This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 30, 2014

ဝါး ဖြင့်ပြုလုပ်သော လွှာထရံ ယက်လုပ်ငန်း



ပွင့်ဖြူ          ဇူလိုင်       ၃၀
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်သည် သဘာဝ တောတောင်ရေမြေ ကောင်းမွန်မှုကြောင့် သစ်တောထွက် ပစ္စည်းများလည်း ပေါများလှသည်။ ယင်းတို့အနက် သစ်တောထွက်ပစ္စည်းဖြစ်သသော ၀ါး သည် ကျေးလက်နေပြည်သူများ၏ အိမ်ဆောက်ရာမှာ မပါမပြီး အရေးပါလျက်ရှိရာ ထို ၀ါး ဖြင့် အိမ်ဆောက်ရာ တွင်သာမက တောင်သူသုံးပစ္စည်းများစွာကိုလည်း ကောင်းစွာ အထောက်အကူပြုနေလျက်ရှိသည်။


          ၀ါး ဖြင့်ပြုလုပ်သော ပစ္စည်းများအနက် လွှာထရံ ယက်လုပ်သောလုပ်ငန်းသည် လက်မှုပညာရပ်တစ်ခု ဖြစ်ရုံသာမက မိသားစုဝင်ငွေကိုလည်း အထောက်အကူပြုလျက်ရှိသည်။လွှာထရံယက်လုပ်သော လုပ်ငန်းကို ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာတွင် အများဆုံး တွေ့ရှိရပြီး ယက်ပြီး လွှာထရံများ ရောင်းချခြင်း၊အိမ် အရောက် စိတ်ကြိုက် ယက်လုပ်ပေးခြင်းများဆောင်ရွက်ပေးနေလျက်ရှိသည်။

          လွှာထရံ ယက်လုပ်ရာတွင် ရိုးရိုးဝါး၊သနပ်ဝါး၊ကြက်သောင်းဝါး၊တင်းဝါး တို့ဖြင့် နှီးလွှာ၍ ယက်လုပ်ကြပြီး ယက်လုပ်ရာတွင်လည်း အိမ်ပိုင်ရှင်စိတ်ကြိုက် ရိုးရိုးပါးဝက်ထောင်လွှာထရံ၊နှစ်ပင်ကျော် နှစ်ပင်ကောက် လွှာထရံ၊ သုံးပင်ကျော် သုံးပင်ကောက် လွှာထရံ နှင့် ဒဲ့ကွက် လွှာထရံ တို့ကို အသုံးများယက်လုပ်ပေးကြကာ မယားခိုးကွက် လွှာထရံ အထူကို နွားစာစင်နှင့် စပါးကျီ တို့တွင်အသုံးပြု၍ မှန်ကူပွင့်(ပင့်ကူအိမ်)ကွက် လွှာထရံ ကို သွပ်မိုးအိမ်၏ မျက်နှာကျက်များတွင် အသုံးပြုကြသည်။ အချို့ လွှာထရံယက်သည့် ပညာရှင်ကြီးများသည် လွှာထရံပေါ်တွင် ၀ါးအကြောဖြင့် ခုနှစ်/သက္ကရာဇ် ၊ကဒေါင်းရုပ်၊ ခြင်္သေ့ရုပ်များ ပေါ်လွင်အောင် ယက်လုပ် ပေးနိုင်ကြသည်။လွှာထရံ စယက်ရာတွင် အများအားဖြင့် နှီ ပင်ရေကို စကိုင်ပြီး နှီး(၇)ပင်(သို့မဟုတ်)(၉)ပင် ဖြင့် စချ၍ ယက်လုပ်ကြသည်။ 

          ယက်လုပ်ခမှာ (၅)တောင်ပတ်လည်(၇.၅ပေပတ်လည်)တစ်ခန်းလျင် အကြမ်း/အချောပေါ်မှုတည်၍ တစ်ခန်း(၂၅၀၀ိ/-)ကျပ်မှ (၇၀၀၀ိ/-)ကျပ်ထိရှိပြီး ၀ါးဈေးမှာ ရိုးရိုးဝါးနှင့် သနပ်ဝါးတစ်လုံး(၄၀၀ိ/-)ကျပ်၊ကြက်သောင်းဝါးတစ်လုံး (၇၀၀ိ/-)ကျပ်မှ(၁၀၀၀ိ/-)ကျပ်၊တင်းဝါးတစ်လုံး(၅၀၀ိ/-)ကျပ်ရှိကြောင်းနှင့် လွှာထရံယက်လုပ်ခြင်းကို အမျိုးသားများသာမက အမျိုးသမီးများပါ ယက်လုပ်နိုင်သဖြင့် မိသားစု အပိုဝင်ငွေ တိုးပွား ရရှိလျက်ရှိကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

Monday, July 28, 2014

မြန်မာ့ပညာရေး အားနည်းချက်ကို ကိုယ်တွေ့ရေးထားတာ။ဖတ်ကြည့် သင့်လို့မျှဝေလိုက်ပါတယ်။

အတွေ့အကြုံ ၊ ကျွမ်းကျင်မှု ၊ နှင့် ဥာဏ်ရည်ဥာဏ်သွေး

ကျွန်မ အသက် ၂၈ နှစ်အထိ မြန်မာပြည်မှာ နေခဲ့ပါတယ်။ သင်္ချာနှင့်အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက သင်ခဲ့ရပြီး အင်္ဂလိပ်လိုရေးထားတဲ့ ပြဌာန်းစာအုပ်များကို အသုံးပြု၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာမဟာဘွဲ့ကို ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္ထုတချို့ ဖတ်ဖူးခဲ့တဲ့၊ အင်္ဂလိပ်စကားပြော ရုပ်ရှင်ဇာတ်ကား တော်တော်များများကြည့်ဖူးခဲ့တဲ့ကျွန်မ ၂၈နှစ်အတွင်း နိုင်ငံခြားသားတယောက်တလေနဲ့မှ အင်္ဂလိပ်လိုစကားမပြောဖူးခဲ့ပါ။ အလွန်တရာ ပြည့်စုံလှသောမိသားစုမှ မွေးဖွားခဲ့ခြင်းမဟုတ်သော၊ အလွန်တရာဥာဏ်ရည်မြင့်မားသူတစ်ဦးလည်း မဟုတ်သော ကျွန်မကို မြန်မာပြည်၏ သာမန်လူတန်းစား (Average population) ကို ကိုယ်စားပြုနိုင်သူတစ်ဦးအဖြစ် ဦးစွာမှတ်ယူပြီး ကျွန်မဘဝ၏ပညာရေးနှင့်ဆက်နွယ်သော အတွေ့အကြုံအချို့ကို မျှဝေလိုပါတယ်။ ပညာရေးအကြောင်းပြောမယ်ဆိုတော့ ကျွန်မ ဆရာ ဆရာမတွေအကြောင်းပြောရတော့မှာ ဖြစ်ပါတယ်။ ဤနေရာမှာ ကျွန်မ ဆရာသမားများကို ကျေးဇူးကန်းစော်ကားလိုစိတ်များ မရှိဘဲ (တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်လိုခြင်းမရှိပါ)၊ ကျွန်မ ကြီးပြင်းသင်ယူခဲ့ရတဲ့ ပညာရေးစနစ်ကြီးတစ်ခုကြောင်းကို ဆွေးနွေးလိုရင်းက အဓိကဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။

မူလတန်းနှင့်အလယ်တန်းမှာ သင်္ချာ၊အင်္ဂလိပ်စာ မညံ့ခဲ့သောကျွန်မ (အမှတ်၁၀၀ပေးရင် ၉၀ပတ်ဝန်းကျင်ရလေ့ရှိခဲ့ပါတယ်) အထက်တန်း (၉တန်း ၁၀တန်း) အရောက်မှာ အင်္ဂလိပ်စာ၊ သင်္ချာ အမှတ်တွေ နည်း, နည်းလာခဲ့ပါတယ်။ အမှတ်နည်းသွားခဲ့ခြင်းဟာ စိတ်ဝင်စားမှုလျော့နည်းလာခဲ့ခြင်းကြောင့်ဖြစ်ပြီး စိတ်ဝင်စားမှု ဘာကြောင့်လျော့နည်းခဲ့ရသလဲဆိုတာကိုတော့ နောင်၁၅နှစ်ခန့်ကြာသောအခါကျမှ ကျွန်မ နားလည်စပြုခဲ့ပါတယ်။ ကျွန်မတို့ အလယ်တန်း အထက်တန်း သင်္ချာများကိုသင်ယူခဲ့စဉ်က အတန်းထဲတွင် ဆရာမများက သီအိုရီ နှင့်ပုံသေနည်း များကို ရှင်းပြပြီး လေ့ကျင့်ခန်းပုစ္ဆာများတွက်ခိုင်းခဲ့ကြပါတယ်။ ဘယ်ပုစ္ဆာလာရင် ဘယ်ဖော်မြူလာနဲ့တွက် အဖြေဘယ်လိုထွက်ဆိုတာကို ကျွန်မသိပြီးနောက်မှာ ဘာကြောင့် ဒီဖော်မြူလာ ဖြစ်ပေါ်လာရသလဲ၊ ဘယ်နေရာမှာ ဒီသင်္ချာတွေကို သုံးမှာလဲ ဆိုတဲ့ မေးခွန်းတွေက ကျွန်မခေါင်းထဲကို စီကာစဉ်ကာရောက်ရှိလာကြပါတယ်။ အပေါင်း အနှုတ် အမြှောက် အစား တွေကို ဈေးဝယ်ရာမှာသုံးနိုင်တယ်၊ တြိဂံ စတုဂံတွေကို အိမ်ဆောက်ရာမှာသုံးနိုင်တယ်လို့ အကြမ်းဖျဉ်းပဲသိရာမှ အဆင့်ပိုမြင့်တဲ့ သင်္ချာတွေကို ဘယ်နေရာမှာသုံးမလဲလို့ သိချင်လာတဲ့အခါ ဆရာမတစ်ယောက်ကို မဝံ့မရဲနဲ့ သွားမေးခဲ့ဖူးပါတယ်။ “သိပ်မတွေးနဲ့ ဂေါက်သွားမယ်” ဆိုတဲ့အဖြေကို ကျွန်မရခဲ့ပါတယ်။ နောက်ပိုင်း အတန်းထဲမှာ အတန်းဖော်တွေ သင်္ချာတစ်ပုဒ် အဖြေထွက်ဖို့ အပြိုင်အဆိုင်တွက်နေတဲ့အခါတိုင်း ကျွန်မကတော့ ဘာကြောင့်ငါတို့ ဒါကိုလုပ်နေကြတာလဲ(why)၊ လက်တွေ့ဘဝထဲမှာ ဒါကို ဘယ်လိုသုံးမှာလဲ(application) ဆိုတာတွေကို တွေးရင်း ကျွန်မရဲ့သင်္ချာအတန်းတွေ ကုန်ဆုံးခဲ့သလို ကျွန်မရဲ့အမှတ်တွေကလည်း အောက်ဖက်ကို ထိုးဆင်းနေခဲ့ပါတယ်။

