နတ်မောက်မြို့နယ် ၀မ်းဘဲအင်းကျေးရွာ နေသူ
၁၃ ဦးအား လှည်း ၁၃ စီး၊ နွား ၂၆ ကောင်၊ ပျဉ်းကတိုး၊ သစ်မာ၊ ဓါးရွေးတုံး
(၂၄)တုံး စုစုပေါင်း ၄.၀၃၈ တန် စုစုပေါင်း ကာလတန်ဖိုး ၁၂၁၁၄၀၀ိ/ ကျပ် အား
တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးရမိခဲ့သည်ဆို၏။ အဆိုပါ
ဖမ်းဆီးရမိသည့် သစ်များမှာ တောင်တွင်းကြီးမြို့နယ်
ကျားကိုက်စခန်းအပိုင်မှ ၀င်ရောက်ခုတ်ယူသယ်ဆောင်ခဲ့ပြီး
တောင်တွင်းကြီးမြို့နယ်အတွင်းမှ မြို့သစ်မြို့နယ်အတွင်း ဖြတ်သန်းကာ
နတ်မောက်မြို့နယ် ၀မ်းဘဲအင်းကျေးရွာသို့ သယ်ဆောင်စဉ် ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်း အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍  တရားမ၀င် သစ်သယ်ဆောင်သူ
သန်းတင် ၄၅ နှစ် (ဘ) ဦးအေးမောင်၊ ၀င်းဌေး ၃၀ နှစ် (ဘ) ဦးသိန်းစိန်၊
တင်ငွေ ၄၅ နှစ် (ဘ) ဦးချစ်လှိုင်၊ သိန်းစိုး ၂၈ နှစ် (ဘ) ဦးကြည်အေး၊
ဝင်းသိန်း ၃၈ နှစ် (ဘ) ဦးစံသိန်း၊ ခင်အောင် ၃၄ နှစ် (ဘ) ဦးညွန့်တင်၊
မော်ကြီး ၂၉ နှစ် (ဘ) ဦးအောင်ငြိမ်း၊ ၀င်းနု ၄၇ နှစ် (ဘ) ဦးဂျစ်တီး၊
သိန်းသန်းဌေး ၂၇ နှစ် (ဘ) ဦးညွှန့်ကြည်၊ ကျော်ရဲအောင် ၃၂ နှစ် (ဘ)
ဦးစံတင်၊ ၀င်းဦး ၂၁ နှစ် (ဘ) ဦးကျော်အေး၊ ဆန်းလင်းအောင် ၂၂ နှစ် (ဘ)
ဦးတင်မောင်လင်း ၊ ဖိုးပု ၄၈ နှစ် (ဘ) ဦးသာကျောက်၊ ၀မ်းဘဲအင်းကျေးရွာ
နတ်မောက်မြို့နေသူ ၁၃ ဦးနှင့် နွားလှည်း ၁၃ စီး သစ် ၂၄ လုံး နွား ၂၆
ကောင်တို့အား မြို့သစ်မြို့နယ် သစ်တော ဦးစီးမှူးထံ
ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်
၇း၃၀ အချိန်တွင် လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၄င်း
တရားမ၀င် သစ်များ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ
တရားမ၀င် သစ်များသယ်ဆောင်လာသူများကို သစ်တောဥပဒေအရ အရေးယူ သွားမည်
ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အလားတူ လွန်ခဲ့သော ၁.၁၀.၂၀၁၄ ရက်နေ့မှ
၁၄.၁၁.၂၀၁၄ ရက်နေ့ အထိ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်အတွင်းမှ
ရက်ပေါင်း ၄၅ ရက်အတွင်း တရားမ၀င် သစ်မျိုးစုံ စုစုပေါင်းတန် ၄၅ တန်နီးပါး
ဖမ်းဆီးရမိပြီး မော်တော်ယာဉ် ၄ စီး လှည်း ၄ စီး နွား ၈ ကောင် ဆိုင်ကယ် ၂
စီး လူ ၈ ဦး  ငါးမန်းတစ်လက် ချိန်းစောတစ်လက် တို့အား
အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ
စုံစမ်းသိရှိရသည်။ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းမြေလတ်ဒေသတွင်
တရားမ၀င် သစ်များကို နေ့စဉ်နီးပါး နည်းမျိုးစုံဖြင့် ခုတ်လှဲ ခိုးယူ
သယ်ဆောင်နေသောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု များပြား
လာပြီး သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်
ထိခိုက်လာမှုကြောင့် မလိုလားအပ်သော ဆိုးကျိုးများ
