This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 31, 2014

အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးဥပဒေအား အမြန်ဆုံးပြဋ္ဌာန်းပေးရန် မဖသ အဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၂၀၀ ခန့် တောင်တွင်းကြီးမြို့နယ်အတွင်း လှည့်လည်ဆန္ဒပြ

အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရေး
အတွက် အောက်တိုဘာ ၃၁ ရက် နေ့လည် ၁း၃၀
အချိန်ခန့်တွင် တောင်တွင်းကြီးမြို့၌ သံဃာတော်များအပါအ၀င် လူ ၂၀၀ ခန့်
လမ်းလျှောက်လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုဆန္ဒပြတောင်းဆိုမှုကို တောင်တွင်းကြီးမြို့နယ် အမျိုးဘာသာသာသနာကာကွယ်
စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှ
ရပ်ကွက်၊ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ မဖသ အဖွဲ့ဝင်များ
သံဃာတော်များ သီလရှင်များက အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး
တောင်းဆိုခဲ့ကြသည်။ ၄င်းဆန္ဒပြပွဲကို သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဆန္ဒပြမှုကို
တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတောင်စေတီတော်မြတ်ကြီး
အနောက်ဖက် မုဒ်တွင် စတင်ခဲ့ပြီး နတ်မောက်-တောင်တွင်း လမ်းမကြီး အတိုင်း
တောင်တွင်း-မကွေးလမ်းမကြီး ဘူတာပတ်လမ်း တောင်တွင်း-ပြည်-ရန်ကုန်လမ်း
ပုဏ္ဍ၀တီလမ်းမှ လမ်းလျှောက်လှည့်လည်ဆန္ဒပြခဲ့ပြီး ရွှေအင်းတောင်
စေတီတော်မြတ်ကြီးပေါ်တွင် မျိုးစောင့် ဥပဒေအကြောင်း
ဟောပြောမှုများပြုလုပ်ကာ ဆန္ဒပြပွဲအား အဆုံးသတ်ခဲ့သည်။
 အဆိုပါဆန္ဒပြရာတွင်
ပါဝင်ခဲ့သည့် အမျိုးသား တစ်ဦးက မျိုးစောင့်ဥပဒေကို
အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့်
တာဝန်ရှိသူများက မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ မျိုးစောင့် ဥပဒေကို
အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ သမ္မတကြီးနှင့်တာဝန်ရှိသူတွေကို ဒီနေရာကနေ
တောင်းဆိုလိုက်ပါတယ်။ လူမျိုးမပျောက်ဖို့အတွက် မျိုးစောင့် ဥပဒေက အလွန်
အရေးကြီး ပါတယ်။ ဒီဥပဒေကို မျက်စိမှိတ်ကန့်ကွက်သူတွေအားလုံးက
အမျိုးသားသစ္စာဖောက်တွေလို့ ကျွန်မ အနေနဲ့တော့ ခံယူတယ်ဟု ဆန္ဒပြနေစဉ်တွင်
ပါဝင်သူအမျိုးသမီး တစ်ဦးက သတင်းမီဒီယာ၏မေးမြန်းချက်ကို
ထုတ်ဖော်ပြောကြားလိုက်သည်။ ဆန္ဒပြနေသူများသည်မြန်မာတိုင်းရင်းသားလူမျိုးများ မပပျောက်ရေးအတွက် အမျိုးစောင့်
ဥပဒေအမြန်ပြဋ္ဌာန်းပေး ဒို့အရေး၊ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး ဒို့အရေး၊
အမျိုးစောင့်ဥပဒေ အတည်ပြုရေး ဒို့အရေး၊ အမျိုးစောင့်ဥပဒေ လိုက်နာရေး
ဒို့အရေး၊ အမျိုးစောင့်ဥပဒေ ဆန့်ကျင့်သူများ ဒို့မလိုလား၊
အမျိုးစောင့်ဥပဒေ ကန့်ကွက်နေသူများ ဒို့မလိုလား၊
မျက်စိမှိတ်ကန့်ကွက်နေသူများ ဒို့မလိုလား၊ သေချာစွာမသိသေးဘဲ
ဆန့်ကျင့်နေသူများ ဒို့မလိုလား၊ အမျိုးသားရေးချိုးဖောက်သူ ဒို့ရန်သူ၊
အမျိုးကိုမစောင့်သူ အမျိုးသားရန်သူ၊ အမျိုးဘာသာသာသနာကာကွယ်ရေး အောင်ရမည်၊
စသည့် ကြွေးကြော်သံများ(၁၁)ချက်အား ကြွေးကြော်၍ ဗွီနိုင်းဆိုင်းဘုတ်များ
ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ 
ဆန္ဒပြပွဲဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့်အောင်မြေဘုံ ကျောင်းဆရာတော် အရှင်အဂ္ဂသေနက မျိုးစောင့်ဥပဒေသည်
မြန်မာနိုင်ငံ အသက်သွေးကြောဖြစ်သည်။ ဒီဥပဒေကို အမြန်ပြဋ္ဌာန်းပေးဖို့အတွက်
ဘုန်းကြီးတို့ နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အားလုံးကို
တောင်းဆိုလိုက်တယ်။ မျိုးစောင့်ဥပဒေသည် နိုင်ငံနှင့် အစိုးရကိုလည်း
ထိခိုက်မှု မရှိဘူး။ နိုင်ငံတကာ လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့လည်း
ကိုက်ညီတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့လည်းကိုက်ညီတယ်။ လူမျိုးခြား
ဘာသာခြားများတို့ကိုလည်း ထိခိုက်နစ်နာမှုများ မရှိသည့် အတွက်
အမျိုးစောင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ကို တောင်းဆိုတယ်ဟု မီဒီယာ၏လျှောက်ထားမေးမြန်းမှုကို မိန့်ကြားသည်။

ဟင်္သာ(တောင်တွင်းကြီး)၊
 အတွင်းရေးမှူး၊
 မြို့နယ်စာရေးဆရာအသင်း၊
 တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

မကွေး-လားရှိုး AA Family BUS ယာဉ်မောင်း သေဆုံး သည့် လူသတ်မှု

Express AA  Family  Bus ယာဉ်မောင်း ကိုဇော်ကြီးဟာ လားရှိုးမြို့ သုံးဘီးသမား (၁၀)ဦး ရဲ့ အုပ်စုလိုက် ဝိုင်းရိုက် ခြင်းခံလိုက်ရလို့ လားရှိုးဆေးရုံကြီးမှာ (၂၈)ရက်အောက်တိုဘာ မှာသေဆုံးသွားကြောင်း  Lashio News Diary မှ သိရ ပါတယ်။

လားရှိုးမြို့ထဲကို အချိန်မှန် ဝင်နေကြ AA  Bus ခရီးသည်တင် ကား ဟာ နေ့စဉ် နံနက်(၁၀)နာရီ ဆိုက်ရောက်ပါတယ် အောက်တိုဘာ (၂၇)ရက်နေ့ က နဲနဲနောက်ကျ ပြီး နံနက် (၁၀း၁၅) မှ ရောက်လာပါတယ်။ တောင်တွင်းသား ကိုဇော်ကြီး ယာဉ် မောင်း ဦးဆောင် လာပြီး ယာဉ်နောက်လိုက် နှစ်ဦး ပါပါတယ်။

ဆိပ်ဖြူသား ကိုနိုင်ဝင်း နဲ့ ချောက်သား ကိုမောင်မောင် ကားဝန်ထမ်း (၃)ဦး နဲ့ မောင်းနှင်လာတာဖြစ်ပါတယ်။ လားရှိုးမြို့ ရပ်ကွက်(၁) GE တပ် အဝင် မှာ ဆင်းချင်တဲ့ ခရီးသည် ပါလို့ ခေတ္တ ပေးလိုက်စဉ်l သုံးဘီး များ အလုအယက် ရောက်လာပါတယ်။ ကားရပ်တယ် ဆိုတာနဲ့ အမည်မသိ သုံးဘီး သမား တစ်ဦးက ExpressAA ကား ပေါ် အတင်းတက်လာပါတယ်။ သုံးဘီး ရမယ် ဘာမယ် ဘယ်သွားမလဲ ပြော ပြောဆိုဆို ဒေါသတကြီး ပြေး တက်လာတာပါ။ ယာဉ်နောက်လိုက်နှစ် ဦးက မတက်ဖို့ တားပါတယ်။ ယခင် က ပစ္စည်းပျောက်ဖူး လို့ လုံခြုံရေးအရတားတာပါ။ ဟန့်တား တာကို မကျေနပ် တဲ့ သုံးဘီးသမားက  လက်မှာ အသင့် ပါ လာတဲ့ တုတ်နဲ့ ရိုက်ပါတော့တယ်။ ယာဉ်နောက်လိုက် နှစ်ယောက်လုံး ကို ဝိုင်းရိုက်ကြတာပါ။ ယာဉ်မောင်း ကိုဇော်ကြီးက ဝင်တားပါတယ် သူ့ပါ ရိုက်ပါတယ် ။ တောင်တွင်းသား ကိုဇော်ကြီး(၃၅)နှစ် ယင်းဆိပ်ရွာ ဝဲ ဦးခေါင်း ချိုစောင်း ပေါက်ပြဲ ။ ဆိပ်ဖြူသား ကိုနိုင်ဝင်း (၂၆)နှစ်  ယာချိုစောင်း ဝဲလက်မောင်း ပေါက်ပြဲ။ ချောက်သား ကိုမောင်မောင်  (၂၆)နှစ် ယာနဖူး ပေါက်ပြဲ ဖြင့် လားရှိုးဆေးရုံ ကြီး သို့ ရောက်ရှိနေပြိး ကိုဇော်ကြီးမှာ စိုးရိမ်ရ ကြောင်း ကူညီဆောင်ရွက်သူ ပြောပြ၍ သိရပါ တယ်။