ကျွန်မတို့ အင်္ဂလိပ်စာ သင်ယူခဲ့တဲ့ နည်းလမ်း မှန် မမှန် ဆိုတာကိုလည်း မြန်မာနိုင်ငံရဲ့အပြင်ကို ထွက်တော့မှပဲ ကျွန်မသုံးသပ်နိုင်ခဲ့ပါတယ်။ ကျွန်မရရှိခဲ့တဲ့ အင်္ဂလိပ်စာသင်ကြားရေးက သဒ္ဒါ(grammar)ကို အထူးပြုပါတယ်။ ဝါကျတည်ဆောက်မှုကို တစ်နှစ်ပတ်လုံးကုန်အောင်သင်ပေမယ့် တည်ဆောက်တတ်တဲ့ဝါကျတွေနဲ့ ကိုယ်တင်ပြပြောဆိုချင်တဲ့ အကြောင်းအရာတစ်ခုကို သူများနားလည်အောင် ရေးသားပြောဆိုတတ်ဖို့သင်ကြားမှုအပိုင်းမှာ အတော်အားနည်းကြတယ်လို့ ကျွန်မမြင်ပါတယ်။ ၉တန်း ၁၀တန်းလောက်မှာ ဝတ္ထုရေးချင်စိတ်တွေ ပြင်းပြခဲ့တဲ့ကျွန်မဟာ အင်္ဂလိပ်စာ စာစီစာကုံးတွေကို ဘယ်အထူးထုတ်ကိုမှအားမကိုးဘဲ ကိုယ့်အတွေးတွေကိုရှေ့တန်းတင်ပြီးရေးသားဖို့ အလွန်တက်ကြွခဲ့ပါတယ်။ ဆရာမကဖတ်ရှုအမှတ်ပေးထားတဲ့ ကျွန်မရဲ့အိမ်စာစာစီစာကုံးစာရွက်လေးကို ပြန်ရခဲ့တဲ့နေ့တနေ့ကို ကျွန်မ မမေ့နိုင်ခဲ့ပါ။ တတ်သမျှ အင်္ဂလိပ်သဒ္ဒါလေးတွေနဲ့ စီကုံးထားတဲ့ ကျွန်မစာရွက်ကလေးဟာ မှင်နီတွေနဲ့ရှုပ်ရှက်ခက်နေခဲ့ပြီး ရတဲ့အမှတ်ကလည်းနည်းနည်းလေးမှ တကယ့်နည်းနည်းလေးပါ။ အတန်းဖော်သူငယ်ချင်းစာရွက်က အလွန်မှသပ်ရပ်လှပပြီး သူက အမှတ်ပြည့်နီးနီးရခဲ့ပါတယ်။ “နင်ဘယ်လိုရေးခဲ့သလဲ” လို့ သူငယ်ချင်းကိုမေးကြည့်တော့ အထူးထုတ်ထဲကစာစီစာကုံးကို မှီငြမ်းရေးသားခဲ့တယ် လို့ ရိုးသားစွာပင် သူကရှင်းပြခဲ့ပါတယ်။ သူ့ရဲ့မှီငြမ်းနိုင်တဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့သလို ကျွန်မရဲ့ ကိုယ်ပိုင်အားထုတ်မှုလေးကိုလည်း သူ့လောက်နီးနီး အသိအမှတ်မပြုသင့်ပါသလားရှင်။ မှားနေတဲ့အရေးအသားတွေကို ထောက်ပြရင်း “သမီးမှာ ကိုယ်ပိုင်တွေးနိုင်တဲ့ အရည်အချင်းတစ်ခုရှိနေတယ် ဆက်ကြိုးစားပါ ဆရာမ အကူအညီပေးနေမယ်” လို့ ပြောတဲ့ဆရာမနဲ့တွေ့ခဲ့မယ်ဆိုရင် ကျွန်မလျှောက်လှမ်းခဲ့တဲ့ ပညာရေးခရီးဟာ အခုထက် အဆပေါင်းများစွာ ချောမွေ့ခဲ့မယ်ဆိုတာ ကျွန်မ အသေအချာပြောရဲပါတယ်။

သတ္တဗေဒအဓိကနဲ့ဘွဲ့ရထားတဲ့ဆရာမရဲ့အင်္ဂလိပ်စာအတန်း၊ သမိုင်းအဓိကနဲ့ကျောင်းပြီးထားတဲ့ဆရာမရဲ့ မြန်မာစာအတန်း နှင့် အလားတူစာသင်ခန်းများမှာ စိတ်တွေကို အစိုးမရနိုင်ခဲ့ဘဲ အတွေးများနဲ့မျောလွင့်နေခဲ့တဲ့ ကျွန်မဟာ ၁၀တန်းစာမေးပွဲကို ဝိဇ္ဖာဂုဏ်ထူး သိပံ္ပဂုဏ်ထူး ၂ခုနဲ့ ယောင်တောင်ပေါင်တောင် အောင်လာခဲ့ပါတယ်။ အတန်းဖော် သူငယ်ချင်းတစ်ယောက်က ဆေးတက္ကသိုလ်ရောက်၊ နောက်တစ်ယောက်က စက်မှုတက္ကသိုလ်ကို ရောက်ခဲ့တဲ့အချိန်မှာ ကျွန်မက စီးပွားရေးတက္ကသိုလ်ကို မရောက်ချင်ဘဲရောက်ရှိသွားခဲ့ပါတယ်။ ၁၀တန်းအထိ အတန်းရဲ့ထိပ်ဆုံးနားမှာ အမြဲရှိခဲ့တဲ့အတွက် ဆေးတက္ကသိုလ်ကိုရောက်နိုင်တယ်လို့ထင်ကြေးရှိခဲ့ကြတဲ့ ကျွန်မ မိသားစုနှင့်ပတ်ဝန်းကျင်က ကျွန်မကို အထင်သေးသွားခဲ့ကြပါပြီ။ ဆေးတက္ကသိုလ်နှင့်စက်မှုတက္ကသိုလ်တွေကိုမှ မရောက်ရင် ဘာမှအသုံးမကျတော့သလို အယူအဆရှိခဲ့တဲ့ ရှိနေဆဲဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံကြီးမှာ ကျွန်မလမ်းပျောက်ခဲ့ပါပြီ။ စီးပွားရေးတက္ကသိုလ် ပထမနှစ်နှင့်ဒုတိယနှစ်မှာလည်း စာသင်ချိန်တွေကို အတွေးတွေနဲ့သာ ကုန်ဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်တွေဖြစ်နေခဲ့ပါတယ်။ ကျွန်မဘဝအခြေအနေကို ဂရပ်မျဉ်းနဲ့ပြနိုင်မယ်ဆိုရင် အဲဒီအချိန်အခါကို အောက်ကိုထိုးဆင်းနေတဲ့ မျဉ်းတစ်ကြောင်းနဲ့ ဥပမာပြလို့ရနိုင်မယ်ထင်ပါတယ်။

ချောက်ရဲ့အောက်ဆုံးကြမ်းပြင်ကိုထိသွားပြီးချိန်မှာ ဆက်နိမ့်ဆင်းသွားစရာဘာမှမရှိတော့တဲ့အတွက် အပေါ်ပြန်တက်ဖို့ကြိုးစားရန်ဆိုတဲ့ ရွေးချယ်မှုတစ်ခုသာ ကျန်တော့တဲ့အချိန်ဟာ တတိယနှစ်ကိုစတက်တဲ့နေ့ ဖြစ်မယ်ထင်ပါတယ်။ ဒုတိယနှစ်အမှတ်စာရင်းအရ ခွဲခြားထားတဲ့ အထူးပြုတန်းများတက်ခွင့်စာရင်း ထွက်လာခဲ့တဲ့အချိန်မှာ ဝါဏဇ္ဖဂုဏ်ထူးတန်း၊ စာရင်းအင်းဂုဏ်ထူးတန်း၊ နှင့် ဘောဂဗေဒဂုဏ်ထူးတန်း ဆိုတဲ့ အမြင့်ဆုံး၃တန်းကိုတက်ဖို့ အမှတ်မမှီခဲ့တဲ့ကျွန်မနာမည်ဟာ ဝါဏဇ္ဖရိုးရိုးတန်းတက်ခွင့်ရသူများစာရင်းမှာ ပါလာခဲ့ပါတယ်။ ပထမဦးဆုံးသွားတက်မိတဲ့အတန်းက စာရင်းကိုင်ပညာ ဘာသာရပ်ပါ။ ကျွန်မ အပျင်းဆုံး ဘာသာရပ်ဆိုပါတော့။ ဆရာမတွက်ပြနေတဲ့ ပုစ္ဆာတစ်ပုဒ်ကို “Debit” “Credit” လို့ တစ်တန်းလုံးက ကျောင်းသူတွေ တညီတညာတည်းအော်နေကြစဉ် သူတို့က ဒါတွေသိပြီး ငါက ဘာကြောင့်မသိရတာပါလိမ့် ဆိုတဲ့အတွေးတွေနဲ့ အားငယ်စွာ အတန်းချိန်ကိုကုန်ဆုံးခဲ့ပါတယ်။ (မှတ်ချက် … ကျောင်း၃နှစ်ခွဲပိတ်ချိန်အတွင်း ပြင်ပ စာရင်းကိုင်သင်တန်းများတက်ထားခဲ့ကြတာ နောက်မှသိရပါတယ်။) ထမင်းစားနားချိန် စားသောက်ဆိုင်တန်းဘက်လျှောက်လာတဲ့အခါ အနိမ့်ဆုံးအတန်းလို့ အများကဆိုတဲ့ ဘောဂဗေဒ (Economics) အတန်းကိုရောက်သွားတဲ့ သူငယ်ချင်း၂ယောက်နဲ့ သွားတွေ့ပါတယ်။ ဝါဏဇ္ဖ (Commerce)နဲ့ စာရင်းအင်း (Statistics) က တခြားသူငယ်ချင်းတွေပါရောက်လာပြီး စားသောက်ဆိုင်မှာဝိုင်းဖွဲ့ကာ ကိုယ့်မေဂျာသူ့မေဂျာအကြောင်း ပြောကြပါလေတော့တယ်။ အီကိုတန်းမှ သူငယ်ချင်းရဲ့ ဦးဆောင်ပြောကြားမှုတွေက ကျွန်မရဲ့ ထုံထိုင်းနေတဲ့စိတ်တွေကို လှုပ်ခါနှိုးလိုက်ပါတယ်။ “ဆရာဦးခင်မောင်ညို ပြောတာတွေ အရမ်းနားထောင်ကောင်းတယ်သိလား၊ နိုင်ငံရေးတွေလည်းပါတယ်”။ “တကယ်လား ငါလာနားထောင်ကြည့်လို့ရမလားဟင်” လို့ ကျွန်မကမေးတော့ သူ့မျက်လုံးတွေက အရောင်တောက်သွားပြီး “အိုး ကြည်စင်ရယ် ဘာလို့မရရမှာလဲ” လို့ သူက ဝမ်းသာအားရ ဖိတ်ခေါ်ခဲ့ပါတယ်။ အီကိုတန်းမှာ တစ်တန်းသွားနားထောင်ပြီးချိန်မှာပဲ ဘောဂဗေဒဆိုတဲ့ ဘာသာရပ်ထဲမှာ ကျွန်မသိချင်တာတွေ အများကြီးမှ အများကြီးရှိနေပါလားဆိုတာ အံ့သြတကြီးနဲ့ သိလိုက်ရပါတယ်။ တိုင်းပြည်ဝင်ငွေ၊ အလုပ်လက်မဲ့ အခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ ပြည်ပငွေပေးငွေယူရှင်းတမ်း၊ စီးပွားရေးမူဝါဒ။ အိုး … ကျွန်မဖတ်ခဲ့တဲ့ စာတွေထဲက နားမလည်ခဲ့တဲ့ အကြောင်းအရာတွေကို အခုနားလည်ဖို့ အခွင့်အရေးရတော့မှာပေါ့။ စိတ်တူကိုယ်တူ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က သူလည်း အီကို ကို အလွန်ပြောင်းချင်ကြောင်း ရင်ဖွင့်လာပါတယ်။ အေးဒါဆို နောက်နေ့မနက် နင်နဲ့ငါ ရုံးခန်းရှေ့မှာ ဆုံကြမယ်နော်၊ အတူတူပြောင်းကြစို့လို့ သဘောတူညီခဲ့ကြပါတယ်။