ဖြစ်ပေါ်လာနိုင်သောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထိရောက်စွာ
အရေးယူဆောင်ရွက် ဟန့်တားသင့်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက
သူ့အမြင်သဘောထားကို ပြောကြား သိရှိရသည်။
ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276
Friday, November 28, 2014
စကိုင်းနက် ပုလိစ်ချန်နယ် နတ်မောက်တွင် ဒေသခံပြည်သူနှင့် ရဲတပ်ဖွဲ့ထံမှ သတင်းယူ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် စကိုင်းနက် police ချန်နယ်မှ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ထံမှ သတင်းယူရိုက်ကူးရေးများ ပြုလုပ်ကြောင်း သိရသည်။
          ၂၄ ရက်နေ့တွင် ဒေသခံရပ်မိရပ်ဖများနှင့် ဆရာတော်များထံမှ နတ်မောက်မြို့နယ်၏ သမိုင်းအကြောင်းနှင့် ရဲတပ်ဖွဲ့လုပ်ဆောင်ချက်များ၊ ရဲတပ်ဖွဲ့အပေါ်အမြင်များထားရှိမှုတို့ကို သတင်းမေးမြန်းရိုက်ကူးရေးများ ပြုလုပ် သွားကြောင်းသိ၇သည်။
          အဆိုပါညပိုင်းတွင် မြို့မရဲစခန်းရဲတပ်ဖွဲ့၏ နယ်မြေအေးချမ်းရေးလှည့်ကင်းရပ်ကင်းဆောင်ရွက်ချက်များ အားသတင်းမှတ်တမ်းရိုက်ကူးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး မောင်ကို တို့၏တာဝန်ဝတ္တရားနှင့်နယ်မြေသမိုင်းအကျဉ်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးလုပ်ဆောင်ချက်များ၊မှုခင်းများအကြောင်းမေးမြန်းသတင်း ရိုက်ကူးသွားကြောင်းရဲမှူးစိုးမြင့်လွင် ကပြောကြားသည်။
                                                                                      နတ်မောက်သားမြွေဟောက်
                                                                                       ၀၉၂၅၆၂၂၇၉၃၃
Thursday, November 27, 2014
မြေလတ်ကာတွန်း
naingyuwai
<naingyuwai@gmail.com> မှ ပေးပို့ပါသည်။
ဆိပ်ဖြူမြို့နယ်၏ (၂၇-၁၁-၂၀၁၄)ရက်နေ့ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့ အထဖြစ်ပေါ်လာရေး
  ဆိပ်ဖြူမြို့နယ်၏ (၂၇-၁၁-၂၀၁၄)ရက်နေ့
စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့ အထဖြစ်ပေါ်လာရေး အထက-ဆိပ်ဖြူနှင့် အထက(ခွဲ) ကိုးတောင့် ကျေးရွာတို့တွင် မြို့နယ်ပြန်/ဆက် ဝန်ထမ်း များက Mobile Library ကိုအပတ်စဉ်ကွင်းဆင်းဆောင်ရွက် ပေးနေစဉ်။
                                      မြို့နယ်ပြန်/ဆက်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး
           ဆိပ်ဖြူ  နိုဝင်ဘာ  ၂၆
    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေဖြင့် ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သွားမည့် လုပ် ငန်းများညှိနှိုင်းဆွေးနွေးပွဲကို(၂၆-၁၁-၂၀၁၄)
ရက်နေ့ နံနက်(၁၀)နာရီအချိန်က ငွေသဲဖြူ ခန်းမ၌ပြုလုပ်သည်။
   အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးနှင့် မြို့ နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူ ပြုကော်မတီဝင်များ အုပ်ချုပ်ရေးမှူးများ စာ ရေးများဖြင့် ရပ်ကွက်/ကျေးရွာများတွင် ပြည် ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် အမှန်တ ကယ်လိုအပ်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် တင်ပြတောင်းခံ ရေးနှင့် အမှန်တကယ်လိုအပ်နေသည့် ကျေး ရွာများ၏ လမ်း တံတားသောက်သုံးရေနှင့်အ ခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုတင်ပြတောင်း
ခံကြရန် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရှိရ သည်။
ပေးပို့သူ - ကိုမျိုး (ယောဧရာ)
ဆိပ်ဖြူမြို့ ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်
ဆိပ်ဖြူ  နိုဝင်ဘာ  ၂၆            
မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ဆိပ်ဖြူမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌  ၂၀၁၄-၂၀၁၅
ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် လားရှိုးကြယ် ကုမ္ပဏီက(၁၈-၁၁-၂၀၁၄)ရက် က အောက်ခြေ ဖောင်ဒေးရှင်းများစတင် ဆောက်လုပ်နေကြောင်းသိရသည်။
    ဝန်ထမ်းအိမ်ရာများမှာ ဆရာဝန်နေအိမ် နှစ်ခန်းတွဲ တစ်လုံး (၄၄ ပေ ၃၉ ပေ ၁၂ ပေ)
RC တစ်ထပ်ဆောက်လုပ်သွားမှာဖြစ်ပြီး ဒေသခံပြည်သူများအတွက်အချိန်ပြည့်ကျန်း
မာရေးစောင့်ရှောက်မှုများအထောက်အကူရှိ လာမည်ဖြစ်သည်။
အဆိုပါဝန်ထမ်းအိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများကို စံချိန်စံညွှန်းမီ အမြန်ဆုံးပြီးစီး ဆောက်လုပ်နိုင်ရေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူ ပြုကော်မတီဝင်များနှင့် ဆောက်လုပ်ရေး ကော်မတီဝင်များတို့က ၂၀၁၅-ခုနှစ် မတ်လ အတွင်းအချိန်မီပြီးစီးရေး ကုမ္ပဏီတာဝန်ခံ များနှင့်ညှိနှိုင်းဆောင်ရွက် ကြည့်ရှုကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
                                      မြို့နယ်ပြန်/ဆက်
မင်းဘူးမြို့နယ်တွင် မိုဘိုင်း နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးဝါးကုသမှုဆောင်ရွက်
မင်းဘူး    နိုဝင်ဘာ     ၂၆
          မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဇီးအိုင်ကျေးရွာရှိ သာသနာ့ဗိမ္မာန် ကျောင်းတိုက်ဝင်းအတွင်း ၌  နိုဝင်ဘာ ၂၅ရက် နံနက် ၈း၃၀ နာရီကမကွေးတိုင်းဒေသကြီး ကျန်းမာေ၇းဦးစီးဌာန၏ အစီအစဉ်ဖြင့် မိုဘိုင်း နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ ဆေးဝါးကုသပေးမှုများဆောင်ရွက်ခဲ့ကြသည်။