သုံးဘီးစီးသူ ရရှိရေး အတွက် သုံးဘီးသမား တွေက လူမလိုက်မီ ခရီးသည် ပစ္စည်းကို အလုအယက် သယ်ယူလေ့ ရှိပါတယ်။ ခရီးသည် လက်ဆွဲအိတ် ပျောက်လို့ (၃)သိန်း အလျော်ပေးခဲ့ ရကြောင်း ဂိတ်မှူးက ပြောပါတယ်။ မကွေး AA ကား သမား(၃)ယောက် ကို ဝိုင်းရိုက် သူများ ကို စုံစမ်း စစ်ဆေး ရာ လားရှိုးမြို့ ပြိုင်မြင်း အသင်းမှ သုံးဘီးယာဉ်မောင်း များ ဖြစ်ကြောင်း။ လားရှိုးမြို့ အမှတ်(၉) ရပ်ကွက်နေ သန်းဇော် နှင့် အမှတ်(၁၀)ရပ်ကွက်နေ သားငယ် တို့ (၁၀)ဦး ဖြစ်ကြောင်း။ ရိုက်နှက်ရာ တွင် အသုံးပြု သောတုတ် များမှာ သစ်သားတုတ် နှင့် သံတုတ် များဖြစ်ကြောင်း စုံစမ်း စစ်ဆေး တွေ့ရှိရ သည် ဟု မကွေးလားရှိုဂိတ် တာဝန်ခံ ဦးနေဝင်းမြင့် က ပြော ပါတယ် ။ ၎င်းဦးနေဝင်းမြင့် က လားရှိုးမြို့ အမှုဖွင့်၍ လားရှိုးမြို့ မြိ့မရဲစခန်း (ပ) ၃၃၃/၁၄ ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ ရေး ဖွင့်ပြီး ဒုရဲအုပ် စိုင်းကိုကို မှ စစ် ဆေးနေစဉ် ယာဉ်မောင်း ဇော်ကြီး သေဆုံး သွားခြင်း ဖြစ်ပါတယ်။

ကိုဇော်ကြီး (၃၅)နှစ် ဟာ အောက်တိုဘာ ၂၈ ရက်နေ့ ည သန်းခေါင်ကျော် (၁း၁၅)မှာ ပြင်းထန် သောဒါဏ်ရာ တို့ ဖြင့် လားရှိုးဆေးရုံကြီး တွင် သေဆုံး သွား တာဖြစ်ပါတယ်။
၂၉ ရက်နေ့ မြို့မရဲစခန်း လားရှိုး ကို စုံစမ်းကြည့် တော့ သုံးဘီး ယဉ်မောင်း သားငယ် တစ်ဦး သာ ဖမ်းဆီး ရမိသေးကြာင်း ။  အမြန်ဆုံး ဖမ်းဆီး အရေးယူ နိုင် ရန် ဆောင် ရွက် လျက်ရှိကြောင်း သိရပါတယ်။
ဒေသခံများ ပြော ပြချက်အရ အမြန်ဆုံး ဖမ်းဆီးအရေးယူ ပေးဖို့ အရေးကြီးပါတယ် ။ မင်းမဲ့စရိုက် ဆံဆံ အကြမ်းဖက် ရမ်းကား နေတာ ဒီတစ်ကြိမ် ထဲဟုတ်ဖူးဗျ ။ လာသမျှ ခရီးသည် တင် ကားတွေ ကို အုပ်စုဖွဲ့ ပြီး ဆိုးသွမ်း ခြင်းကို လစ်လျူရှုထား လျင် ကြီးမားသော လူဆိုးဂိုဏ်း ဖြစ်လာဖွယ် စိုးရိမ် ရကြောင်း ပြောပါတယ်။  ။

                                                                                       မောင်မောင်ချို(MGYU)

Thursday, October 30, 2014

မကွေးတိုင်းဒေသကြီး ပူးပေါင်းရဲတပ်ဖွဲ့က တောင်တွင်းကြီးမြို့မရဲစခန်းမှ အလိုရှိနေသော စောရကို စကုမြို့နယ် ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး ပူးပေါင်းနယ်မြေရဲတပ်ဖွဲ့က
တောင်တွင်းကြီးမြို့မရဲစခန်းမှ လွန်ခဲ့သော နှစ်လကျော်ခန့်က အလိုရှိနေသော
စောရကို တောင်တွင်းကြီးမြို့နှင့် မိုင်ပေါင်း ၁၅၀ ခန့်အကွာ
အသွားအပြန်ခရီးဖြစ်သော စကုမြို့အနီးရှိ ကျောင်းရွာအနီး
ကားလမ်းမကြီးပေါ်တွင် ၁၉-၁၀-၂၀၁၄ ရက်နေ့ ည (၁၂း၁၅) အချိန်တွင်
ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လ
၂၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့နယ်
အုန်းတော(၂)ရပ်ကွက် နေ ကိုဟိန်း ၃၃ နှစ် (ဘ) ဦးစိုးမြင့်
ဝါယာထိန်းအလုပ်ရုံတည်ထောင်ထားသူသည်

တောင်တွင်းကြီးမြို့မရဲစခန်းသို့ရောက်ရှိလာပြီး ၄င်းသည် သြဂုတ်လ ၂၆ ရက်
နေ့ ည ၉း၃၀ အချိန်ခန့်က ယာဉ်မောင်း ကိုတရုတ်ကြီးမှ လမ်းတွင်
ယာဉ်ပျက်နေကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ ၄င်းမှ အလုပ်ရုံပိတ်၍
တရုတ်ကြီး၏မော်တော်ယာဉ်အား သွားရောက် ပြင်ဆင်ခဲ့သည်ဆို၏။ နောက်တနေ့
သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် အလုပ်ရုံသို့
ပြန်လည်ရောက်ရှိပြီး အလုပ်ရုံဖွင့်စဉ် အလုပ်ရုံအတွင်း အနေအထား
ပျက်နေသဖြင့် အလုပ်ရုံအား လိုက်လံကြည့်ရှု့စစ်ဆေးရာ
အလုပ်ရုံခြံဝန်းတံခါးအောက် လွတ်နေသော နေရာမှ ဆိုင်အတွင်းသို့
လျှိုဝင်ပြီး ဆိုင်အတွင်းမှ ဖူဆိုအမျိုးအစား 24 V ဒိုင်နမို ၂ လုံး
တန်ဖိုးငွေကျပ် ၂ သိန်း ၆ သောင်းခန့်၊ 24 V မော်တာ ၁လုံး တန်ဖိုးငွေကျပ်
၁ သိန်း ၇ သောင်းကျပ်၊ AC အမ်ချာ ဒိုင်နမို ၁ လုံး ၅ ထောင်ကျပ်
မျက်နှာချပ် ပန်ကာတစ်ခု ၉ ထောင်ကျပ် စုစုပေါင်း ကာလ တန်ဖိုး ၄ သိန်း ၈
သောင်း ၉ ထောင်ကျပ်ခန့် ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ၀ါယာထိန်း
အလုပ်ရုံပိုင်ရှင်ဖြစ်သူ ကိုဟိန်းမှ ၄င်း၏ ပစ္စည်းများအား အလုပ်ရုံအတွင်း
ဝင်ရောက် ခိုးယူသည်များအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တရားလိုပြုလုပ်
တိုင်တန်း သဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၁၂/၂၀၁၄ ပြစ်မှုပုဒ်မ
၃၈၀ အရ အမှုဖွင့်လှစ်ထားခဲ့သည်ဆို၏။ 

ထို့နောက်
တောင်တွင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
ချစ်စိုးမင်းနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့
သွားရောက်စစ်ဆေးခြင်း၊ ဓါတ်ပုံမှတ်တမ်းရိုက်ယူခြင်း စသည့်ရဲလုပ်ငန်းများ
ဆောင်ရွက်ပြီး ဒိုင်နမိုမော်တာခိုးယူသူအား အမာခံ သတင်းပေးများအဖြစ်
ဝယ်ရောင်းတတ်သော ဆိုင်များအား လိုက်လံစုံစမ်းခြင်းများ ပြုလုပ်ရာ ရွှေအိုး
၁ ရပ်ကွက် အပိုင်း ၃ ဂန္ဓမာလမ်းနေ အောင်ကြည်နိုင်မှ အောင်ဆန်းဦးနှင့်
မဲလုံး တို့ လာရောက်ရောင်းချကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုဖြင့်
အလိုရှိနေသော တရားခံ၏ သတင်းအား ဂွင်းဆက်မပြတ်လိုက်လံစုံစမ်းရာ
စကုမြို့နယ်ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် စကုရဲစခန်းမှ
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးဝေဦး အဖွဲ့နှင့်
တောင်တွင်းကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
ချစ်စိုးမင်း အဖွဲ့မှ ပူးပေါင်းချိတ်ဆက် ဖမ်းဆီးရာ အမှုဖြင့် အလိုရှိနေသော
တရားခံ အောင်ဆန်းဦး ၂၆ နှစ် (ဘ) ဦးရာအောင် ရွှေအိုး(၁)ရပ်ကွက် အပိုင်း
(၃) တောင်တွင်းကြီးမြို့နေသူအား စကုမြို့အနီးရှိ ကျောင်းရွာကျေးရွာအနီး
ကားလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၉ ရက် နေ့ ည ၁၂း၁၅ အချိန်တွင်
ဖမ်းဆီးရမိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုအား
ဆက်လက်စုံစမ်းစစ်ဆေးပြီး ခိုင်မာစွာတည်ဆောက်၍ သက်ဆိုင်ရာတရားရုံးသို့
အမြန်တရားစွဲတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုရဲအုပ်
ချစ်စိုးမင်း ၏ပြောပြချက်အရ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ 
အတွင်းရေးမှူး၊ 
မြို့နယ်စာရေးဆရာအသင်း၊
 တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