အိမ်ရောက်လို့အမေ့ကို ပြောပြတဲ့အခါ အမေက မျက်စိမျက်နှာပျက်ပျက်နဲ့ မပြောင်းဖို့တားပါတယ်။ “ဘွဲ့ရပြီးပြီးချင်း အလုပ်ရမယ့်မေဂျာကို ရရဲ့သားနဲ့ ဘာကြောင့်တခြားဟာကို ယူချင်ရတာလဲ၊ အမေတစ်ယောက်တည်း မုဆိုးမဘဝနဲ့ရုန်းကန်နေရတာ မစဉ်းစားဘူး၊ ကိုယ်စိတ်ချမ်းသာတာပဲ ကိုယ်လုပ်တတ်တာ ညည်းလည်းညည်းအဖေအတိုင်းပဲ” လို့ အမေက ဆူပူခဲ့ပါတယ်။ နောက်တနေ့မှာ အမေပြောသလိုအလွန်တရာခေါင်းမာလှတဲ့ကျွန်မဟာ ချိန်းဆိုထားတဲ့အတိုင်း ကျောင်းသားရေးရာဌာနရှေ့မှာ သူငယ်ချင်းကိုစောင့်နေခဲ့ပါတယ်။ သူက ရောက်မလာခဲ့ပါ။ အတန်းချိန်အရမ်းနီးလာတော့ ကျွန်မဖာသာ ဘာသာရပ်ပြောင်းရွှေ့ခြင်းစာစောင်ကိုတင်ခဲ့ပြီး အီကိုအတန်းထဲမှာ သွားထိုင်နေခဲ့ပါတယ်။ သူနဲ့တွေ့ဖြစ်တဲ့အခါ သူက စိတ်မကောင်းစွာရှင်းပြခဲ့တာက “ဆောရီးပါ ကြည်စင်ရယ် ငါ့အဖေက သဘောမတူဘူး CPA ရအောင်လုပ်ရမယ်လို့ပြောတယ် ငါမပြောင်းတော့ဘူးနော်” တဲ့။ သမီးအလိမ္မာသူငယ်ချင်းနဲ့မတူခဲ့တဲ့ ကျွန်မကို ကျွန်မအမေက စိတ်ဆိုးပြီး ၃ရက်လောက် စကားမပြောဘဲနေခဲ့ပါတယ်။ “အမေ့ရဲ့ခံစားချက်ကို နားလည်ပေမယ့် ကျွန်မဘဝကလည်း သေရေးရှင်ရေးတမျှအရေးကြီးနေတဲ့ အကွေ့တကွေ့ဖြစ်ခဲ့လို့ပါ အမေရယ်” လို့ စိတ်ထဲကတောင်းပန်နေခဲ့မိပါတယ်။ “လုံးဝမပြောင်းရဘူး” ဆိုတဲ့ တချက်လွှတ်အမိန့်ပေးစနစ်ကို မသုံးခဲ့ဘဲ ၃ရက်ပဲ စိတ်ဆိုးခဲ့တဲ့အမေ့ကို အခုထိ ကျေးဇူးတင်နေဆဲပါရှင်။

တတိယနှစ်မှစပြီး မဟာဘွဲ့ရသည်အထိ စီးပွားရေးတက္ကသိုလ်အရိပ်မှာ ပျော်ရွှင်စွာ ပညာသင်ယူခဲ့ပါတယ်။ ကျွန်မရဲ့ “Why do we learn this?” နဲ့ “Where do we apply this?” ဆိုတဲ့မေးခွန်းတွေကို ပြေလည်အောင် မရှင်းပြနိုင်ခဲ့တဲ့ ဆရာ ဆရာမ အချို့နဲ့တွေ့ဆုံသင်ယူခဲ့ရတာကလွဲလို့ Economics ကို ချစ်မိသွားအောင် သင်ပေးနိုင်ခဲ့တဲ့ ဆရာ ဆရာမ များကို အမြဲအားကျလေးစားနေခဲ့ပါတယ်။ ဒီစီးပွားရေးတက္ကသိုလ်ကြီးမှာပဲ ဆရာမလုပ်ရင်း ဘဝကို မြှုပ်နှံတော့မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ မဟာတန်းပထမနှစ်ကိုတက်နေစဉ်အတွင်း ကျွန်မဘဝရဲ့နောက်ထပ် အချိုးအကွေ့တစ်ခုနှင့်ထပ်ပြီး ဆုံတွေ့ရပြန်ပါတယ်။ အစိုးရဝန်ထမ်းများအဖြစ် ကျွန်မတို့မိဘများ တာဝန်ထမ်းဆောင်ရာ ဒေသမှာ ကျွန်မနှင့် အတူကြီးပြင်းခဲ့သူ (ယခုကျွန်မခင်ပွန်း) က ကျွန်မကို ချစ်ခွင့်ပန်ခဲ့ခြင်း နှင့် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ စီးပွားရေးပါမောက္ခဆရာမကြီးတစ်ယောက်ရဲ့ ဟောပြောပွဲကိုတက်ရောက်ခဲ့ခြင်းတို့မှ ကျွန်မဆီကို မဖြေနိုင်တဲ့မေးခွန်းအသစ်တွေ ရောက်ရှိလာခဲ့သလို ကျွန်မလျှောက်လှမ်းနေတဲ့ခရီးကို ပြန်လည်သုံးသပ်စေဖို့ အတွေးသစ်တွေကိုလည်း ဖြစ်စေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ သူ့ကို လက်ထပ်လိုက်ရင် သူ့နောက်ကိုလိုက်ရတော့မယ်၊ စီးပွားရေးတက္ကသိုလ်ကြီးမှာ တနေ့ ဆရာမလုပ်မယ်ဆိုပြီးလျှောက်နေတဲ့ လမ်းကိုရပ်တန့်ပစ်လိုက်ရမယ်။

တဖက်ကလည်း နိုင်ငံခြားသူဆရာမကြီးရဲ့ဟောပြောမှုအပြီး မေးခွန်းမေးရန်ဖိတ်ခေါ်ခဲ့စဉ် ပရိတ်သတ်ဆီက ဘာမေးခွန်းမှထွက်မလာခဲ့တဲ့အဖြစ်ကို ထပ်ခါတလဲလဲပြန်သတိရနေခဲ့မိတယ်။ သူပြောသမျှနားလည်ပေမယ့် မေးခွန်းပြန်မထုတ်တတ်ခဲ့တဲ့ မဟာတန်းကျောင်းသူကျောင်းသားများထဲမှကျွန်မဟာ “ငါ ဆရာမဖြစ်လာတဲ့ တနေ့မှာ ဒီတရုတ်လူမျိုးဆရာမကြီးလို အင်္ဂလိပ်စကားကိုရေလည်ပတ်လည်ပြောနိုင်ပါ့မလား၊ ဒီဆရာမကြီးလို သုတေသနစာတမ်းတွေ ရေးနိုင်ပါ့မလား” ဆိုတဲ့မေးခွန်းများစွာနဲ့ ကိုယ့်ရောက်နေတဲ့နေရာနဲ့ပတ်ဝန်းကျင်ကို အထပ်ထပ်အခါခါ သုံးသပ်နေခဲ့မိပါတယ်။ ကျူရှင်ပြမှမိသားစုစားဝတ်နေရေးပြေလည်မှာဖြစ်လို့ ကျူရှင်နောက်ကို ပြေးလိုက်နေရတဲ့ ဆရာမမျိုးမဖြစ်အောင် ကျွန်မ ဘယ်အချိန်ထိတောင့်ခံထားနိုင်မလဲ။ ဘာကိုဆုံးဖြတ်ရမှန်းမသိဖြစ်နေခိုက်မှာ အနှစ်နှစ်အကာကာလက စောင့်မျှော်ခဲ့ရတဲ့ ဆရာမဖြစ်ဖို့ စာမေးပွဲကြီးက ရောက်ရှိလာခဲ့ပါတယ်။ ကျွန်မချစ်သူကို ကျွန်မအိမ်မက်တွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့အခါ ကျွန်မဖြစ်ချင်တာတွေအားလုံးဖြစ်ရမယ်လို့ကတိမပေးနိုင်ပေမယ့် ရောက်ချင်တဲ့နေရာကိုသွားဖို့လမ်းကတစ်ခုတည်းရှိတာမဟုတ်ပါဘူး၊ အတတ်နိုင်ဆုံးကြိုးစားပြီးကူညီပါ့မယ် လို့ သူကဆိုခဲ့ပါတယ်။ လူတွေ့စာမေးပွဲကိုသွားမဖြေခဲ့တော့ဘဲ မဟာတန်းစာမေးပွဲများအပြီးမှာ သူ့မျက်နှာ တရွာထင်ပြီး ကျွန်မ ဘန်ကောက်ကို လိုက်လာခဲ့ပါတော့တယ်။

ဖောင်ဖျက်ခဲ့တဲ့ ကျွန်မကို ကျွန်မအမေနှင့်တကွချစ်သူငယ်ချင်းများက စိုးရိမ်ပူပန်နေခဲ့ကြပေမယ့် ခံစားချက်ကို ရှေ့တန်းတင်လွန်းလှတဲ့ကလေးသာသာကျွန်မကို ပညာလှလှပေးဖို့ ဘန်ကောက်မြို့ကြီးကတော့ လှောင်ရယ်တဲ့အပြုံးလေးနဲ့ စောင့်ကြိုနေခဲ့ပါတယ်။ ရောက်ပြီးနောက်တနေ့မှာပဲ ကျွန်မအတွက်ဖိနပ်ဝယ်ဖို့် ကုန်တိုက်တစ်ခုကို သွားခဲ့ကြပါတယ်။ မြန်မာပြည်မှာကတည်းက ဖိနပ်နံပါတ်ကြီးကြီးနဲ့မှတော်တဲ့ ကျွန်မခြေထောက်ဟာ ထိုင်းအမျိုးသမီးလေးတွေအတွက် စံပြုထုတ်လုပ်ထားတဲ့ ဖိနပ်အများစုနဲ့ ဘယ်လိုမှမတော်ခဲ့ပါဘူး။ ဖိနပ်တွေကို စိတ်ရှည်ရှည်နဲ့ တစ်ခုပြီးတစ်ခုထုတ်စီးခွင့်ပြုခဲ့တဲ့ အရောင်းစာရေးမလေးမျက်နှာက အနည်းငယ်ညိုလာခဲ့တဲ့အချိန်မှာ ကျွန်မလည်း ကိုယ့်ကိုယ်ကို စိတ်သိပ်မရှည်တော့ပါဘူး။ အဲဒီအချိန်မှာ သူက အင်္ဂလိပ်လို တစုံတရာကို ရှင်းပြပါတယ်။ ကျွန်မ ပါးစပ်မှ “ဒီဖိနပ်က သေးနေတယ်” လို့ မြန်မာလို လွှတ်ကနဲထွက်သွားပါတယ်။ ဗုဒ္ဓေါ …. ကျွန်မ အင်္ဂလိပ်လို ဘယ်လိုပြော ရမယ်ဆိုတာသိနေရဲ့သားနဲ့ ဘာကြောင့် မြန်မာလိုပြောမိသွားတာလဲ။ အရောင်းစာရေးမလေးက ကျွန်မကို အထင်သေးတဲ့မျက်လုံးများနဲ့ကြည့်လိုက်ပြီး ဒါအကုန်ပဲ လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ ဝါကျမမှန်တဲ့ ထိုင်းသံဝဲဝဲ သူ့အင်္ဂလိပ်စာကို စိတ်ထဲက ပြန်ပြင်ပေးနေမိခဲ့တဲ့ ကျွန်မပါးစပ်က “small” ဆိုတဲ့ အလွန်တရာ လွယ်ကူလှတဲ့စကားလေး တစ်လုံးတောင် ထွက်မလာခဲ့ပါဘူး။