          မိုဘိုင်း နယ်လှည့်ဆေးကုသရေး အဖွဲ့မှမင်းဘူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကို မင်း (သွားနှင့်ခံတွင်းအထူးကု)ဒေါက်တာမေပိုပိုသာ(အထွေထွေရောဂါ-ပါရဂူ) ဒေါက်တာနီနီဝင်း၊ဒေါက်တာ တင်ထွန်းအောင်၊ဒေါက်တာ တင်အောင်ချို၊ ဒေါက်တာ နိုဇင်ရှိန်၊ ဆေးဝါးကျွမ်းကျင် ဒေါ်ဝင်းစန္ဒာဦးနှင့် သူနာပြုဆရာမများ၊ဆင်ခေါင်းကျေးရွာ ကျေးလက်ကျန်းမာေေ၇းမှူးနှင့်ကျန်းမာရေးဆရာမများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များသည် ဇီးအိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသမှုဆောင်ရွက်ပေးခဲ့ရာ အထွေထွေရောဂါဝေဒနာရှင်(၁၄၅)ဦး သွားနှင့်ခံတွင်းဝေဒနာရှင်(၄၀)ဦး ကလေးရေဂါဝေဒနာရှင်(၂၅)ဦး၊သားဖွားမီးယပ်ဝေဒနာရှင်(၇)ဦး စုစုပေါင်း (၂၁၇)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
                                                                                                          09-256545189
မြောက်လူးကန်မှ ပွင့်လန်းလာမည့် တိုင်းရင်းသားပညာရေးပန်းကလေးများ.... ကိုနေဦးမောင်
 ပခုက္ကူမြို.နှင့်(၆)မိုင်ခန်. ကွာဝေးသော မြောက်လူးကန်ကျေးရွာကလေးသည် အိမ်ခြေ
(၄၀ဝ)နီးပါးရှိပြီး ပဲမျိုးစုံသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်.ရွာကလေး ဖြစ်သည်။ ဆရာ
တော်ဦးဇောတိကသည် ရွာ၏ကလေးငယ်များပညာရေးအတွက် ၁၉၉၉ ခုနှစ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
၂၀ဝ၄ ခုနှစ် မေလ ၂၉ ရက်နေ.၌
နိုင်ငံတော်မှ အမှတ်(၁၃)ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူကြို/သူငယ်တန်း ၅၀ဦး၊ ပထမတန်း ၂၁ဦး၊
ဒုတိယတန်း ၂၁ ဦး၊ တတိယတန်း ၁၆ ဦး၊ စတုတ္တတန်း ၂၃ ဦး၊ ပဉ္စမတန်း  ၂၈ဦး၊
ဆဋ္ဌမတန်း  ၂၃ဦး၊ သတ္တမတန်း ၂၅ ဦး၊ အဋ္ဌမတန်း ၁၈ဦး၊တို.အား ဆရာ၊ဆရာမ
(၈)ဦးတို.မှ ပညာသင်ကြားပေးလျက်ရှိသည်။ မူလွန်ကျောင်းအဖြစ် ၂၀ဝ၈ ခုနှစ်က စတင်
ဖွင့်လှစ်ကာ ပုဗ္ဗာရုံပရဟိတဘုန်းတော်ကြီးသင်ကျောင်းအဖြစ် ဖုန်းကန်၊ ကွမ်းစီကန်၊
ပန်းတိုင်းခြုံ၊ ဥကံ္က၊စသည်.ကျေးရွာများ၏ အားထားရာပညာရေးကျောင်းဖြစ်လာခဲ့သည်။
၂၀၁၄-၁၅ ပညာသင်နှစ်တွင် ဆရာတော်ဦးဇောတိကသည် ဗုဒ္ဓသာသနာ နှင့်ပညာရေး ကို
အမြော်အမြင်ကြီးစွာ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ် မင်းတပ် မတူပီနယ်မှ ချင်းတိုင်း
ရင်းသားကလေးငယ် ပဉ္စမတန်းကျောင်းသား(၃)ဦးအား ရှင်သာမဏေအဖြစ်လည်းကောင်း၊ သူ
ငယ်တန်းတွင် (၂)ဦးကိုလည်းကောင်း၊ ချင်းတိုင်းရင်းသူ(၆)ဦးတို့ကိုလည်းကောင်း အလုံးစုံ
တာဝန်ယူလျက် ပညာသင်ကြားပေးလျက်ရှိသည်။
 သမီးရဲ့အမည်က မထန်းလှီးပါ ပဉ္စမတန်း
ကျောင်းသူဖြစ်ပါတယ် သမီးရဲ့ရွာက မင်းတပ်နဲ့(၆)မိုင်ဝေးတဲ့ အိမ်ခြေ(၆၀)သာရှိတဲ့ မကြန်း
ကျေးရွာဖြစ်ပါတယ် သမီးမှာ အဖေအမေရှိပါတယ် မွေးချင်း(၇)ယောက်မှာ တတိယမြောက်
ဖြစ်ပါတယ် မြောက်လူးကန်ရွာကလေးမှာ နေရတာပျော်ပါတယ် ပရိတ်ကြီး(၁၁)သုတ်၊ (၃၈)
မင်္ဂလာတရားတော်နဲ့ ညတိုင်း ဘုရားရှိခိုးပါတယ် သမီးရဲ့ ရည်မှန်းချက်က အင်ဂျင်နီယာကြီး