သရက်ခရိုင် သရက်မြို့ ရဲ့ လောင်းကစားဖမ်းဆီးခြင်း စီရင်ခြင်း ကိစ္စ သတင်းဆောင်းပါး

စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ ပါ
သရက်ခရိုင် သရက်မြို့ ရဲ့
လောင်းကစားဖမ်းဆီးခြင်း စီရင်ခြင်း ကိစ္စ
သတင်းဆောင်းပါး
ပေါက်ကလေး (သရက်)

မကွေးမြို့က ပန်းခြံတွေ အာလုံးသိမ်းထားပြီး လွတ်လပ်ရေးပန်းခြံကိုလည်း သိမ်းတော့မည်။ ကန့်ကွက်စာများ အမြန်တင်

စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီ ဥပဒေနှင့်အညီ နည်းစနစ်ကျနစွာဆောင်ရွက်နေပါသည်။
ကန့်ကွက်သူ ဇော်မင်းထိုက် မှ မြေလတ်မီဒီယာသို့ လာရောက်၍ အောက်တိုဘာ ၃၀ ရက်နေ့မှာ သတင်းပေးသည်။

မန်းရွှေစက်တောဘုရားအောက်စက်တော်ရာ ယခုအခါ ရာသီမရွေးဖူးမျှော်နိင်ပါပြီ်

Tun Tauk added 3 new photos. မှကူးယူဖော်ပြသည်။
မန်းရွှေစက်တောဘုရားအောက်စက်တော်ရာ
ယခုအခါ ရာသီမရွေးဖူးမျှော်နိင်ပါပြီ်
တင်ရွှေ(မင်းဘူး)

မန်းရွှေစက်တော်ဂေါပကအသစ်ပြန်လည် ရွေးချယ်ရေး ကောလဟလသတင်းများထွက်ပေါ်

Tun Tauk added 2 new photos. မှကူးယူဖော်ပြသည်။
21 hrs ·
မန်းရွှေစက်တော်ဂေါပကအသစ်ပြန်လည်
ရွေးချယ်ရေး ကောလဟလသတင်းများထွက်ပေါ်
မန်းရွှေစက်တော်ဂေါပကအသစ်ရွေးချယ်ပွဲပြု
လုပ်မည်ဖြစ်ရာ ရပ်ကျေးအုပ်ချှုပ်ရေးရုံးများတွင်
ဂေါပကလုပ်ရန်စိတ်ဝင်စားသူများ အောက်တိုဘာ
၃၁ ရက်နေ့အထိလျှောက်လွှာများလာရောက်
ထုတ်ယူနိင်ကြောင်းမင်းဘူးမြို့နယ်သာသနာရေး
ဦးစီးဌာနမှသိရသည်


သို့သော်လည်း ရပ်ကျေးရုံးများတွင်လျွှောက်လွှာ
များသွားရောက်ယူရာ အောက်တိုဘာ ၂၉ ရက်နေ့
ထိလျွှောက်လွှာများထုတ်ယူမရကြောင်းသိရသည်
ထိုကဲ့သို့ဖြစ်နေ၍သာသနာရေးဦးစီးမှူးထံဆက်
သွယ်ရာ၎င်းမှကျွန်တော်လည်းဒီကိစ္စမြို့နယ်ထွေ
အုပ်ကိုဆက်သွယ်တော့ ရပ်ကွက်တွေကိုဖြန်ပေး
ထားပါတယ် ဘယ်လိုဖြစ်လဲတော့မသိသေးဘူး
မေးလိုက်ပါမယ်လို့ပြောတယ် တကယ်လျွှောက်
လွှာတွေမရရင်တော့ ရပ်ကွက်တွေမှာတာဝန်ရှိ
တယ်ဟုပြောသည်


မင်းဘူးမြို့မှစိတ်ဝင်စားသူတစ်ဦးက ကျွန်တော
လည်းဂေါပကအလုပ်လျွှောက်လို့ရတယ်ဆိုလို
လျွှောက်လွှာသွားယူတာ ရပ်ကွက်ရုံးကပိတ်နေတယ်
ဒါနဲ့ကိုအေးလွင်ကိုမေးတော့မရှိသေးဘူးတဲ့
ရက်ကတရက်ကျန်တော့တယ် ဒါဘယ်လိုဖြစ်တာ
လဲ ပြည်သူတွေမသိစေချင်တာလား ဒါမှမဟုတ်
ထိမ်ချန်တာလားဗျာ ဂေါပကရုံးက ၁၁ ဦးတောင်
လျွှောက်ပြီးပြီလိုကြားတယ်၊ ဒါပွဇင့်လင်းမြင်သာမှု
မရှိတာဘဲ နောက်ထပ်ကကြားတာ ၅ဦးရွေးပြီးပြီ
လို့ကြားတယ်၊
တကယ်လုပ်သင့်တာကအများပြည်သူတွေရဲ့ဆန္ဒ
နဲ့လုပ်ဖို့ကောင်းပါတယ် ရွှေတိဂုံဘုရားကရွေးချယ်တဲ့
အတိုင်းလုပ်သင့်တယ် ဒီဟာကရွှေတိဂုံဘုရားဂေါ
ပကရွေးတဲ့စည်းကမ်းပေါ့ဗျာ။

တင်ရွှေ(မင်းဘူး)

မန်းရွှေစက်တော်ဘုရား ဂေါပကလျောက်လွှာ များအားပြည်သူများလွယ်လွယ်ကူကူမရနိင်အောင် ကပ်ပြော

Tun Tauk added 2 new photos. မှကူးယူဖော်ပြသည်။
21 hrs ·
မန်းရွှေစက်တော်ဘုရား ဂေါပကလျောက်လွှာ
များအားပြည်သူများလွယ်လွယ်ကူကူမရနိင်၍
နောက်ဆုံးရက်ဖြစ်သော ၃၁ ရက်နေ့ထိဆိုသည်
မှာသဘာဝမကြဟုဆို
တင်ရွှေ(မင်းဘူး)

ရွှေစက်တော်ဘုရား ဂေါပကအ ဖွဲ့အားမည်သည်ရက် အချိန်၊ မည့်သည်နေရာတွင် ရွေးချယ်မည်ကိုမသိရှိရသေးပါ။

Tun Tauk added 2 new photos.မှကူးယူဖော်ပြသည်။
20 hrs ·
မန်းရွှေစက်တော်ဘုရား သြဝါဒစရိယနှင့်ဂေါပက
အဖွဲ့ရွေးချယ်ရေးကော်မရှင်ဖွဲ့စည်း
ကော်မရှင်ဥက္ကဋ္ဌမှာ စလင်းမြို့နယ် မဟာဝိသုတ
ရာမတိုက်သစ်ဆရာတော ဘဒ္ဒန္တကေတု
အတွင်းရေးမှုးမှာ မကွေးသံဃာရာမကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တစိတ္တာသာရ
အဖွဲ့ဝင်များမှာ ပွင့်ဖြူမြို့နယ်ရွှေစေတီကျောင်းဆ
ရာတော်ဘဒ္ဒန္တကုဏ္ဍလ၊ ပွင့်ဖြူမြို့နယ် ရွာသာကျောင်း
ဆရာတော် ဘဒ္ဒန္တပညာဝံသ၊စကုမြို့နယ်မဟာဓမိ
ကာရာမ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဥတ္တရ၊
မင်းဘူးမြို့နယ်သံဃနာယက ရွှေတွင်းကျောင်းဆ
ရာတော်ဘဒ္ဒန္တသာသန၊ မကွေးမြို့နယ် မဟာဝိသုတ
ရာမတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ္တတိလော
ကတို့နှင့်
မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချူပ်ရေး
မှူးဦးနေဝင်း၊ မကွေးတိုင်းဒေသကြီးသာသနာရေး
မှူးဦးထွန်းသန်းတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါကော်မရှင်အား ဖွဲ့စည်းခဲ့သည်ရက်အား
စုံစမ်းမရ၍ ရက်အတိအကျမသိရသလို ဂေါပကအ
ဖွဲ့အားမည်သည်ရက် အချိန်၊ မည့်သည်နေရာတွင်
ရွေးချယ်မည်ကိုမသိရှိရသေးပါ။

တင်ရွှေ(မင်းဘူး)

မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အား ပွင့်လင်း မြင်သာစွာ ဖွဲ့စည်းမပေးလျှင်ဆန္ဒပြ တောင်းဆိုမည် ဟုဆို

မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အား ပွင့်လင်း
မြင်သာစွာ ဖွဲ့စည်းမပေးလျှင်ဆန္ဒပြ တောင်းဆိုမည်
ဟုဆို
မကွေးတိုင်းဒေသကြီး၊မင်းဘူး/စကုမြို့နယ်ရှိ
မန်းရွှေစက်တော် ဂေါပကအဖွဲ့အသစ်ပြန်လည်ဖွဲ့
စည်းရာတွင် ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းမပေးပါက
ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ဒေသခံပြ
ည်သူများ၊ဘုရားပွဲဈေးသူဈေးသားများကိုယ်စား
စကုမြို့နေကိုနေမျိုးကျော်ကပြောကြားသည်၊
၎င်းမှဆက်လက်၍မန်းရွှေစက်တော် ဂေါပကအ
ဖွဲ့ကို အာဏာပိုင်များမပါဘဲ အရပ်သားများနဲ့ပြည်
သူတွေရဲ့အများဆန္ဒအညီ အသစ်ပြန်လည်ဖွဲ့စည်း
ပေးဘိုအတွက်ပြီးခဲ့တဲ့နှစ်က သာသနာရေးဝန်ကြီး
ဌာန၊သက်ဆိုင်ရာဌာနများနဲ့လွှတ်တော်ကို ပွင့်ဖြူ
မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဦး
အောင်မိုးညိုနဲ့တင်ပြမေးမြန်းခဲ့ပါတယ်၊အဲဒီနောက်
ဂေါပကအဖွဲ့မှာပါတဲ့ဌာနဆိုင်ရာတွေနုတ်ထွက်ပြီး
အရပ်သားဂေါပကအဖွဲ့ကို အများဆန္ဒနဲ့မဟုတ်ဘဲ
ဖွဲ့ခဲ့ပါတယ်၊အဲဒါလည်းဒေသခံတွေနဲ့ဘုရားပွဲဈေး
သည်တွေကဂေါပကအသစ်ပြန်လည်ဖွဲ့ပေးဘိုနဲ့
အသစ်ပြန်လည်ဖွဲ့ပြီးကာမှ ဘုရားလေလံလုပ်ငန်း
အပါအဝင်ဝေယျာဝစ္စကိစ္စအဝဝကို ဆက်လက်
ဆောင်ရွက်ဘို့သြဝါဒဆရာတော်ကြီးများအပါအ
ဝင်သက်ဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့ပါ
တယ်၊
ယခုလို့ဆောင်ရွက်ပေးတယ်အတွက်အားလုံးကို
ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်ဒီမိုကရေစီဆန်စွာ
နဲ့ပွင့်လင်းမြင်သာစွာလုပ်ဆောင်မပေးဘူးဆိုရင်
ဒေသခံတွေနဲ့ဈေးသည်များကဆန္ဒပြတောင်းဆို
သွားမှာအသေအချာပါဘဲ၊ အခုကောလဟာလ
ကြားနေရတာကအထက်ကဘဲ သူတိုသဘောနဲ့
ဥက္ကဌဘယ်သူ၊အတွင်းရေးမှုးဘယ်သူ၊တွဲဘက်
အတွင်းရေးမှုးဘယ်သူ၊ဘဏ္ဍာရေးမှုးကဘယ်သူ
တွေဆိုပြီး နာမည်နဲ့ထွက်လာတဲ့ကောလဟာလ
သတင်းတွေထွက်လာပါတယ်၊ ဟုတ်မဟုတ်စောင့်
ကြည့်ရမှာပေါ့၊ နောက်ထပ်ကြားနေရတာက ဂေါပ
ကလျွှေုာက်လွှာတွေကို ရပ်ကွက်အုပ်ချူပ်တွေရှိက
အလွယ်မရကြဘူးလို့ဒီနေ့သတင်းထွက်လာပါတ
ယ်၊ အခုဖြစ်နေတာကဂေါပကအဟောင်းတွေနဲ့
နီးစပ်ရာတွေသာဂေါပကအဖွဲ့ဖြစ်ဘို့မျာားနေပါတယ်
ဒီလိုတွေသာဖြစ့်လာရင်နည်းလမ်းဘယ်ကြပါ့မလဲ
မန်းရွှေစက်တော်ဘုရာူကြီးဟာ တန်ခိုးကြီးဘုရား
ဖြစပြီး တနိင်ငံလုံးကပြည်သူတွေစေတနာသဒ္ဒါထက်
သန်ပြီး လှုဒါန်းထားတဲ့ဘုရား ဘဏ္ဍာငွေများမြောက်
များစွာ ကိုင်တွယ်ထိမ်းသိမ်းသုံးစွဲနေရတာပါ၊နော
က်တခုက ဘုရားပွဲတော်ဟာ လရှည်ကျင်းပရတာ
ပါ အဲ့ဒီလိုကျင်းပဘိုအတွက် လုပ်ငန်လေလံတွေ
လုပ်ကိုင်ဆောင်ရွက်ရပါတယ် ဒ့ါတွေကိုပွင့်လင်းစွာ
မဆောင်ရွက်နိင်ခဲ့လိုဘုရားမှာအစစအရာရာ ဈေး
နုန်းတွေကြီးမြင့်လို့ဘုရားဖူးပြည်သူတွေ အကုန်အ
ကျများနေပါတယ် ဒါကြောင့်ဂေါပကအသစ်ပြန်လည်
ဖွဲ့စည်းပေးဘို့ဒေသခံပြည်သူတွေ၊ဈေးသူဈေးသား
တွေကအမုန်းခံတေူင်းဆိုခဲ့ကြတာပါ၊ ဒါကိုမှယခင်အ
တိုင်း၊ကောလဟာလကြားနေရတဲ့အတိုင်းဖြစ်လာ
ခဲ့ရင်တော့ဆန္ဒပြ တောင်းဆိုသွားမှာပါဟုပြောသည်။

တင်ရွှေ(မင်းဘူး)

မြန်မာနိုင်ငံအရပ်ရှည်ဆုံလူသား ကိုဝင်းဇော်ဦးအား အသည်းအထူးကုသမားတော်ကြီး ဒေါက်တာ ဦးခင်မောင်ဝင်း ကဲ့သို့ကူညီစောင့်ရှောက်ရန်လို၊ ဒေသခံအာဏာပိုင်မှ ဖုန်းဖြင့် ရင့်သီးစွာပြေဆို ဟုသိရ


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်းကျေးရွာတွင် နေထိုင်သော ကမ္ဘာတွင်ဒုတိယအရပ်ရှည်ဆုံးလူသား ကိုဝင်းဇော်ဦး အား မြန်မာနိုင်ငံအသည်းအထူးကု သမားတော်ကြီး ဒေါက်တာဦးခင်မောင်ဝင်း တစ်ဦးတည်းဖြင့် ကူညီထောက်ပံ့မှုဖြင့် စားဝတ်နေရေးမလုံလောက်သော အနေအထားတွေ့ရှိရ၍နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြခဲ့၍ မြို့နယ်ရှိတာဝန်ရှိသူများအားတိုင်းဒေသကြီး အစိုးရ ၏လမ်းညွှန်မှုဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဌာနဆိုင်ရာများထံမှ ကူညီထောက်ပံ့ပစ္စည်းများဖြင့် ဦးဝင်းဇော်ဦး နေအိမ်သို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက်ကူညီခဲ့ကြသည်။

          ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့်အဖွဲ့အား ကိုဝင်းဇော်ဦးမှ ခရီးဦးကြိုပြု၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော် ၊မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းဖေနှင့်ဌာနဆိုင်ရာအကြီးအကဲ(၂)ဦး မြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညိုကြီး (ခရိုင် မြေစာရင်းဦးစီးအရာရှိ-ငြိမ်း) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါ်ဌေးနှင့် ရပ်ကျေးစာရေးတို့အဖွဲ့မှ ကိုဝင်းဇော်ဦး၏ ဖြစ်စဉ်များကိုမေးမြန်း၍ ငွေကျပ် တစ်သိန်းနှစ်သောင်းခုနှစ်ထောင်၊ ဆန်တစ်အိတ်၊စားဆီ ၅ ပိဿာအား ကိုဝင်းဇော်ဦးထံ ကူညီထောင်ပံ့ခဲ့ကြောင်း သိရသည်။

          ဒီအဖွဲ့မလာခင် ကျနော့ဆီကို မြို့နယ်က တာဝန်ရှိသူတစ်ဦးဆိုပြီးဖုန်းဆက်တယ်။ သူပြောတဲ့စကားတွေက အရမ်းရင့်သီးတယ်။ခင်ဗျားက အလှူငွေနှင့်တိုက်ဆောက်ချင်တာလားဆိုတဲ့ မေးခွန်းမျိုး အမေးခံလိုက်ရတယ် ကျနော့ကိုမေးတဲ့ ဖုန်းနံပါတ်က ၀၉ ၂၅၆၂၁၃၁၄၁ ဟု ကိုဝင်းဇော်ဦးကပြောသည်။အဆိုပါဖုန်းအား ဆက်သွယ် မေးမြန်းရာ အစည်းအဝေးရှိလို့ဆိုပြီး ဖုန်းအား ပိတ်သွားသည်။

                   ဒီစကားမျိုးတော့ မပြောသင့်ဘူးထင်တယ်။ သတင်းထောက်က ရွာကိုရောက်လာတယ်။ သူလာတာကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်နှင့် တာဝန်ရှိသူများ ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေးဆောင်ရွက်ရန်လုပ်ငန်းများ လုပ်ဆောင်ရန် ကွင်းဆင်းလေ့လာတဲ့ အဖွဲ့ထဲပါလာပြီး ကိုဝင်းဇော်ဦးထံ စားဝတ်နေထိုင်ရေး အခြေနေကို မေးမြန်းသွားတယ် ကိုဝင်းဇော်ဦးက သတင်းတင်ပြဖို့ မပြောခဲ့ဘူး သတင်းထောက်ကတော့ တစ်ဦးတစ်ယောက်ထဲ ကူညီစောင့်ရှောက်မှုနှင့် မလုံလောက်တဲ့ အနေအထားကိုတွေ့ ရှိ၍ အခြေအနေမှန်ကို သိရှိပြီး သတင်းတင်ပြသွားတာ ဖြစ်နိုင်ပါတယ်ဟု ဒေသခံ တစ်ဦးကပြောသည်။
                                                                                                နတ်မောက်သားမြွေဟောက်
၀၉ ၂၅၆၂၂၇၉၃၃

ရဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရပ်မိရပ်ဖများအားတွေ့ဆုံရှင်းလင်းဆွေးနွေး

  ပေါက်   အောက်တိုဘာ   ၂၉
    ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ပြည်သူလူထုမှယုံကြည်အားကိုးမှုရရှိစေရန် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်နှင့်ပွင့်လင်း မြင်သာမှုရှိစေရန် ရဲလုပ်ငန်းနှင့်ပတ်သက် သည့် ရှင်းလင်းဆွေးနွေးပွဲကို အေါက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက ပေါက်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှူး သန်းအေးက ၂၀၁၄-ခုနှစ်တွင် ပေါက်မြို့နယ်ရဲတပ်ဖွဲ့၏ရဲလုပ်ငန်းများနှင့် ပတ်သက်၍ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီး ရမိသည့်တရားခံပြေးများ အခြားခရိုင် အခြား မြို့နယ်များမှ မိမိမြို့နယ်အတွင်း ခိုအောင်း ရောက်ရှိနေသောတရားခံပြေးဖမ်းဆီးရမိရေး
ဆောင်ရွက်မှုနှင့်ဖမ်းဆီးရရှိမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားသည်။

   ပေါက်မြို့နယ်အတွင်း ၂၀၁၂-ခုနှစ်မှ၂၀၁၄
ခုနှစ်အတွင်းအမှုကြီးအခြားအမှု ကြိုတင်ကာ ကွယ်မှုများ သုံးနှစ်တာကာလနှိုင်းယှဉ်၍ရှင်း လင်းပြောကြားပြီး ဖြစ်ပွါးမှုမရှိသေးသောအမှု နှင့်ဖော်ထုတ်ဆဲအမှုများနှင့်ပတ်သက်၍ပြည်သူလူထုမှပူးပေါင်းကူညီဆေါင်ရွက်ရန်အခြေ
အနေတို့ကိုဆွေးနွေးတင်ပြရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ ရပ်ကွက်အတွင်းနေပြည်သူများ၏တာဝန် ဝတ္တရားများနှင့် အခွင့်အရေးများ ရပ်ကွက် အုပ်ချုပ်ရေးဥပဒေပါရဲတာဝန်များဖြင့်ပူးပေါင်း
ဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်း ဆွေးနွေးသည်။ပေါက်မြို့နယ် ရဲတပ်ဖွဲ့လုပ် ငန်းများနှင့်ပတ်သက်သည့်ရှင်းလင်းဆွေးနွေး ပွဲသို့ မြို့ပေါ်(၄)ရပ်ကွက်ရှိအုပ်ချုပ်ရေးမှူးများ
အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်း အဖွဲ့များ အဝေရာလူမှုကူညီရေးအသင်းမှ အသင်းသား/သူများ ရပ်မိရပ်ဖများနှင့် ဖိတ် ကြားထားသည့် သတင်းမီဒီယာများ သတင်း ထောက်များ တက်ရောက်ကြကြောင်းသိရှိရ သည်။
                    
                                      မြို့နယ်ပြန်/ဆက်

အချစ်ဧည့်သည် လွင်မင်းနောင်(စင့်ကင်)

မမျှော်လင့်ပဲဆုံခိုက်
ကိုယ့်အကြိုက် သူလိုက်လျောဖူးခဲ့တယ်
မရည်ရွယ်ပဲအတူတွဲ
ကိုယ့်အသည်းသူလှုပ်ခါခဲ့ဖူးတယ်
မရည်မှန်းပဲနှစ်ယောက်ထဲ
ကိုယ့်ရင်ခွင်ထဲလသာခဲ့ဖူးတယ်
အခုတော့ဘယ်ဆီဘယ်မှာ
မခေါ်ပဲလာ မနှင်ပဲပြေး
ကိုယ်နှလုံးသားလေးအထီးကျန်ပြီဲ

       လွင်မင်းနောင်(စင့်ကင်)

Wednesday, October 29, 2014

မန်း​ရွှေစက်​​တော်​​ဂေါပက တကယ်​​ရွေးချယ်​​တော့မည်

မန်းရွှေစက်တော်ဂေါပကအဖွဲ့ အသစ်ပြန်လည်
ဖွဲ့စည်းမည်
ဟဲဟဲတကယ်ပြောတာပါ ၊ဒီတခါရွေးရင် မင်းဘူး
က ၂ဦး၊စကုက ၂ဦး၊ ငဖဲက ၂ဦး၊ပေါင်း ၁၀ဦး၊
ကျန်တာသက်ဆိုင်ရာကရွေး(သူတို့အကြိက်)ရွေး
မယ်ပေါ့၊အခုဂေါပကဝိုက်ဖို့အဲအဲလုပ်ဖို့စိတ်ဝင်စား
သူများ၊ ရွှေစက်တော်ဂေါပကရုံးမှာလာရောက်
လျှောက်ထားနိင်ကြောင်း ထွန်းတောက်မှမောင်း
ခတ်ကြေငြာအပ်ပါသည်၊


နောက်ကျနေမယ်နော်၊အခုနောင် ဒင်းတို့နီးစပ်
ရာတွေစည်းရုံးပြီး မင်း်လျှောက်ငါလျှောက်ဆိုပြီး
၎င်းတိုယခင်ယခင်အတိုင်း-(ဘာဖွဲ့ဖွဲ့ဒင်းတို့)သာ
လျှင်ဖြစ်ရမည်ဟုသံဓိဌါန်ချထားသည်နိယာမ
အရ၎င်းတိုသာလျှင်စားအဲအဲယောင်ပြန်ပြီဖြစ်ရ
အောင်ဂွင်ချလုပ်ဆောင်သွားနိင်ကြေင်း သတင်း
ပေးတစ်ဦးကပြောသည်၊


ကဲဗျာ အမှန်အကန်ဖြစ်ရအောင် သမ္မတကြီး၏
ပြောရေးဆိုခွင်ရှိသူ ကျွန်တော်တို့ရဲ့ပြန်ကြားရေး
ဝန်ကြီး ဦးရဲထွဠ်မှအကြံညဏ် အကူအညီပေးပါဦး
၊ရွှေစက်တော်ဘုရားကြီးဆိုတာ နိင်ငံအဝှမ်ုးပြည်
သူတွေသဒ္ဒါစိတ်၊ကုသိုလ်စိတ်နဲ့ နှစ်စဉ်လှုဒါန်းတာ
ဘုရားဘဏ္ဍာငွေသန်းထောင်ကျော်ရှိနေပါတယ်
ဒါကြောင် ဂွင်မဖှန်တဲ့သူများ(မယုံစာရင်းစစ်ကြည့်)
ပါဝင်လုပ်ဆောင်မှသာလျှင်ရွှေစက်တော်တွင်ဘု
ရားဖူးပြည်သူများအစစအရာရာဈေးနုံးချိုသာစွာ
ဖြင့်လာရောက်ဖူျးမျှာ်လှုဒါန်းနိင်မည်ဖြစ်ကြောင်း
ဒေသခံပြည်သူများကဝေဖန်ပြောဆိုနေကြောင်း
အမှန်အကန်သတင်းရရှိပါသည်။

တင်ရွှေ(မင်းဘူး)

Tuesday, October 28, 2014

နိုင်ငံဘဏ္ဏာငွေ ကိုထမင်းစားရေသောက်ခိုးစား ဖို့ကြံစည်နေသူလုပ်ကိုင်သူတွေက တော့အေးချမ်းသာယာခေတ်မီဖွံဖြိုး နေကြပုံပါဘဲ။

၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး
ပူးပေါင်းကော်မတီ၁၁အမှုကတော့
ဒီကနေ့တရားခွင်မှာကျနော်တို့တွေ
မမှားခဲ့ကြောင်းပေါ်လွင်သွားပါပြီ။
မကွေးမြို့အေးစေတီဘုရားဂေါပက
ဦးကြည်ဝင်းကမှန်မှန်ကန်ကန်
ထွက်ဆိုသွားတာတွေ့ရပါတယ်
စီရင်ချက်မချခင်စာအိတ်တွေရောက်
လာရင်တော့မပြောနိုင်ဘူးပေါ့။
တနေ့တည်းမှာဘဲဆင်ပေါင်ဝဲကလယ်သမား၅၀၀၀ကျော်ကိုဦးဆောင်ဆန္ဒဖော်ထုတ်သူကိုတင်
ထွန်းအောင်ရဲ့ပထမရုံးချိန်းမှာ
အာမခံဖို့လိုတဲ့အတွက်မကွေးမြို့က
ဦးဇော်မိုး(ဟင်္သာညီနောင်)
နဲ့၈၈ကကိုမောင်စိုးတို့၂ဦးကအာမခံ
ပေးကြလို့လယ်သမားတွေရဒ့ပထမဆုံးရုံးချိန်းက
အဆင်ပြေတယ်လို့ပြောရမှာဖြစ်
ပါတယ်။


။မြန်မာနိုင်ငံမှာဒီမိုကရေစီ
ရေးကြိုးပမ်းသူတွေအများအကျိုး
ဆောင်ရွက်သူတွေသတင်းမီဒီယာသမားတွေကတော့တရား
တဘောင်ရင်ဆိုင်အလုပ်ရှုပ်နေကြရ
ပေမယ့်ရေနံတူးသူတွေကျောက်မီး
သွေးတူးသူတွေရဲ့ချွေးနဲစာကို
ခိုးစားနေတဲ့သူခိုးကြီးကတော့
အဲယားကွန်းခန်းထဲမှာအဝီစိဂျိုး
ကပ်သည်ထိခိုးဖိုးဖွက်ဖို့ကြံနေမယ်
ထင်တယ်။