သွားပြီ။ “culture shock” လို့ခေါ်တဲ့ ပတ်ဝန်းကျင်အသစ်မှာရတဲ့ ပြဿနာနဲ့ ကျွန်မ စတွေ့ပါပြီ။ အသက် ၂၈နှစ်ကျော်မှ နိုင်ငံခြားသားတစ်ယောက်နဲ့ အင်္ဂလိပ်စကား စ ပြောဖူးခဲ့တဲ့ကျွန်မ စာမေးပွဲကျပါပြီ။ ထို့နောက်ပိုင်းမှာလည်း ကျွန်မခင်ပွန်းရုံးက ညစာစားပွဲတွေမှာ ဘာစကားမှထွက်မလာဘဲပြုံးပြုံးလေးနဲ့ထိုင်နေခဲ့တဲ့ကျွန်မကို သူ့လုပ်ဖော်ကိုင်ဖက်တွေက ကြိတ်ရယ်ကြပါတယ်။ “ထွန်းထွန်းမိန်းမ ပြုံးတာအလွန်တော်တယ်” လို့ မနေနိုင်တဲ့ တစ်ယောက်က ယဉ်ယဉ်ကျေးကျေးလေးလှောင်ပြောင်ခဲ့ပါတယ်။ “မြန်မာပြည်မှာ ဘာတွေတတ်ခဲ့တတ်ခဲ့ နိုင်ငံခြား အတွေ့အကြုံ (exposure) ရှိဖို့လိုတယ်” ဆိုတဲ့ ကျွန်မလေးစားချစ်ခင်ရတဲ့ဆရာမကြီးတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်နေခဲ့မိပါတယ်။

ကျွန်မရဲ့ အူကြောင်ကြားဖြစ်နေတဲ့အခြေအနေကို သည်းမခံနိုင်တော့တဲ့ကျွန်မခင်ပွန်းသည်က အင်္ဂလိပ်စကားပြော သင်တန်းတစ်ခုမှာ လိုက်အပ်ပေးခဲ့ပါတယ်။ ရေးဖြေဝင်ခွင့် စာမေးပွဲ ဖြေအပြီးမှာ အဆင့်၁၅ဆင့်ရှိတဲ့အနက် အဆင့် ၁၁ ကနေ စတက်ရမယ်လို့အဖြေထွက်ပါတယ်။ ရှက်လည်းရှက်ပါတယ်၊ မရှက်လည်းမရှက်ပါဘူး ဆိုသလိုပါပဲ ကျွန်မရဲ့အတန်းဖော်တွေက ထိုင်း အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ပထမနှစ်နဲ့ဒုတိယနှစ်က ကလေးတွေပါ။ ကျွန်မနဲ့ရွယ်တူက ၃-၄ယောက်ထဲပါ။ ပညာရှာပမာသူဖုန်းစား ဆိုတဲ့ စာဆိုကို စိတ်ထဲမှာထားပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။ အဆင့်၁၅အပြီးမှာ ကျွန်မလူရှေ့မှာ စကားပြောရဲလာခဲ့ပါတယ်။ “ချစ်လေးဖာသာ ဘာတွေဘယ်လောက်တတ်တတ် ကိုယ်သိတာတွေ သူများကိုမပြောပြနိုင်ရင် အ, အနဲ့ အတူတူပဲ၊ စကားပြောတဲ့အခါ လူတွေကို အထင်လည်းအရမ်းမကြီးနဲ့ အထင်လည်းအရမ်းမသေးနဲ့၊ အဲ့ဒီလိုဖြစ်နေရင် ဘာစကားမှထွက်မလာတော့ဘူုး” လို့ ကျွန်မကို သူက သင်ပေးခဲ့ပါတယ်။ IELTS စာမေးပွဲကို ဖြေအပြီးမှာ အင်္ဂလိပ်စကားပြော ညံ့တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တဲ့ ကျွန်မရဲ့ Speaking အမှတ်က အခြားReading, Writing, နဲ့ Listening အမှတ်တွေနဲ့ အတူတူပဲရခဲ့ပါတယ်။ အူကြောင်ကြောင်ဖြစ်ခဲ့ခြင်းအတွက် တံခါးပိတ်ထားခဲ့တဲ့ကျွန်မတို့နိုင်ငံကြီးကိုပဲအပြစ်တင်ရမလား၊ လူရှေ့ထွက်ပြီး အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ပြောနိုင်ဖို့ အခွင့်အရေး မရနိုင်ခဲ့တဲ့ ကိုယ့်ဘဝကိုပဲ အပြစ်တင်ရမလား ကျွန်မ မသိပါ။

၂၀၀၇ခုနှစ်အတွင်း Assumption University (Abac)မှာ ကျွန်မခင်ပွန်းသည် ဆရာဖြစ်လာခဲ့ပြီးမကြာခင် မြန်မာဆရာမကြီးတစ်ယောက်နဲ့ ကျွန်မစကားပြောဖြစ်တဲ့အခါ ဒီတက္ကသိုလ်မှာပဲ ဆရာမအလုပ်လျှောက်ကြည့်ဖို့ သူကအကြံပေးလာခဲ့ပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဆရာမကြီးမိသားစု အကူအညီနဲ့ သက်ဆိုင်ရာကို တင်ခဲ့ပါတယ်။ သရုပ်ပြသင်ကြားမှုကို လေ့ကျင့်ထားပါဆိုတဲ့ ဆရာမကြီး အကြံပေးချက်အရ PowerPoint လေးပြင်လိုက် လေ့ကျင့်လိုက်နဲ့ စောင့်နေခဲ့တာ ၁လနီးပါးအကြာမှာ အားနာတဲ့မျက်နှာနဲ့ဆရာမကြီးဟာ ကျွန်မတို့အိမ်ကလေးကို ရောက်လာခဲ့ပါတယ်။ မြန်မာပြည်ကရခဲ့တဲ့ဘွဲ့တွေနဲ့မို့လို့ ဒီကျောင်းကမစဉ်းစားပါလို့ သက်ဆိုင်ရာက အကြောင်းပြန်ခဲ့ပါတယ်တဲ့။ တခြားအလုပ်တွေလျှောက်ကြည့်ပါအုံးလို့ အားပေးစကားပြောပြီး ဆရာမကြီး ပြန်သွားခဲ့ပါတယ်။

ပထမဆုံးဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုက ကျွန်မကိုယ်တိုင်အတွက်ပါ။ ကျွန်မ ဒီဘွဲ့၂ခုကို ပြီးစလွယ်ရလာခဲ့တာ မဟုတ်ရပါဘူး၊ တကယ့်ကို စိတ်ရောကိုယ်ပါ အချိန်အကြာကြီးမြှုပ်နှံပြီးမှ ရခဲ့တာပါ။ ဒုတိယဝမ်းနည်းမှုက ကျွန်မချစ်တဲ့ စီးပွားရေးတက္ကသိုလ်ကြီးနဲ့ ဆရာ ဆရာမတွေအတွက်ပါ။ တတိယဝမ်းနည်းမှုကတော့ ကျွန်မတို့မြန်မာနိုင်ငံကြီးရဲ့ ပြည်သူပြည်သားတစ်ယောက်အနေနဲ့ပါ။ ၁၉၈၈ နောက်ပိုင်းဘွဲ့ရတဲ့ မြန်မာပြည်ကပညာတတ်တွေကို နိုင်ငံတကာက အသိအမှတ်မပြုပါတဲ့၊ မြန်မာပြည်မှာ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရတဲ့ တက္ကသိုလ်ကျောင်းအရေအတွက်က သုည ဖြစ်ပါတယ်တဲ့။

ဘဝရဲ့အခက်အခဲတွေကို ဥခွံထဲက ဖောက်ထွက်ခဲ့ရတဲ့ ကြက်ကလေးငှက်ကလေးတွေရဲ့ အဖြစ်နဲ့ နှိုင်းစာမယ်ဆိုရင် ကျွန်မတို့မြန်မာလူမျိုးများဟာ အားအင်ချိနဲ့တဲ့ ကြက်ကလေးငှက်ကလေးများနဲ့တူပြီး၊ ဥခွံတွေကတော့ အခြားလူမျိုးများဖောက်ထွက်ခဲ့ရတဲ့ အခွံများထက် အဆပေါင်းများစွာမာကျောထူထပ်နေလေမလားလို့ ကျွန်မတွေးမိပါတယ်။

၂၀၀၉ခုနှစ် စက်တင်ဘာလမှာ ၁၀လပဲရှိသေးတဲ့သမီးလေးနှင်းနှင်းကို ကျွန်မခင်ပွန်းနဲ့ထားခဲ့ပြီး ကျွန်မတို့မြန်မာလူမျိုးများမညံ့ကြဘူးဆိုတာကို သက်သေပြဖို့အတွက် (အလွန်တရာလေကြီးသူလို့ ကျွန်မကို ထင်နိုင်ပါတယ်) ဂျပန်နိုင်ငံ IUJ (International University of Japan) ကို ကျွန်မထွက်ခွါလာခဲ့ပါတယ်။ ပထမဆုံးဖြေရတဲ့ Midterm စာမေးပွဲက မေးခွန်းအလွန်ခက်တယ်လို့ နာမည်ကြီးတဲ့ ဂျပန်ပါမောက္ခ ဆရာ မီရာမိုတိုရဲ့ Microeconomics စာမေးပွဲပါ။ စာမေးပွဲအစ မိနစ် ၂၀ အတွင်း ကျွန်မ ဘာဖြေရမှန်း ကို မသိခဲ့ပါ။ မလှမ်းမကမ်းက ဗီယက်နမ်မလေးက ဂဏန်းပေါင်းစက်ကို တဒေါက်ဒေါက်နှိပ်ရင်း အားတက်သရောဖြေနေချိန်မှာ ကျွန်မလက်မှာ ချွေးစေးတွေ ပြန်နေခဲ့ပါတယ်။
Mathematics for Economics အတန်းထဲမှာ အဆင့်မြင့်သင်္ချာနဲ့ ဘောဂဗေဒ ဘယ်လိုပေါင်းထုပ်ကြသလဲဆိုတဲ့ ကျွန်မ နားမလည်နိုင်ခဲ့တဲ့ why နဲ့ application ကိစ္စတွေကို ဆရာကရှင်းပြခဲ့စဉ်မှာ ကျွန်မက အသဲအသန်လိုက်မှတ်နေပေမယ့် ဘေးခုံမှာထိုင်နေခဲ့တဲ့ ကျွန်မထက်၈နှစ်လောက်ငယ်တဲ့ အိန္ဒိယမှကျောင်းသားတစ်ယောက်က စာအုပ်ထဲမှာ ဘာမှလိုက်မရေးဘဲ ဆရာကျောက်သင်ပုန်းပေါ်မှာ တွက်ပြနေတဲ့ပုစ္ဆာကို ပါးစပ်နဲ့ လိုက်တွက်ပြီးအဖြေထွက်နှင့်နေပါပြီ။ Midterm သင်္ချာစာမေးပွဲမှာ ၁၀၀ ဖိုးထဲက ၈၀ ရအောင် ကျွန်မအကြိတ်အနယ်ဖြေခဲ့ရပေမယ့် စာမေးပွဲခန်းကအထွက်မှာ ဒီစာမေးပွဲကအလွန်ပျင်းစရာကောင်းတယ် ဒီ့ထက်စိန်ခေါ်မှုတွေပါတဲ့မေးခွန်းမျိုးထုတ်ပါလို့ ပါမောက္ခကို သွားပြောမယ်ဆိုတဲ့ အမှတ်ပြည့်ရခဲ့တဲ့ ဗီယက်နမ်မလေးရဲ့စကားကို တဆင့်ကြားသိခဲ့ရပါတယ်။ Economics ရဲ့ အခြေခံသဘောတရားတွေကို စိတ်ဝင်စားမှုနဲ့အမျှနားလည်ခဲ့ပေမယ့် ကျွန်မနားလည်တွေ့ရှိထားတဲ့ အကြောင်းအရာတစ်ခုကို အဆင့်မြင့်သင်္ချာကိုသုံးပြီးသက်သေပြုရှင်းပြနိုင်ဖို့က ကျွန်မအတွက် အခက်ခဲဆုံးအဆင့်ဖြစ်ခဲ့ပါတယ်။