လုပ်ပါ့မယ် ချင်းတိုင်းရင်းသူလေး မထန်းလှီးက ပြောသည်။
 သမီးရဲ့အမည်က မထန်းစိမ်း
ဖြစ်ပါတယ် ဆဌမတန်းမှာ ပညာသင်ကြားနေပါတယ် မိဘ(၂)ပါးရှိပါတယ် မွေးချင်း(၈)ဦးမှာ
သမီးက (၄)ယောက်မြောက်ဖြစ်ပါတယ် ဆရာဝန်ကြီးလုပ်မယ်ဟု မထန်းစိမ်းက ပြောသည်။
ပဉ္စမတန်းကျောင်းသူ မရွှီးပိုင်ကလည်း ဆရာဝန်ကြီးလုပ်မယ်ဟု ပြောသည်။
မရွှီးပိုင်နှင့်
အြွမာညီအစ်မကလည်း ဆရာဝန်မကြီးလုပ်မယ်ဟု ပြောသည်။ ဆဌမတန်းကျောင်းသူ
မထန်းလိုင်းကမူ ရဲမေအဖြစ် ထူးထူးခြားခြား ရည်မှန်းချက်ထားရှိသူ ဖြစ်သည်။ မကြန်းရွာ
ကလေးသည် မင်းတပ် မတူပီကြား ကားလမ်းဘေး၌ တည်ရှိသည်။ မြောက်လူးကန်မှ
ပွင့်လန်းလာမည့် တိုင်းရင်းသား ပညာရေးပန်းကလေးများသည် စာရေးသူအပြန်တွင် နယာမိ
နဲ့ယဲ့ (မင်္ဂလာပါ) နပွေသာနီး (ကျေးဇူးတင်ပါတယ်) ဟု နှုတ်ဆက်စကားဆိုလေသည်။
စာရေးသူလည်း ကြည်နူးမှုအပြည့်ဖြင့် ပခုက္ကူမြို့သို့ ပြန်ခဲ့ပါတော့သတည်း ။
 ကိုနေဦးမောင်
စေတုတ္တရာမြို့ နယ်တွင်ယခုနှစ်မိုးရာသီ၌စမ်းသပ်စိုက်ပျိုးသည့်ဗီယက်နမ်စပါးစံကွက်ရိတ်သိမ်း
  စေတုတ္တရာ  နိုဝင်ဘာ 
  မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌စမ်းသပ်စိုက်ပျိုးသော ဗီယက်နမ်မျိုးစပါးစံကွက်ရိတ်သိမ်းပွဲကို နိုဝင်ဘာ(၂၅)ရက်နေ့က ၄င်းမြို့နယ်အမှတ်(၁)ရပ်ကွက်မှတောင်သူဦးခင်မောင်ရီစိုက်ပျိုးထားသည့်ကွင်းအမှတ် ၉၃(ခ)
ဦးပိုင်အမှတ်(၁၀၂)၁.၇၅ ဧကစိုက်ခင်းနှင့်၊တောင်သှူုဦးစိန်ဒိုးဦးပိုင်အမှတ်(၇၄)၁.၂၅ဧကစိုက်ခင်းတို့တွင်ရိတ်သိမ်းပွဲ
ကျင်းပကြောင်းသိရှိရသည်။
  အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့စေတုတ္ထရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးရွှေအောင်၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးလှထွေး
အောင်နှင့်ဝန်ထမ်းများက ၆´×၆´ပေစံကွက်ရိတ်သိမ်းခဲ့ရာဦးခင်မောင်ရီ၏စိုက်ခင်းမှဗီယက်နမ်စပါးအစိုထွက်နှုန်းတစ်ဧက
လျှင်(၁၈၁.၁၅)တင်းနှုန်းထွက်ရှိကြောင်းနှင့်တောင်သူဦးစိန်ဒိုး၏စပါးစိုက်ခင်းမှ၎င်းစပါးမျိုးတစ်ဧကလျှင်(၁၇၉.၆၉)တင်း
နှုန်းထွက်ရှိကြောင်းသိရှိရသည်။
ခြင်း၊အထွက်နှုန်းတိုးသည်ကိုကြိုက်နှစ်သက်ခြင်း၊စပါးထွက်ရှိသောအဆီအနှစ်ပြည့်ဝသောဆန်ကောင်ခြင်း၊ထမင်းနူးညံ့
ခြင်းနှင့်ရောင်းတန်းဝင်ခြင်းတို့ကြောင့်လာမည့်နှစ်စိုက်ပျိုးရန်အတွက်ဗီယက်နမ်မျိုးစပါးတစ်တင်းလျှင်တစ်သောင်းပေး၍ကြိုတင်ဝယ်ယူကြကြောင်း၊စလင်းမြို့နယ်၊ပွင့်ဖြူမြို့နယ်နှင့်ငဖဲမြို့နယ်များရှိကျေးရွာများတွင်လည်းစမ်းသပ်စိုက်ပျိုးကြောင်း
မင်းဘူးခရိုင်စိုက်ပျိုးဦးစီးဌာနမှသီနှံ့စိုက်ပျိုးရေးတာဝန်ခံဦးသိန်းဝင်းကပြောပြ၍သိရှိရသည်။
                                                     ဇွဲထက်ရှင်
      မကွေးမြို့ ။  ။Ph.09256539457