ဘိန်းကုန်ကူးသူတွေသစ်ခိုးထ်ုသူ
တွေ၂လုံး၃လုံးဒိုင်တွေနဲ့မကောင်းမှု
နယ်ပယ်တရားမဝင်နိုင်ငံဘဏ္ဏာငွေ
ကိုထမင်းစားရေသောက်ခိုးစား
ဖို့ကြံစည်နေသူလုပ်ကိုင်သူတွေက
တော့အေးချမ်းသာယာခေတ်မီဖွံဖြိုး
နေကြပုံပါဘဲ။

နေ မျိုး ကျော်

မြေလတ်မြို့တော်မကွေးတိုင်းဒေသကြီးမှာ အဆင်မြင့်ရုပ်ရှင်လေး ၂ ရုံလောက်တော့ ရှိသင့်ပါတယ်ဗျာ့ 

မြေလတ်မြို့တော် မကွေးမြို့
------------------------
ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်ခဲ့တာသင်ခဲရတယ်
မြန်မာနိုင်ရဲ့ တတိယမြို့တော်လို့ မှတ်သားခဲ့ဘူးတယ်
ငြိမ်းချမ်းတဲ့နယ်မြေတစ်ခုအဖြစ်လဲ မှတ်တမ်းဝင်ပါတယ်
တက္ကသိုလ် ကောလိပ် တွေလဲ များနေပါလျှက်နဲ့

အဆင်မြင့်ရုပ်ရှင်လေး ၂ ရုံလောက်တော့ ရှိသင့်ပါတယ်ဗျာ့ ..
 ကိုသက်မင်း(မကွေး)

အလွမ်းည လွင်မင်းနောင် (စင့်ကင်)

မှောင်ရီဝိုးတဝါး
သစ်ပင်တွေကြားမှာ
ချစ်သူစုံတွဲ
ချစ်ခြင်းတွေနှီးနှောချိန်။

သူငယ်ချင်းတစ်စု
လရောင်ကိုအားပြုပြီး
ထွေရာလေးပါး
စကားဖေါင်ဖွဲ့ချိန်။

မိသားတစ်စု
ပျော်ရွှင်မှုဖြင့်
ညစာထမင်း
ဝိုင်းဖွဲ့လို့ လက်ဆုံစားချိန်။

အို့  အဲဒီအချိန်တွေမှာ
ကိုယ်တစ်ယောက်
အထီးကျန် တိုက်ခန်းအောင်းလို့
ပြောစရာအဖော်မရှိ
ရင်ဖိုလှိုက်မော
တွေးတောရင်း
သတိရလိုက်တာ မင်းလေးကို။    ။
လွင်မင်းနောင်(စင့်ကင်)

နေပြည်တော်-ကန်ပြားလမ်းမကြီးပေါ်တွင် သုံးဘီးယာဉ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်လူသုံးယောက်ကိုဖမ်းဆီးရမိ


မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်အတွင်း နေပြည်တော်-ကံပြားလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၅ရက်နေ့နံနက်(၃)နာရီခန့်က သတင်းအရရှောင်တခင်စစ်ဆေးနေစဉ် နေပြည်တော်ဘက်မှမောင်းလာသော သုံးဘီးယာဉ်တစ်စီးအားတွေ့ရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူများက ပိုင်ဆိုင်မှုနှင့်ပါတ်သက်ပြီး လုံလောက်သော အကြောင်းပြချက် တစုံတရာပြသနိုင်ခြင်းမရှိသည့်အတွက်အရေးယူထားကြောင်းသိရသည်။

       မြို့သစ်မြို့နယ်၊ရွှေပန်းလုံခြုံရေးရဲကင်းမှဒုရဲအုပ်နိုင်ထွန်းလင်းတို့အဖွဲ့သည်ရွှေပန်းကျေးရွာအုပ်ချုပ်ရေး မှူး နှင့်အတူ သတင်းအရစစ်ဆေးမှုများဆောင်၇ွက်နေစဉ် နေပြည်တော်ဘက်မှမောင်းနှင်လာသည့်JRC စာတမ်းပါ အပြာရောင်သုံးဘီးဆိုင်ကယ်နှင့် ၁၀ယ/၇၂၆၀၃-ရင်ဇင်း(၁၁၀)အစိမ်းရောင်ဆိုင်ကယ်တို့အားရပ်တန့်စစ်ဆေးရာ သုံးဘီးဆိုင်ကယ်ပေါ်တွင် ရန်နိုင်ထွန်း(ဘ)ဦးအောင်မင်း၊မင်္ဂလာရပ်၊ပျဉ်းမနားမြို့နေသူဖြစ်ပြီးဇော်ထွန်းလင်း(ဘ) ဦး တင်အေး၊ဦးမင်းဒင်ရပ်ကွက်၊ပျဉ်းမနားမြို့နှင့်ချစ်ကိုကို(ဘ)ဦးမြင့်သောင်း၊ဦးမင်းဒင်ရပ်ကွက်၊ပျဉ်းမနားမြို့တို့ လိုက်ပါလာခဲ့သည်။မော်တော်ဆိုင်ကယ်ကိုမောင်းနှင်လာသူမှာကိုလတ်(ဘ)ဦးတိုး၊ဦးမင်းဒင်ရပ်ကွက်၊
ပျဉ်းမနားမြို့ တွင်နေ ထိုင်သူဖြစ်ပြီး၎င်းတို့အနေဖြင့်ကိုယ်တိုင်မောင်းနှင်လာသည့်ဆိုင်ကယ်များနှင့်ပတ်သက်ပြီးပိုင်ဆိုင်သော အကြောင်းပြချက်တစ်စုံတရာမပြနိုင်ပဲ မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရအရေးယူပေးရန် ဒုရဲအုပ် နိုင်ထွန်းလင်းက တရားလိုပြုလုပ်ကာ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှ(ပ)၂၉/၂၀၁၄၊ပြစ်မှုပုဒ်မ၃၇၉/ကျင့်၅၄အရ လည်းကောင်း၊(ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၇၉/ကျင့်၅၄အရလည်းကောင်းအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိ
 ကြောင်းသတင်းရရှိ သည်။
                                                                                                     အောင်ကျော်(မြို့သစ်)

ဆိုင်ကယ်စီးနင်းလာသူ ဒုရဲအုပ်တစ်ဦးအား ဆိုင်ကယ်စီးလာသူတစ်ဦးမှ မင်းမဲ့စရိုက်ဆန်ဆန် ပုလင်းဖြင့် ဦးခေါင်းအား ရိုက်ထွက်ပြေးသွားမှု တောင်တွင်းကြီးမြို့၌ ဖြစ်ပွား

တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက် တောင်တွင်း-ငမင်
ကားလမ်းမကြီးပေါ်တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈
နာရီအချိန်ခန့်က ဆိုင်ကယ်စီးနှင်းလာသူတစ်ဦးအား အမည်မသိ
ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက မင်းမဲ့စရိုက်ဆန်ဆန် နောက်မှ ဆိုင်ကယ်စီးလျက်
ပုလင်းဖြင့် ဦးခေါင်းအား ရိုက်ထွက်ပြေးသွားကြောင်း မြို့နယ်သတင်းထောက်မှ
သိရှိရသည်။

အဆိုပါ အရိုက်ခံရသူမှာ တောင်တွင်းကြီးမြို့မရဲစခန်းမှ
အလုပ်သင် ဒုတိယ ရဲအုပ် ထက်အာကာကျော် ဆိုင်ကယ်စီးနှင်းလာနေစဉ် အမည်မသိလူမှ
ဆိုင်ကယ်မောင်းနှင်၍ မင်းမဲ့စရိုက်ဆန်ဆန် ပုလင်းဖြင့် ဦးခေါင်းအားရိုက်၍
ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားကြောင်း မြို့နယ်သတင်းထောက်မှ သိရှိရသည်။
အဆိုပါ ဖြစ်ပွားမှုကြောင့် အလုပ်သင် ဒုတိယရဲအုပ် ထက်အာကာကျော်၏
ဦးခေါင်းနောက်စေ့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာ ရရှိသည်ကို တွေ့ရှိရ၍
မြို့နယ်အကြီးတန်းသတင်းထောက် ဟင်္သာတောင်တွင်းကြီးနှင့်
နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ချစ်စိုးမင်း နှင့် တာဝန်ရှိသူက
အချိန်မှီဆေးကုသမှုခံယူနိုင်ရန် တောင်တွင်းကြီးပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ကူညီပေးခဲ့သည်။ 
 
အဆိုပါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အငြိမ်းစား
ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ဒီကိစ္စမျိုးဟာ ယခင်တုန်းက ဖြစ်တယ်လို့
မကြားခဲ့ပါဘူး။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဥပဒေစိုးမိုးမှု အားနည်းတယ်လို့
ဆိုရမလား မသိဘူး။ ရဲတပ်ဖွဲ့အနေနဲ့ကလည်း ညအချိန် တာဝန်ထမ်းဆောင်နေချိန်မှာ
ယူနီဖောင်းဝတ်ထားသင့်ကြောင်း တစ်ဦးချင်းသွားလာမှုထက် အဖွဲ့အစည်းဖြင့်
သွားလာသင့်ကြောင်း၊ သက်ဆိုင်ရာက စည်းကမ်းပျက် မော်တော်ယာဉ်တွေကို
ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ကြေငြာထားသော်လည်း
မော်တော်ယာဉ်တွေကို နေ့ပိုင်းမှာသာ အရေးယူဆောင်ရွက်တာမျိုး
နာရီပိုင်းပြုလုပ်တာကိုပဲ တွေ့ရတယ်။ ညပိုင်းတွေမှာ
စည်းကမ်းပျက်ယာဉ်တွေကို အရေးယူတာ မတွေ့ရဘူး။ နေပြည်တော်မှာဆို နေ့၊ ည
ထိထိရောက်ရောက်အရေးယူနေတယ်။ အဲ့ဒီလို နေ့ည မလုပ်တော့ နံပါတ်ပြား မပါတာ၊
အိတ်ဇောဖြုတ်ထားတာ၊ အဲဒီလို မျိုးတွေက ညပိုင်းတွေမှာ
အရက်သေစာသောက်စားပြီး ရမ်းကားတာဖြစ်နိုင်တယ်။ ဒါကြောင့် ညပိုင်းတွေမှာပါ
ယာဉ်ထိန်းနှင့် ကျေးရွာရပ်ကွက် တာဝန်ရှိသူတွေက
ပူးပေါင်းဝိုင်းဝန်းထိန်းသိမ်းအရေးယူဆောင်ရွက်သင့်ပါတယ်။ 
 
ဒီလိုထိထိရောက်ရောက်အရေးယူမှုတွေကို သတင်းထုတ်ပြန်ထားတဲ့အတိုင်း
ဆောင်ရွက်မှသာလျှင် ယာဉ်အင်္ဂါရပ်ပြည့်စုံမယ်။ အဲဒီလိုပြည့်စုံရင်
နောက်ဆုံး ပတ်ဝန်းကျင်က နံပါတ်တော့ မှတ်ထားလို့ရတာပေါ့ဟု ၄င်းက
အကြံပြုပါတယ်။ အလားတူ ရှေ့နေဟောင်း ဦးစိုးမင်းကလည်း ဒီကိစ္စကို
သက်ဆိုင်ရာက အမှုဖွင့်ပြီး အမြန်ဆုံးဖော်ထုတ်ဖို့ လိုအပ်ပါတယ်။
ဒီလိုမှမဟုတ်ရင် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်တယ်လို့ ပြောပြပါတယ်။

အလားတူ ပညာရေးဝန်ထမ်း ဆရာဦးမင်းသိန်းကလည်း ဒီကိစ္စကို သက်ဆိုင်ရာ
ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ်သင့်တယ်။ အလွန်အကျွံတော့
မဖြစ်ဖို့လိုမယ်။ ဥပဒေနှင့်အညီတော့ ထိထိရောက်ရောက် ဟန့်တားထားသင့်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ညပိုင်းသွားလာနေတဲ့ ကျောင်းသား/သူတွေနဲ့
ပြည်သူတွေကို လူမှားပြီး အလားတူဖြစ်စဉ်မျိုးတွေ မကြုံတွေ့စေလိုဘူးလို့
ဆရာကဆိုပြန်ပါတယ်။ အလားတူ ပညာရေးဝန်ထမ်း(ငြိမ်း) ဆရာဦးဝင်းမောင်ကလည်း
မော်တော်ယာဉ်တွေကို နေ့ည ထိထိရောက်ရောက် နေ့ရော ညပါ အရေးယူသင့်တယ်။
အရေးယူတဲ့နေရာမှာ ထုတ်ပြန်ထားတဲ့အတိုင်း အရှိန်မြှင့်မောင်းတာ
နံပါတ်ပြားမပါတာ အိတ်ဇောဖြုတ်မောင်းတာ အရက်သေစာသောက်စားမောင်းတာတွေကိုပါ
အဓိကထား အရေးယူသင့်ပါတယ်လို့ အကြံပြုတယ်။ 
 
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍
တောင်တွင်းကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်ချိုဦး ဖုန်း -
၀၉ ၂၅၆၁၄၈၃၉၂ သို့ အောက်တိုဘာ ၂၈ ရက် နံနက် ၉း၂၈ အချိန် မြို့နယ်သတင်း
မီဒီယာမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဒီမှာတော့ ဘာမှမသိရသေးကြောင်း၊
အမှုဖွင့်ထားခြင်းလည်း မရှိကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုအား
ပြန်လည်ပြော ကြားခဲ့သည်။
 
 တောင်တွင်းကြီးမြို့
ယာဉ်လမ်းစည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ တပ်ကြပ်ကြီးရဲဝင်းကလည်း
ကျွန်တော်တို့ နေ့စဉ် ထိထိရောက်ရောက် ရေးယူနေပါတယ်။ ညပိုင်းတွေပါ
အရေးယူနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များအား နောက်ထပ် လေးယောက်လောက်
တိုးမြှင့်ပေးမယ်ဆိုရင် ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိမှာက ကျွန်တော်တို့
အဖွဲ့ လေးဦးလောက်ပဲရှိပါတယ်။ ဒီလူနဲ့ဖြစ်အောင် ဆောင်ရွက်နေရတာပါ။
ဒါကြောင့် အားနည်းမှုတွေကြောင့် ရှိပါတယ်ဟု ယာဉ်စည်းကမ်းလမ်းစည်းကမ်း
ထိန်းသိမ်းရေးတာဝန်ခံ တပ်ကြပ်ကြီးရဲဝင်းက မီဒီယာသို့ပြောကြားပါတယ်။
ယင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူအချို့ကြား
အမျိုးမျိုးဝေဖန်မှုများထွက်ပေါ်နေကြောင်း၊ မြို့နယ်သတင်းထောက်မှ
စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊
 အတွင်းရေးမှူး၊ 
မြို့နယ်စာရေးဆရာအသင်း၊
 တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ.ဖြိုးတိုးတက်ရေးပါတီမြို.နယ်ရုံးဖွင့်စဉ် မြို.နယ်ဥက္ကဋ္ဌဝမ်းသာပီတိကြောင့်အသက်ဆုံးပါး နေဦးမောင်(ပခုက္ကူ)

မကွေးတိုင်းဒေသကြီးပခုက္ကူမြို. တွင်မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ.ဖြိုးတိုးတက်ရေး
ပါတီရုံးဖွင့်စဉ် ပါတီဥက္ကဋ္ဌဦးစိုးမြင့်အဖွင့်အမှာစကားပြောကြားပြီး ရောဂါအခံကြောင့်လည်း
ကောင်းဝမ်းသာမူ.ကြောင့်လည်းကောင်း ကုလားထိုင် ပေါ်မှလဲကျကာဆေးရုံသို.အချိန်မီပို.သော်
လည်းအသက်ဆုံးပါးသွားကြောင်းသတင်းရရှိပါသည်။ပါတီရုံးဖွင့်ပွဲအားအောက်တိုဘာ(၂၅)ရက်
စနေနေ.ညနေ(၄)ရီစတင်ခဲ့သည်။ရုံးခန်းအားအမှတ်(၁၅)ရပ်သီဟိုရှင်ဘုရားကြီးအနီး ဗိုလ်ချုပ်
လမ်းမ၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ရုံးဖွင့်ပွဲအခမ်းအနားသို.မြို.ပေါ်ရှိပါတီဝင်များ မီဒီယာများ
ဖိတ်ကြားထားသူများစုံညီစွာတက်ရောက်ကြသည်။မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ.ဖြိုးတိုး
တက်ရေးပါတီဥက္ကဋ္ဌကြီးသည်ဦးကျော်စွာစိုးဖြစ်ကြောင်းစလင်းနယ်သား ဖြစ်ကြောင်း ၈၈အရေး
အခင်းကာလတွင်နိုင်ငံအတွက်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း အရှေ.တောင်အာရှလယ်သမားအ
သင်းမှပေးအပ်ချီးမြှင့်သောအစွမ်းဆောင်နိင်ဆုံးဆုရရှိခဲ့သူဖြစ်ကြောင်းပါတီဗဟိုကော်မတီဝင်တစ်
ဦးကပြောသည်။ပါတီဗဟိုဋ္ဌာနရုံးချုပ်သည်ရန်ကုန်အမှတ် ၅၃ ပ/ဒုထပ်လေးထောင့်လမ်းမကြီး
သင်္ကန်းကျွန်းမြို.နယ်ဖြစ်သည်။တောင်သူလယ်သမားပါတီမှပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၅၀ အမျိုးသားလွှတ်တော် ၇၅ တိုင်းဒေသကြီး၌ ၃၀ဝ ဦးယှဉ်ပြိုင်သွားမည်ဟုသိရသည်
နေဦးမောင် (ပခုက္ကူ)

ပခုက္ကူပင်မမိုးကုတ်ဝိပသာနာမင်္ဂလာရိပ်သာကျောင်းတိုက်အတွင်းသမိုင်းပြတိုက် နှစ်ထပ်ကျောင်းဆောင် လှူဒါန်းမူ.ကျင်းပ နေဦးမောင်(ပခုက္ကူ)

ပခုက္ကူမြို.အမှတ်(၃)ရပ်ကွက် သံခိပ် ပင်မမိုးကုတ်ဝိပသာနာမင်္ဂလာရိပ်သာကျောင်း
တိုက်အတွင်း ဆောက်လုပ်မည်. သမိုင်းပြတိုက်ကြီးနှစ်ထပ်ကျောင်းဆောင်အတွက်ပန္နက်တင်
အခန်းအနား အောက်တိုဘာ (၂၅) ရက်နေ.နံနက် (၇)နာရီ အချိန်ကျင်းပခဲ့ကြောင်းသိရသည်။