ကျွန်မစိတ်တွေကို ဆွဲကိုင်လှုပ်ခဲ့တဲ့ အဖြစ်တစ်ခုရှိခဲ့ပါသေးတယ်။ ကျောင်းသားများအပေါ် စေတနာလည်းမထား အလုပ်မှာလည်း ဘာအားစိုက်ထုတ်မှုမှမရှိခဲ့တဲ့ ဆရာမတချို့ရဲ့လုပ်ရပ်ကြောင့် နိုင်ငံခြားကျောင်းလျှောက်လေတိုင်း မလှမပဖြစ်နေခဲ့တဲ့ မြန်မာပြည်မှအမှတ်စာရင်းကိုရရှိထားသူ၊ ပြောရေးဆိုခွင့်ဘာမှမရှိခဲ့သူ ကျွန်မဟာ သင်ကြားသူဆရာနဲ့ဘာသာရပ်အပေါ်အကဲဖြတ်အမှတ်ပေးခြင်း (Instructor and Course Evaluation) စနစ်ကို ပထမဦးဆုံးအကြိမ်ကျင့်သုံးခွင့်ရရှိခဲ့တဲ့ IUJမှာ “သင့်ဆရာက သင်တို့အားမေးခွန်းမေးရန် အခွင့်အရေးပေးပါသလား၊ သူဟာ ဒီဘာသာရပ်ကိုသင်ဖို့ လိုအပ်တဲ့ဗဟုသုတများနဲ့ ပြည့်စုံသူဖြစ်တယ်လို့ သင် သဘောတူပါသလား၊ သူ့အား သင့်အနေနှင့် ဘယ်လိုအကြံများပေးလိုပါသလဲ” စတဲ့ မေးခွန်းများကို ဖြေခဲ့ရစဉ် ရှင်းပြခြင်းငှာမတတ်သာတဲ့ ခံစားချက်များနဲ့ ရင်ဘတ်ထဲမှာ လှိုင်းထနေခဲ့ပါတယ်။

ပထမဆုံးterm ရဲ့ final စာမေးပွဲများအပြီးမှာ ကျွန်မတို့ပထမနှစ်တွေကို ဒုတိယနှစ်ကျောင်းသားများမှ ကြိုဆိုပွဲလုပ်ပေးခဲ့ပါတယ်။ မီးပွင့်မတတ်သုံးခဲ့ရတဲ့ကျွန်မခေါင်းကိုထူဖို့ ဘာအင်အားမှ မကျန်တော့တဲ့အတွက် အခန်းမီးကို ပိတ်ပြီး အိပ်ရာထဲမှာလှဲလှောင်းနေခဲ့ပါတယ်။ နောက်တနေ့မနက်မှာ သူငယ်ချင်းများက နှင်းထဲမှာ ဓာတ်ပုံရိုက်ဖို့ လာခေါ်တဲ့အတွက်လိုက်သွားခဲ့ပြီး အခန်းပြန်အရောက်၊ ကွန်ပြူတာထဲမှ ကိုယ်ပုံကို ကိုယ်မြင်လိုက်ရတဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့၎လ IUJ ရောက်ခါစက ရိုက်ထားခဲ့တဲ့ပုံထဲကနဲ့မတူ အသက်၁၀နှစ်လောက်ကြီးတဲ့ လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။

စာကြည့်တာများလာတိုင်း ခဏရပ်ပြီး ကျွန်မအခန်းစာကြည့်စားပွဲကနေ နှင်းတွေကျထားတဲ့ တောင်တန်းကြီးကို တခါတရံ ကျွန်မငေးမောမိတတ်ပါတယ်။ လှမ်းမြင်နေရတဲ့ ကားရပ်နားဝန်းဆီကို နိုင်ငံခြားသားကျောင်းသားများ ကားလာယူပြီး ဟိုဟိုဒီဒီ သွားကြတာကို ရာသီဥတုကောင်းတဲ့နေ့တိုင်းလိုလို ကျွန်မမြင်ခဲ့ရပါတယ်။ သူတို့ စာတွေပြီးသွားကြချိန်မှာ ကျွန်မ ဘာကြောင့် မပြီးသေးတာလဲ၊ ကျွန်မ စာကြည့်ချိန်ရဲ့ တဝက်လောက်ပဲ ရှိမယ့် သူတို့စာကြည့်ချိန်တွေနဲ့ ကျွန်မ လိုက်လို့မမှီအောင် သူတို့ ဘယ်လိုများစာတွေကြည့်လိုက်ကြသလဲ။ ကျွန်မရှေ့မှာ အင်ဒိုနီးရှားက စာအတော်ဆုံး ကျောင်းသား၂ယောက်၊ အိန္ဒိယက တစ်ယောက်၊ ဗီယက်နမ်က တစ်ယောက်၊ ကမ္ဘောဒီးယားက တစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်က ၂ယောက်၊ နဲ့ နီပေါက တစ်ယောက်ရှိနေခဲ့ပါတယ် (နိုင်ငံအားလုံးနီးနီး ဆိုပါတော့)။

သူတို့ကိုလိုက်လို့မမှီရခြင်း အဓိကအကြောင်းအရင်းက အတွေ့အကြုံ (Exposure)နဲ့ ကျွမ်းကျင်မှု (Skills) တွေ ကွာခြားခြင်းကြောင့်ဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်မနားလည်လာခဲ့ပါတယ်။ ညံ့ဖျင်းတဲ့ပညာရေးစနစ်အောက်မှာ ကျွန်မတို့ဟာ skills တွေ အလွန်နည်းပါးခဲ့ပါပြီ။ အင်္ဂလိပ်စာ သင်္ချာ ကျွမ်းကျင်မှု၊ မေးခွန်းထုတ်တတ်မှု၊ ဆွေးနွေးငြင်းခုံတတ်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ အိုး …….. အများကြီးမှ အများကြီး ပြတ်ကျန်ခဲ့ပါပြီ။ မြန်မာပြည်ရဲ့ ပညာရေးကို နိုင်ငံတကာကအသိအမှတ်မပြုဘူးဆိုတာကို ကျွန်မ လက်မခံချင်ဘဲလက်ခံရတော့မယ်။ နောက်ခံပညာရေးစနစ်သာ တူခဲ့ရင် ကျွန်မ သူတို့နဲ့ အပြိုင်ရင်ဘောင်မတန်းနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲနော်။ အခုတော့ ယုန်နဲ့လိပ် အပြေးပြိုင်သလို ဖြစ်နေခဲ့ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို နိုင်ငံတကာပညာရေးစနစ်နဲ့ ထိတွေ့ခွင့်ရစေခဲ့တဲ့ ကျွန်မကို အသိအမှတ်ပြုခဲ့သူ၊ အကူအညီပေးခဲ့သူ၊ နှင့် လျစ်လျူရှု့ခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဂျပန်မှ ဖွံဖြိုးတိုးတက်မှုဆိုင်ရာမဟာဘွဲ့ကိုရရှိခဲ့အပြီး ဘန်ကောက်ပြန်အရောက်မှာ Abac မှာပဲ ဆရာမအလုပ်လျှောက်လွှာကို တင်ခဲ့ရပါတယ်။ ကိုယ်ကို အသိအမှတ်မပြုခဲ့တဲ့လူတွေဆီကို ကျွန်မ ပြန်မသွားချင်ခဲ့တာ အမှန်ပါ။ မျက်နှာအမူအရာနှင့်တမျိုး စကားများနှင့်တဖုံ မြန်မာလူမျိုးဖြစ်သည့်အတွက် အထင်သေးကြောင်း ပြသပြောဆိုတတ်တဲ့ လူများက ဒီလို International ပတ်ဝန်းကျင်တက္ကသိုလ်ကျောင်းကြီးတစ်ခုမှာလည်း ဒုနဲ့ဒေးပါပဲ။ သို့ပေမယ့် ဆရာတော်ဦးဇောတိက ရေးတဲ့ “ဘဝဆိုတဲ့ကျောင်း” စာအုပ်သေးသေးလေးထဲက မမေ့နိုင်စရာ လိုက်နာစရာ ဘဝအတွက်ခံယူချက်ကလေးတစ်ခုကို သတိရနေမိခဲ့တယ်။ “ဘဝဆိုတဲ့ကျောင်းမှာ သင်ခန်းစာတစ်ခုကို မကျေညက်ခဲ့ရင် နောက်ထပ် အဲ့ဒီသင်ခန်းစာကိုပဲထပ်ခါတလဲလဲပြန်တွေ့ရလိမ့်မယ်၊ အဲ့ဒီနေရာကို အောင်မြင်စွာ ဖြတ်ကျော်ပြီးခဲ့ပြီဆိုရင်တော့ စာမေးပွဲထပ်ဖြေစရာမလိုတော့ဘူး” တဲ့လေ။ ကျွန်မတို့မညံ့ကြောင်း သူတို့ကိုသက်သေပြရအုံးမယ် (ကြီးကျယ်ပြန်ပြီ)။ Exposure နဲ့ Skills အသင့်အတင့်ရှိခဲ့ပြီဖြစ်ပေမယ့် တင်းပြည့်ကျပ်ပြည့် တိန်တိန်မြည်အရည်အချင်းတွေနဲ့ မဟုတ်သေးတဲ့ကျွန်မအတွက် ဒီတက္ကသိုလ်ကြီးမှာ ဆရာမအဖြစ်ရပ်တည်နိုင်ဖို့က ကျွန်မဘဝမှာ ဘယ်သူကမှမတိုက်ခိုင်းခဲ့တဲ့ နောက်ထပ်တိုက်ပွဲတစ်ခုပေါ့။

ပထမဦးဆုံးစာသင်နှစ်ဟာ ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုလို့ဆိုရင် မမှားပါဘူး။ ကျောင်းသားတွေရှေ့ရပ်ပြီး ၁နာရီခွဲစာ Lecture ကို အမှားမယွင်းမရှိ အင်္ဂလိပ်လိုပြောတတ်ဖို့က ကျွန်မအတွက် ပထမဦးဆုံးသော အတားအဆီးကြီးဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတိုင်းပြည်များမှလာသော ကျောင်းသားများရှေ့မှာ ကျွန်မလျှာကလည်း ခဏခဏ ခလုတ်တိုက်ခဲ့ပါတယ်။ သူတို့ဖာသာ တိုးတိုးစကားပြောပြီးရယ်တာတွေ့ရင် ကျွန်မကို ရယ်တာများလားလို့ တွေးပြီး အိပ်မပျော်ဖြစ်ပြန်ပါလေရော။ စာသင်ချိန်များကို လေ့ကျင့်ရေးကွင်းများအဖြစ်မှတ်ယူပြီး (သင့်မသင့် ကျွန်မ မသိပါ) နောက်အတန်းမှာ ငါ ဒီထက်ကောင်းအောင် ပြောနိုင်လာမယ်၊ နောက် စာသင်နှစ်ဝက်မှာ၊ နောက်နှစ်မှာ ငါ ဒီထက် အများကြီးတိုးတက်လာမယ်လို့ ကိုယ့်ကိုယ်ကို အားတင်းရင်းဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်မက လူရှေ့ထွက်စကားပြောခြင်း အရည်အချင်း (Public Speaking Skill) ကို သွေးနေစဉ်မှာ ကျွန်မနဲ့အတူ အလုပ်ဝင်တဲ့ ကျွန်မထက် အသက်၁၀နှစ် ငယ်တဲ့ထိုင်းဆရာမလေးက မျက်နှာလေးချီပြီး ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတဲ့ skill ကို စတင်လေ့ကျင့်နိုင်ခဲ့ပါပြီ။ ကျွန်မ ကျောင်းသားတွေရှေ့မှာ စကားပြော အိုကေ လာတဲ့အချိန် ကျောင်းသားတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ကိစ္စနဲ့ လုံးချာလည်လိုက်နေစဉ်မှာ သူက ပါရဂူသင်တန်းတက်ရန် လိုအပ်တဲ့စာမေးပွဲများကို ဖြေဆိုပြီးဖြစ်နှင့်ပါပြီ။ ပုံပျက်စပြုလာတဲ့ကျွန်မကိုယ်ခန္ဓာကို ပြုပြင်ထိန်းသိမ်းရန် အလွန်ကျော့ရှင်းလှတဲ့ သူက လမ်းညွှန်ပြသခဲ့ပါတယ်။ အတန်းထဲက top နေရာတွေကို ယူထားနိုင်ခဲ့တဲ့အပြင် အားကစား၊ဂီတ စတဲ့ Extra Curriculum Activities တွေကိုပါလုပ်ပြနိုင်ခဲ့တဲ့ IUJ က အတန်းဖော်တွေကို အားကျခဲ့ရတဲ့ကျွန်မ အလုပ်လုပ်ရင်း ဘဝအခြေအနေကိုပါ ဟန်ချက်ညီအောင် ထိန်းထားနိုင်တဲ့ ထိုင်းဆရာမ ငယ်ငယ်လေးကို ပါးစပ်အဟောင်းသားနဲ့ အလေးပြုခဲ့ရပါတယ်။

ထိုင်းလူမျိုးတွေဟာ မြန်မာလူမျိုးတွေလောက် ဥာဏ်ရည်ဥာဏ်သွေး (Intelligence) မမြင့်မားဘူးလို့ မြန်မာအများစုက ပြောကြပါတယ်။ ကျွန်မ အနည်းငယ်မျှသာ လက်ခံလိုပါတယ်။ ကျွန်မ လေ့လာဖတ်ရှု့မှုအရ Intelligence ဆိုတာ မွေးရာပါက ၅၀ ရာခိုင်နှုန်းပဲပါလာတာလို့ သိပံ္ပပညာရှင်အများစုက ဆိုပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို လူတစ်ဦးမွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်က ပြုပြင်လိုက်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ကျွန်မနဲ့ မွေးရာပါ Intelligence အဆင့် တူညီတယ်လို့ဆိုနိုင်တဲ့ နိုင်ငံခြားသား (အာရှနိုင်ငံသားပဲဆိုကြပါစို့) တစ်ယောက်နဲ့ စာပြိုင်ရင် ကျွန်မရှုံးပါတယ်၊ ရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်မထက် Exposure နဲ့ Skills တွေ အများကြီးသာနေလို့ပါ။ ကျွန်မလက်ရှိသင်ကြားနေတဲ့ ရိုးရိုးအီကိုတန်းရဲ့ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုစနစ်နှင့် အထောက်အကူပြုပစ္စည်းများက ကျွန်မရခဲ့တဲ့ မြန်မာပြည်က မဟာဘွဲ့ရဲ့သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုစနစ်နှင့် အထောက်အကူပြုပစ္စည်းများထက် သာတယ်လို့(ကျွန်မ မျက်စိကို မှိတ်ပြီး) ပြောပါရစေ။ ဒီလို ကျွန်မတို့နိုင်ငံက “တော်” ဆိုတဲ့ လူတစ်ယောက်ဟာ အခြားအာရှနိုင်ငံများမှ “သင့်” ဆိုသော လူတစ်ယောက်နဲ့ သူတင်ကိုယ်တင်ဖြစ်ဖို့ လျှာတစ်တောင်လောက်ထွက်အောင် ပြေးလိုက်နေရပြီး ကျွန်မတို့ နိုင်ငံက “သင့်” ဆိုသောလူတွေဟာ သူများနိုင်ငံတွေမှာ “ညံ့” ဆိုသောလူတွေလုပ်တဲ့ အလုပ်တွေကို အောက်ကျခံပြီး သွားလုပ်နေရတာတွေကို သုံးသပ်မိမယ်ဆိုရင် ကျွန်မတို့မြန်မာပြည်ရဲ့ရှေ့အနာဂတ်ကို တွေးကြည့်နိုင်ကြပါပြီ။

တိုင်းပြည်များ ဖွံဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြသလဲဆိုတဲ့ International Development ဘာသာရပ်နဲ့ မဟာဘွဲ့ရထားတဲ့ကျွန်မ၊ တိုင်းပြည်များ၏ရေရှည်စီးပွားရေးတိုးတက်မှု (Long-Run Economic Growth) တနည်းအားဖြင့် ရေရှည်လူမှုဘဝကောင်းမွန်မှု ဆိုတဲ့ ခေါင်းစဉ်ကို ကျောင်းသားတွေကိုရှင်းပြတိုင်း ပညာရေးဟာ Long-Run Economic Growth အတွက် အရေးအပါဆုံး နံပါတ်တစ်လို့ သူတို့ခေါင်းထဲကို စွဲနေအောင် ဥပမာလေးတွေပေးပြီး ရှင်းပြနိုင်ခဲ့တဲ့ ကျွန်မ၊ မြန်မာပြည်ရဲ့ ပညာရေးကြီး နလန်မထူနိုင်လောက်အောင် နိမ့်ကျပြီး စာသင်ခွင့်မရတဲ့ကလေးတွေအကြောင်းကြားရတိုင်း ရင်ထဲမှာဆို့နင့်နေမိတာ အကြိမ်ကြိမ်ပါ။ မြန်မာလူကြီးတစ်ယောက်က ပြောဖူးတယ် “ညည်းတို့တတွေ ဒီတိုင်းပြည်မှာလူဖြစ်လာတာ ညည်းတို့ကိုက ကံမကောင်းလို့ပေါ့အေ၊ ညည်းတို့ ကုသိုလ်တွေ အရမ်းကောင်းကြရင် ဒီ့ထက်ကောင်းတဲ့တိုင်းပြည်တွေမှာ လူဖြစ်ကြမှာပေါ့” တဲ့။ ဟုတ်ပါတယ်၊ ကျွန်မတို့ အတိတ်ကံတွေ မကောင်းခဲ့ကြလို့ ဒီတိုင်းပြည်မှာလူလာဖြစ်ကြတယ်၊ အခက်အခဲတွေ ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံခံရမှုတွေအောက်ကနေ ပင်ပင်ပန်းပန်းထိုးထွက်ကြရတယ်။ ဒါပေမယ့် ကျွန်မတို့မျိုးဆက် ကလေးငယ်လေးတွေကို “ကဲ ကံမကောင်းလို့ ဒီနိုင်ငံမှာ လူဖြစ်ကြတယ်၊ သည်းခံပြီးနေကြလေရော့” လို့ ကျွန်မတို့ ပြောသင့်ပါသလား၊ ပြောရက်ပါသလား။

ကျွန်မ မပြောရက်ပါ။ ထိပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို စောင့်မျှော်ရင်းမှပင် ကိုယ်ရောက်နေတဲ့နေရာလေးကနေ ကိုယ်တတ်နိုင်သလောက်အင်အားလေးတွေနဲ့ ဒီပညာရေးစနစ်ကြီးကို ပြောင်းလဲပစ်ကြပါစို့လား။ နှမ်းစေ့ကလေးတွေအားလုံးပေါင်းမိသွားတဲ့တချိန်မှာ ကျွန်မတို့နိုင်ငံကြီးကို အများနည်းတူ အရှိန်ပြည့်မောင်းနှင်နိုင်ဖို့ အဓိကစွမ်းအင်ဖြစ်တဲ့ ကြည်စင်ရှင်းသန့်လှတဲ့ဆီကောင်းကောင်းလေးတွေ အမြောက်အမြားထွက်ရှိလာနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျှက် …………………..


ဆရာတင်လင်းဇော်၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။

(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ)စာအုပ်မှ တင်လင်းဇော်

စည်းစိမ်ရှင်
*** ***
* "စိန်"ပန်းပင်ရိပ်ဝေဝေမှာ
"စိန်"ပြေးကစားလာ။
"စိန်"ခေါ်ကာ ဆော့ကစား
"စိန်"ပြေ နပြေနား။

* င"စိန်"ဆန်စား ခွန်အားသန်
"စိန်"ခြယ်ပန်းကိုပန်။
စည်း"စိမ်"ခံတဲ့ မိ"စိန်"တုပ်
ဗောက်တွေ ဗျင်းဗျင်းကုပ်။ ။

(စိန်။စိမ်)

တင်လင်းဇော်

(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ)စာအုပ်မှ့ 





Sunday, July 27, 2014

(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ)စာအုပ်မှ တင်လင်းဇော်





မပိန်တာ
*** ***
= ငါးဖောင်"ရိုး"ခြောက် မပိန်တာ
"ယိုး"တိုး ယိုင်တိုင်ပါ။
မိ"ရိုး"ဖလာ ရှောင်ဖယ်သွား
ဖိုး"ရိုး"ဖားရား ဝတ်ဆင်ထား။

* ကိုး"ရိုး"ကားရား သူ့ဟန်သွင်
နေဝင် "ရိုး"ရီမြင်။
မြင်"ရိုး"မြင်စဉ် အမြင်ပြောင်း
ကွဲပေါ့ချုပ်"ရိုး"ကြောင်း။

* စောင်းကောက်ကိုပွေ့ လမ်းလျှောက်သော်
လယ်ကန်သင်း"ရိုး"ပေါ်။
ခင်"ရိုး"အမော် ချော်ကာကျ
"ယိုး"ဒယားအကနဲ့ဗျ။ ။

(ယိုး။ရိုး)

တင်လင်းဇော်

(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ)စာအုပ်မှ


အားဖြည့်ထမင်းရည်
*** *** ***
ဗီတာမင်(၁)ချို့တဲ့လျှင်
ခြေလက်ထုံ "ကျဉ်ကျဉ်"။
နာ"ကျင်"သူအား "ကြင်"နာပွား
ဖေးကူကြစို့လား။

ထမင်းရည်ကား ခွန်အားပါ
အမြဲသောက်သုံးပါ။
ငှဲ့သွန်ဖြုန်းတာ ရှောင် "ကြဉ်"လို့
အင်အားဖြည့်ကြစို့။ ။

(ကျင်။ကျဉ်။ကြင်။ကြဉ်)

တင်လင်းဇော်

(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ)စာအုပ်မှ


မဟာဆန်သူ
*** ***
မဟာ "ဆန်"တဲ့ မကျည်းတန်
ခေတ်"ဆန်"မှုကို သူငြင်း"ဆန်"။
အော်ဂလီ"ဆန်" ဝတ်ဆင်ရေး
ဘယ်ခါ အားမပေး။

တစ်ပတ်လျှိုထုံး သူ့"ဆံ"ပင်
ကျစ်"ဆံ"မြီးသို့ သူမပြင်။
နန်း "ဆန်"သွင်နဲ့ ယဉ်ကျေးကျေး
ရွှေမန်းမြို့သူ လှပဂေး။ ။
(ဆန်။ဆံ)
 

တင်လင်းဇော်
(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ) စာအုပ်မှ 


ညနေဆည်းဆာချိန်
*** *** ***
* "ဆည်း"လည်းသံလေး ဝေဝေစည်
"ဆည်း"ဆာ ညနေဆီ။
"ဆီး"နှင်းမှုန်ရီ စေတီရိပ်
"ဆည်း"ကပ် နားခိုအိပ်။

* တိတ်ဆိတ်ကြို"ဆီး" ဖြည့်" ဆီး"ပါ
ရဟန်းမြတ် သံဃာ။
"ဆည်း"ပူးခါခါ မြတ်တရား
အပါယ်ငရဲ ဘယ်မလား။
အမြဲပင် "ဆီး"တား။ ။
(ဆည်း။ဆီး)

တင်လင်းဇော်

(မြန်စာဂုဏ်တင့်ငွေကြယ်ပွင့်သတ်ပုံကဗျာများ) စာအုပ်မှ 


  

Saturday, July 26, 2014

မိလွမ်းပို မငိုနဲ့တော့ (သို့) ဒါလားဟဲ့ လောကဓံ (၀ထ္ထု)