ကုသိုလ်ရှင်မှာ ကွယ်လွန်သူဖခင်ကြီး ဦးဘို မိခင်ကြီးဒေါ်ရီရီ အဒေါ်ဒေါ်သိန်းညွန်. ညီမဒေါ်
အေးအေးမြင့်ညီဦးတင်မြင့် ဦးကျော်ငြိမ်းမြင့်တို.အား ရည်စူး၍ မန္တလေးမြို. မြို.သစ် အမှတ်
(၁)ရပ်ကွက် ဏ၇၊၅၂နေ ဦးရဲမြင့်(ဋ္ဌာနခွဲမှုး၊ရူပဗေဒ၊ငြိမ်း) ညီမဒေါ်မြင့်မြင့်ခင်မိသားစုတို.မှဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။ ပန္နက်တင်အခမ်းအနားသို. ဆရာတော်ကြီးဦးသုန္ဒရ
လက်ထောက် ဆရာတော်ဦးစန္ဒောဘာသ နှင့် ဆရာတော်သံဃာတော်များ မိုးကုတ် အကျိုး
တော်ဆောင် ဥက္ကဋ္ဌဦးတင့်ဆွေနှင့်အဖွဲ့ဝင်များ ယောဂီများ အလှူရှင်မိသားစုများ ဖိတ်ကြား
ထားသူများ စုံညီစွာတက်ရောက်ပြီး သာဓု အနုမောဒနာခေါ်ဆိုခဲ့ကြောင်းသိရသည်။
 နေဦးမောင်(ပခုက္ကူ)

အလုပ်သမား အခွင့်အရေးခံစားခွင့်များ လူမှုဖူလုံရေးဌာနမှ ပေးအပ်ပွဲ ပခုက္ကူမှာကျင်းပ နေဦးမောင်(ပခုက္ကူ)

၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသူ၏
ကျန်ရစ်သူ မိသားစုအား ငွေကြေးအကျိုးခံစားခွင့် ပေးအပ်ခြင်းအခမ်းအနားကို ပခုက္ကူမြို့
အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ အောက်တိုဘာ(၂၇)ရက်နေ့ နံနက်(၁၁းဝ၀)နာရီအချိန်
ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

(၁၂.၆.၁၄) ခုနှစ် နေ့ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပခုက္ကူ
စက်မှုလယ်ယာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒုဦးစီးမှူး ဦးဘိုသန်းသည် လုပ်ငန်းခွင်
အက်ဆီးဒင့် ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးခဲ့ရသည်။ လုပ်ငန်းခွင်အတွင်း အသက်သေဆုံးမှုအ
တွက် ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ကိုယ်တိုင် လာရောက်ပြီး ကျန်ရစ်သူမိသားစုအား
ငွေကျပ် (၃၁)သိန်း(၂)သောင်းအား ပေးအပ်ခဲ့သည်။ အဆိုပါပေးအပ်ပွဲသို့ ခရိုင်အဆင့်၊
မြို့နယ်အဆင့် တာဝန်ရှိသူများ၊ စက်မှုလယ်ယာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဖူလုံရေး
ဌာနမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ ပခုက္ကူမြို့ပေါ်ရှိ ဘဏ်များနှင့် လုပ်ငန်းရှင်များ
ဦးဘိုသန်း၏ဇနီး ဒေါ်ဝင်းမာသိန်းနှင့် ဆွေမျိုးမိသားစုများ တက်ရောက်ကြသည်။

ယခုလို
နိုင်ငံတော်က ကျန်ရစ်ခဲ့တဲ့ ကျွန်မတို့မိသားစုအတွက် ငွေကြေးအမြောက်အမြားကို ကူညီပံ့
ပိုးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ် ကျွန်မမှာ သမီးကြီး မသီတာပြည့်(တက္ကသိုလ်
ဝင်တန်း) သားမောင်ကျော်ဇောလင်း(ဆဌမတန်း)၊ တို့အတွက် ကျောင်းစရိတ်အတွက်လည်း
ပြည့်စုံသွားပါပြီ ယခုလို ဝန်ကြီးကိုယ်တိုင် လာရောက်တဲ့အတွက် ဝမ်းနည်းဝမ်းသာ
ဖြစ်ရပါတယ်ဟု ဦးဘိုသန်း၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာသိန်းက ပြောကြားပါသည်။
 နေဦးမောင်(ပခုက္ကူ)

ကားလိုင်းများ ပြေးဆွဲမှုအားကောင်းလာသည့် ပခုက္ကူ နေဦးမောင်(ပခုက္ကူ)

ပခုက္ကူခရိုင်မြို့ကြီးသည် ဆိပ်ဖြူ- ပခုက္ကူ- မြိုင်- ရေစကြို- ပေါက်မြို့နယ်များနှင့်
ဖွဲ့စည်းလျက် ကျေးရွာပေါင်း(၁၂၁၁)ရွာရှိသော ဒေသနယ်မြေကြီးဖြစ်ကြောင်း သိရသည်။

ပခုက္ကူခရိုင်ဒေသကြီးအပြင် ဂန့်ဂေါ- ဆော- ထီးလင်း- မင်းတပ်- မတူပီ- ပုလဲမင်း
တိုင်ပင်- ကလေးနယ်တို့နှင့် ရန်ကုန်- မန္တလေး- မုံရွာ- နေပြည်တော်အထိ
နေ့စဉ်ကားအဝင်အထွက် (၃၅၀)ဝန်းကျင်ရှိကြောင်းလည်း သိရသည်။ ပခုက္ကူဧရာဝတီတံတား
ကြီးပြီးစီးသွားသည်နှင့် ပခုက္ကူဒေသသို့ ကုန်စည်စီးဆင်းမှု၊ ဧည့်အလာများမှု၊ ကားလိုင်းများ
အပြိုင်အဆိုင်ဖွင့်လှစ်လာကြောင်းကို ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၁၂ ခုနှစ်
နှစ်ဦးပိုင်းကာလ၌ပင် ရန်ကုန်သို့ ရွှေမန်းသူ၊ ကြယ်စင်မိုး၊ ရွှေစင်စင်္ကြာ၊ ရွှေမြို့တော်၊
ပုဂံမင်းသား၊ ရဲသူအောင်၊ အောင်ကျော်မိုး၊ ဒဂုံစံပြကမ္မမန်း၊ နယူးရွှေမြင့်မိုရ်၊ အောင်နိုင်ဝင်း
ကားများ ပြေးဆွဲနေကြောင်း သိရသည်။ မုံရွာသို့ နေ့စဉ် ကားအဝင်အထွက် (၁၈)စီး၊
ပခုက္ကူ ရေစကြို(၁၂)စီး၊ ပခုက္ကူ မြိုင်(၂၂)စီး၊ နေပြည်တော်(၄)စီး၊ မန္တလေးသို့ (၃၈)စီး၊
ပြေးဆွဲလျက်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ ပခုက္ကူမှ တိုင်းဒေသကြီးအသီးသီးသို့
ကုန်စည်ဂိတ်ကြီး(၉)ခုမှ နေ့စဉ် ကုန်ကားကြီး(၂၂)စီးထွက်ရှိကာ ကုန်(၁)ပိဿာ ရန်ကုန်
(၉၀ိ)နှုန်း မန္တလေး(၂၅ိ)နှုန်းထားနှင့် ကုန်စည်အဝင်အထွက်အားကောင်းနေကြောင်းလည်း
သိရသည်။ ၂၀၁၅ ခုနှစ်အတွင်း ပခုက္ကူ တောင်ကြီးခရီးစဉ်များ ပြေးဆွဲလာသည့်အပြင်
အဆင့်မြင့်ကားလိုင်းဖြစ်သည့် E Lite မှ ပခုက္ကူ ရန်ကုန်ပြေးဆွဲလာကြောင်း သိရှိရသည်။

ကားလိုင်းတွေ များပြားလာတာနဲ့အမျှ ပခုက္ကူကားကြီးကွင်းကလည်း ကျဉ်းလာပါတယ်
သက်ဆိုင်ရာကတော့ မြို့သစ် တမာပိုးသတ်ဆေးအနီး အဆင့်မြင့်ကားကြီးကွင်းဆောက်ဖို့
တော့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်ဟု ဒေသခံတစ်ဦးကပြောသည်။
 နေဦးမောင်(ပခုက္ကူ)

ကန်ရေကျေးရွာပြည်သူများက ကန့်ကွက်နေသော်လည်း ယနေ့ပြီးစီးနေသော ဓာတ်ငွေ့ပိုက်လိုင်းဘေးက ဓာတ်ဆီဆိုင်

မင်းဘူမြို့နယ် မင်းဘူးအမ်းကားလမ်းမဘေး
ကန်ရေကျေးရွုာနှင့်ကပ်လျက်စက်သုံးဆီဆိုင်
နှင့်စားသောက်ဆိုင်ဖွင့်လှစ်ရန်ဆောင်ရွက်လျှက်
ရှိကန်ရေကျေးရွာပြည်သူများကကန်ကွက်နေသော်
လည်း ယနေပြီစီးနီးပါးဆောင်ရွက်ထားတွေရှိ
အဆိုပါအဆောက်ဦးနောက်နားတွင် ပွင့်ဖြူဘက်
သို့ပေးပို့နေသော ဓါတ်ငွေ့ပိုက်လိုင်းအလွန်နီးကပ်
လျှက်ရှိရာ ပြည်သုလူထုအတွက်မီးဘေးအန္တရာယ်
ကြည့်လုပ်ကြပါဦး။


တင်ရွှေ(မင်းဘူး)