ဝထ္ထု ဖတ်လိုသူများအတွက် အချိန်ပေးပြီးဖတ် နိုင်ရန် တင်ပြပေးလိုက်ပါသည်။
စာရေးသူ၏ ခံစားချက် ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါ၏။(အခန်းခွဲ မထားပါ) မူရင်း အတိုင်းဖော်ပြ လိုက်ပါ၏ ။

သတင်းတာဝန်ခံ
မြေလတ်မီဒီယာ

စာရေးသူကို လွမ်းက သူ့ဘ၀အကြောင်းတွေပြောပြပါတယ်။ ရင်နင့်စရာတွေ၊ ရင်ခုန်စရာတွေ၊ ဘ၀မှာ အမှောင် ကျခဲ့ရတဲ့ ဖြစ်ရပ်ကို စာရေးသူအား ပြောပြပါသည်။ သူပြောပြတာကတော့ ဒီလို..... ဒီလို..... ဒီလိုပါ
          လွမ်း အော်လွမ်းဆိုတာ လွမ်းတာပါလား။ နွေဦးရောက်ပြန်တော့ လေရူးဖွေနှောက်ချိန် ရော်ရွက်ဝါတွေ ပင်ယံထက် က ကြွေကျနေတာကိုကြည့်ပြီးတော့ လွမ်း မိုးဦးမကြွေခင် တိမ်မည်းညိုပြိုတော့မှာကို ကြည့်ပြီးတော့လည်း လွမ်း ဆောင်းနံနက်ခင်း နှင်းကျတာကို ကြည်ပြီးတော့လည်း လွမ်း ချစ်သူနဲ့ခွဲရလို့ လွမ်း အမိ..... အဖ နဲ့ဝေးနေရလို့ လွမ်း မောင်နဲ့ဝေးလို့ လွမ်း ညီမနဲ့ဝေးလို့ လွမ်း အရာရာဟာ လွမ်းစရာတွေအဖြစ် ကြည့်ပြန်ရင်လည်း လွမ်း လွမ်းဆိုတဲ့အရာဟာ လွမ်းစရာတွေကြည့်ပါပဲလား ... လွမ်း ... လွမ်း ... လွမ်း ... ကျွန်မဘ၀အကြောင်းကတော့ လွမ်း မေ့မောစရာတွေရှိခဲလား ဆိုပြန်ပြောရရင် “သံယောဇဉ်မြစ်ကလေးတစ်စင်း စီးဆင်းနေပြီကွယ်” ဆိုတဲ့ သီချင်းထဲက စာသားတစ်ချို့က ကျွန်မဘ၀နဲ့ ယှဉ်ရင် ပြောင်းပြန်စီးသောမြစ်လိုပဲ ဆိုသလို မက်လောက်စရာတစ်ကွက်မှ မရှိအောင်ပါဘဲ မက်လောက်စရာမကောင်းတဲ့ ရင်မောစရာတွေပေါ့ ကျွန်မကတော့ ကျွန်မဘ၀ကြီးတစ်ခုလုံး မောခဲ့ပြီးပါပြီ ကမ်းမမြင် လမ်းမမြင်နဲ့လည်း မျောခဲ့ပြီးပါပြီ မျောရင်း... မောရင်းပဲ... ညအမှောင်က လရောင်လာလိမ့်မယ်တဲ့ ဘ၀အမှောင်... ဘ၀အမှောင်... ငါ့ဘ၀ရဲ့ ဘ၀အမှောင်တွေကိုရော ဘယ်လိုအရောင်မျိုးစုံတွေကများ ငါ့ဘ၀ရဲ့အမှောင်ကို အလင်းရောင်ဖြစ်ပေးနိုင်မှာလဲ မုန်းတယ်... မုန်းတယ်... ဒီအလင်းရောင်တွေကို ငါ မုန်းတယ် လျှပ်စစ်အရောင်တွေ ဘယ်လောက်ဝင်းဝင်း လရောင်တွေ ဘယ်လောက် လင်းလင်း ငါ့ဘ၀ကို ဘာအလင်းရောင်များပေးနိုင်လို့လဲ သွား ဒီအရောင်တွေကို ငါမုန်းတယ် ... မုန်းတယ် ... မုန်းတယ် ........... ဟေ့သူငယ်ချင်း လွမ်း မုန်းတယ် ....... မုန်းတယ် နဲ့ တစ်မုန်းထဲ မုန်းနေတယ် ဘာတွေဖြစ်နေတာလဲ ဒါနဲ့ နေစမ်းပါအုံး သူငယ်ချင်းရယ် ငါနင်နဲ့သူငယ်ချင်းဖြစ်တာ တစ်နှစ်တောင်ပြည့်တော့မယ် နင့်ဆီကိုငါလာတိုင်း နင့်အခန်းက အမြဲတမ်းမှောင်နေတာ ထွန်းထားတဲ့ မီးလုံးလေးကလည်း ပိုးစုန်းကြူးရဲ့ အလင်းရောင်တောင် မမီချင်ဘူး နင့်ကိုကြည့်လိုက်တိုင်းလည်း အမြဲတမ်းတွေဝေနေတယ်။ နင်ဘာဖြစ်နေလဲ လွမ်းရယ် ဖြစ်နိုင်ရင် နင့်အကြောင်းတွေ ငါ့ကို ပြောပြပါလား လွမ်းရယ်... ဟု မိုးကပြောလာပါတယ်။ 

ဘာ လွမ်း ဟုတ်လား ဒီနာမည်ကို ငါ့အမေကိုယ်တိုင် ပေးခဲ့တယ်။ ပညတ်သွားရာ ဓာတ်သက်ပါတဲ့ ငါ့အမေပေးလိုက်တဲ့ လွမ်းဆိုတဲ့အတိုင်း ငါ့ဘ၀ဟာ လွမ်းစရာမကောင်းခဲ့သလို လှပခြင်း တွေနဲ့ ဝေးကွာခဲ့သလို ကဗျာလည်း မဆန်ခဲ့ပါဘူး။ ဘယ်တုန်းကမှ မလှမပခဲ့တဲ့ ငါ့ဘ၀ရဲ့ ဒဏ်ရာတွေက အခုချိန်ထိ မဟောင်းသေးတာတော့ သေချာပါတယ် နင်မငြီးငွေ့ မပျင်းရိဘူးဆိုရင်တော့ ငါ့ဘ၀ရဲ့ ကပြောင်းကပြန်ကို ဗလောင်းဆန် အောင်ပြောပြမယ်။ နင်နားထောင်ချင်တယ်ဆိုရင်ပေါ့ သူငယ်ချင်းရာ ငါက နင့်အတွက်ဆို အမြဲတမ်းသူငယ်ချင်းကောင်း ဖြစ်နေပါတယ်။ နင်နဲ့ငါကတွေ့တာ မကြာသေးပေမဲ့ ဘ၀တူတွေပါ  မိလွမ်းရယ်လို့ မိုးကိုပြောပြပါတယ်။ ရွှေလရယ်သာသာ ငွေလရယ်သာသာ ဘုန်း.... ဘုန်း....... အား ............ အဖေ .......... အဖေ ................... အဖေ ဘယ်လိုဖြစ်ရတာလည်း အဖေရယ် သမီး လွမ်း သ သမီး ကောင်း ကောင်း နေ နေရစ် အဖေ - အဖေ အို အဖေ့ကို ခေါ်လို့လည်း မရတော့ဘူး။ အဖေ အဖေ ဟဲ့ မိလွမ်း ဘာဖြစ်တာလဲ အို နင့်အဖေ ဘာဖြစ်တာလဲ ထန်းပင်ပေါ်က ပြုတ်ကျလို့ ခေါ်လို့လည်း မရတော့ဘူး။ အေးပါ မိလွမ်းရယ် မှန်းစမ်း ငါကြည့်ပေးမယ် အို နင့်အဖေ နင့်အဖေ အသက်မရှိတော့ဘူး မိလွမ်းရဲ့ ရှင် မိလွမ်းရဲ့အဖေ အသက်မရှိတော့ဘူး ဟုတ်လား ။ အဟင့် - အဟင့် - မိလွမ်းတို့ ဘယ်သူ့ကို အားကိုးရတော့မှာလည်း အဖေရယ် မိလွမ်းတို့ကို ဒုက္ခတွေနဲ့ထားခဲ့ပြီလား မောင်လေး ညီမလေးနဲ့ အိပ်ယာထဲလဲနေတဲ့ အမေနဲ့ မိလွမ်းတို့ ဘယ်သူ့ကို အားကိုး ရမှာလည်း မိလွမ်းတို့ကို ဘယ်သူက စောင့်ရှောက်တော့မှာလည်း အဖေရယ် အဖေ....... အဖေ......... ဖြစ်မှဖြစ်ရလေ အကိုကြီးရယ် ကဲ........ ကဲ မိလွမ်း ငိုနေလို့ မပြီးသေးဘူး နင့်အဖေကို ရွာသယ်ဖို့ ငါလှည်းသွားကောက်လိုက်အုံးမယ် နင်လည်း သိပ်ငိုမလာနဲ့ တော်ကြာ ရွာထဲဝင်မရပဲ နေအုံးမယ်ဟု သောင်းတန်က ချော့လာပါတယ် ဟဲ့ မိလွမ်းရဲ့ အဖေ ထန်းပင်ပေါ်က ပြုတ်ကျလို့ ဆုံးရှာပြီတဲ့တော် ဟော်တော် ဒုက္ခပါပဲ မိလွမ်းတို့ မိသားစုခမျာ သူ့အဖေကို အားကိုးနေရတာ မိလွမ်းခမျာမှာလည်း ကျောင်းနေမဲ့အရွယ် ကျောင်းမနေရရှာဘူး သူ့အဖေကို ၀ိုင်းကူပြီး ထန်းအိုးသယ်ပေးနေရရှာတာ သူ့အမေကလည်း မီးယပ်ကြိုးနေလို့ အိပ်ယာထဲလဲနေရတာ ငါတို့ရေစကြိုကလည်း ထန်းတက်သနပ်ခါးစိုက်ရတဲ့ အလုပ်ပဲ ရှိတယ်။ 

မိန်းကလေးတစ်ယောက်ရဲ့ တစ်ရက်လုပ်အားခ ငါးရာ တစ်ထောင်ပဲရှိတယ် ထန်းရည်ပေါ်တဲ့ရာသီမှာ ထန်းပင်ပုတ် ပြတ်တက်နိုင်မှ ငွေလေးရွှင်ရွှင်ကိုင်ရတာ ဒါတောင်စားရတော့ ငံပြာရည်နဲ့ ကန်စွန်းရွက် နောက်တစ်နပ်အတွက် အလုပ်ထွက်နိုင်မှ ထမင်းစားဖို့ နပ်မှန်မှာ အော် မိလွမ်း........ မိလွမ်း နင်တို့မိသားစုအတွက် ရင်လေးမိတယ် ငါ့မိသားစု အတွက်လည်း ဟဲ့ကောင်မ ငံပြာရည် ကန်စွန်းရွက်နဲ့ ထမင်းနပ်မှန်ဖို့ အလုပ်ထွက်ကြစို့လားဟု ရွာသူတစ်ဦးက ပြောလာပါတယ် ဟဲ့ မိလွမ်း ညည်းတို့မိသားစုအတွက် အိမ်ထမင်းဖိုးလေးဖါအောင် ရန်ကုန်မြို့မှာ အိမ်ဖော်လုပ်မလား ညည်းတို့မိသားစု အနည်းအကျဉ်းတော့ အဆင်ပြေတာပေါ့ အိမ်ထမင်းထက် အမေ့ဆေးဖိုးနဲ့ မောင်လေး ညီမလေးရဲ့ ကျောင်းစရိတ်ရှိသေးတယ်။ အဒေါ်ရွှေရယ် မြို့ကြီးပြကြီးသွားရအောင်ကလည်း မိလွမ်းက စာမတတ်ဘူးတော့ အေး အဲ့ဒါကြောင့် ငါပြောတာပေါ့ စာမတတ်တဲ့သူတွေအတွက် အိမ်ဖော်အလုပ်က သင့်တော်ဆုံးပေါ့ မိလွမ်းရယ် ညည်းလိုက်ဖို့ စိတ်ကူးရှိရင် နင့်အမေကို ငါပြောလိုက်မယ် အခုငါတို့ရွာမှာ အိမ်ဖော်ပွဲစား ဒေါ်ငွေခင်ရောက်နေတယ် လိုက်ချင်တဲ့သူတွေကတော့ လေးငါးယောက်ရှိတယ် ညည်းလိုက်ချင်တယ်ဆိုရင် ညည်းတို့မိသားစုအခုချိန်မှာ ခက်ခဲနေတဲ့ အတွက် ညည်းကို အရင်ခေါ်သွားဖို့ ငါပြောပေးမယ်ဟု ဒေါ်ကြီးရွှေကပြောပါတယ် ဟဲ့ မိသန်းကျော် နေလို့ရော ကောင်းရဲ့လား ညည်းနာမည်ကတော့ သန်းကျော် ဆန်ပေါ်ချိန်မှာတောင် အကြွေးဝယ်စားရတဲ့ဘ၀ပါလား အေး ဒုက္ခ .. ဒုက္ခ ...... ယောက်ျားက ထန်းပင်ပေါ်ကပြုတ်ကျလို့ သေ နင်ကမီးယပ်ကြိုး...... ကြိုး..... အားကိုးစရာဆိုလို့ မယ်မယ်ရရ မရှိ အငယ်နှစ်ယောက် ကျောင်းသား အကြီးဆုံးကလည်း ဆယ်နှစ်ကျော် အဲ့ဒါကြောင့် အိမ်ဖော်အဖြစ်ခေါ်ဖို့ ငါလာခဲ့တာ ညည်းတို့ မိသားစုအတွက် အထောက်အကူဖြစ်တာပေါ့ ရန်ကုန်မြို့က သူဌေးအိမ်မှာ အိမ်ဖော်အလုပ်လိုလို့ အိမ်ဖော်ပွဲစား ဒေါ်ငွေခင် ငါတို့ရွာကို အိမ်ဖော် အလုပ် လုပ်ချင်တဲ့သူကို ငါလာခေါ်တာ အဲ့ဒါ ညည်းသမီးကို ထည့်လိုက်ဖို့ ငါလာပြောတာ ဟုတ်တော့ဟုတ်ပါတယ် မကြီးရွှေရယ် သမီးလေးက အရမ်းငယ်နေတော့ ကျွန်မတို့နဲ့ခွဲပြီး ဟိုအဝေးကြီးမှာသွားပြီးနေနိုင် ပါ့မလားဟု ဒေါ်သန်းကျော်ရဲ့ စိတ်မကောင်းသံ မိလွမ်းနေနိုင်ပါတယ် အမေ အမေနေကောင်းဖို့ မောင်လေး ညီမလေးတွေ ပညာတတ်ကြီးဖြစ်ဖို့ မိလွမ်းသွားနိုင်ကြောင်း အမေသာနေကောင်းအောင်ကြိုးစားနော် ညီမလေးတွေကိုလည်း ကျောင်းက ထုတ်မပစ်လိုက်နဲ့နော် မိလွမ်း ပညာမသင်ခဲ့ရပေမယ့် သူတို့ကိုတော့ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ် အမေ ဒါကြောင့် မိလွမ်း လိုက်သွားမယ်နော်ဟု လိမ္မာလှတဲ့သမီးလေး မိလွမ်းက ပြန်လည်ပြောဆိုခဲ့ပါတယ်။ 

ဒီလိုနဲ့ ငါ့အမေပေးခဲ့တဲ့ နာမည်နဲ့ လိုက်အောင် အဲ့ဒီအချိန်ကစပြီး ငါ့အဖေသေလို့ အဖေကိုလွမ်းရ မိသားစုနဲ့ခွဲလို့ မိသားစုကို လွမ်းရ ငါ့နာမည်နဲ့တူတဲ့ အလွမ်းကို စလွမ်းခဲ့ရတယ်။ ဒီလိုနဲ့နေလာလိုက်တာ ရန်ကုန်မြို့က အိမ်ကြီးရှင် ခိုင်းစေမှုအောက်မှာ (၃) နှစ်ကျော်လို့ (၄)နှစ်ထဲအရောက် ငါ့အသက်ကလည်း (၁၃)နှစ်သာသာ (၁၄)နှစ်ထဲမှာ အဲဒီအချိန်မှာ ငါ့ကိုပို့ပေးတဲ့ အိမ်ဖော်ပွဲစား ဒေါ်ငွေခင်ရောက်လာပြီး ဒီအိမ်ကနေ နောက်တစ်မြို့ နောက်တစ်အိမ်ကိုပြောင်းရမယ်တဲ့ ရှိစေတော့ ဖြစ်ပါတယ် ငါအမေတို့ရဲ့ ၀မ်းရေးကို ဖြေရှင်းပေးနိုင်ပြီ၊ ငါ့ညီမလေးတွေ ပညာတတ်ကြီးတွေဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့်လေ ငါအမေတို့နဲ့ခွဲလာခဲ့တာ (၃)နှစ်ကျော်တောင်ရှိလာပြီဆိုတော့ ငါတစ်ခေါက်လောက်တော့ ရွာပြန်ပြီး အမေတို့နဲ့တွေ့ချင်သေးတယ်လို့ ဒေါ်ကြီးငွေခင်ကိုပြောတော့ မိလွမ်းကိုဒေါ်ငွေခင်က မိလွမ်းရယ် အကြောင်းရှာလွန်းလို့အေ ရန်ကုန်မြို့ကြီးကနေ ရွာကိုပြန်ဖို့ဆိုတာ ငွေသုံးလေးသောင်းကုန်မှ ရောက်တာအေ့ ညည်းအလုပ် လုပ်တာမှ တစ်လ နှစ်သောင်းရတာ ညည်းရတဲ့အလုပ်နဲ့နင်တို့မိသားစုအမှီပြုနေရတာ ဒီမှာ ငါ့တူမ မိလွမ်း ညည်းတို့ငါတို့လို ပြည့်စုံခြင်းတွေနဲ့ ဝေးကွာနေသူတွေအဖို့ လွမ်းခြင်းတွေက လွမ်းခွင့်မပေးနိုင်ပါဘူး။ မိလွမ်းရယ် ကိုယ့်ဘ၀ကို နားလည်စမ်းပါအေ့ ဟုတ် ဟုတ်ကဲ့ ဒါဆိုလည်း မိလွမ်းမပြန်တော့ပါဘူး ဒီလိုနဲ့စာတစ်လုံးမှမတတ်ခဲ့တဲ့ မိလွမ်း ကိုယ့်နာမည်တောင်ရေးမပြတတ်ခဲ့တဲ့ မိလွမ်း သီချင်းလေးဆိုရင်း အလင်းရောင်ပါတဲ့ ရွှေလသာ ငွေလသာသာ သီချင်းကိုမှ စွဲစွဲမြဲမြဲဆိုခဲ့တဲ့မိလွမ်း ငါဆိုတဲ့သီချင်းနဲ့ ဆန့်ကျင်ဘက်အမှောင်လမ်းကို လျှောက်လှမ်းနေရတာတောင် အမှောင်လမ်းမှန်းမသိခဲ့တဲ့ ငါ့ဘ၀ ငါရန်ကုန်ကအိမ်မှာ (၃)နှစ်ကျော် (၄)နှစ်လောက်နေပြီး ငါ့ကိုအိမ်ပြောင်းပေးမယ်ဆိုပြီး တရုတ်ပြည် ကြယ်ခေါင်ဘက်အထိပို့ခံရတယ် တရုတ်ပြည် ကြယ်ခေါင်ရောက်နေတာတောင် တရုတ်ပြည် ကြယ်ခေါင်လား မြန်မာပြည်လားဆိုတာ ငါလို့စာမတတ်တဲ့ မိလွမ်း နားမလည်ခဲ့တာ ဆန်းမယ်မထင်ပါဘူး။ နောက်တစ်နေ့မှာဘဲ အသက်(၁၄)နှစ်ကျော်ရုံလေး မိလွမ်းကလေး အမှောင် လမ်းကိုစပြီးလျှောက်လှမ်းရတာပဲ ဘုရားလက်ထက်တော်မှာတုန်းက အမ္မပါလီဆိုတဲ့ မိန်းမလှတစ်ဦးရှိခဲ့ပါတယ် သူ့ရဲ့အလှ ကို ခုနှစ်ပြည်ထောင်မင်းနှင့် သူဌေးသူကြွေယ်တွေက တပ်မက်ကြလို့ ခုနှစ်ပြည်ထောင် စစ်ခင်းကြမဲ့အချိန် အမ္မပါလီ လုပွဲကြီး ကို ခုနှစ်ပြည်ထောင် စစ်ပွဲမှာ သွေးသံရဲရဲအဖြစ်မျိုး မဖြစ်ရလေအောင် လှလွန်းတဲ့ အမ္မပါလီ ခမျာ ခုနှစ်ပြည်ထောင် စစ်ရေး ငြိမ်းချမ်းစေဖို့အတွက် သူ့ဘ၀ကို စတေးလို့ ခုနှစ်ပြည်ထောင်ရဲ့ရှင်ဘုရင်မင်းမြတ်အပေါင်းနှင့် သူဌေး သူကြွယ်တွေအတွက်  မင်းအမိန့် မင်းအာဏာနဲ့ ခုနှစ်ပြည်ထောင်ရဲ့(ပြည့်တန်ဆာ)ဘ၀အဖြစ် ရောင်းခဲ့ရတယ် ဒီလိုပါပဲ သူငယ်ချင်းရယ် မပြည့်စုံခြင်းတွေနဲ့အတူ မွေးဖွားလာတဲ့ ဘ၀ကြမ်းတဲ့ မိလွမ်းရဲ့ဘ၀ကကော မိသားစုရဲ့ဝမ်းရေးငြိမ်းအေးစေဖို့ ငါ့ဘ၀ကို စတေးခဲ့ရတာ ဘာများဆန်းလို့လဲ တရုတ်ပြည်မှာရောက်တော့ ကိုယ်တစ်ပိုင်းသေနေတဲ့ တရုတ်ကိုပြုစုပေးရင်း တရုတ် မယားမဟုတ် ကျွန်မဟုတ်နဲ့ပေါ့ မိလွမ်းအတွက် ရမဲ့ငွေကလည်း မြိုးမြိုးမြက်မြက်ဆိုတော့ရှိစေတော့ ငါ့ဘ၀ မလှပေမဲ့ ဒီငွေနဲ့ ငါ့ညီမနဲ့ငါ့အမေ ငါ့မောင်လေးတွေ သူတို့အားလုံးရဲ့ဘ၀တွေ လှဖို့လိုတယ် ဒီနေရာမှာ မနေနိုင်လို့ရော မိလွမ်းလို ပညာမတတ်တဲ့ မိန်းမအတွက်တော့ ပြေးစရာလည်းမြေမရှိဘူး ဒီကြားထဲ ဒေါ်ငွေခင်ကလည်း ငွေကိုခင်ပြီး ငါ့ဘ၀နဲ့ ရင်းပြီး လုပ်ထားရတဲ့ လုပ်စာ(၃)နှစ်စာ လစာထုတ်သွားသေးတယ် ဒီလိုပါပဲ မိလွမ်းရယ် ငါတို့ မြန်မာပြည်မှာ ကွက်ကျားမိုးတွေ ရွာနေတာ မင်း မကောင်းလို့ လို့ ပြောကြတယ် တကယ်တမ်းတော့ မင်းထက် မကောင်းတဲ့သူတွေလည်း အများကြီးပါဟု မိုးက ပြောပါတယ်။

 ဒါနဲ့ မင်းအကြောင်းပြန်ဆက်ပါအုံး နောက်ဆက်ဖြစ်တာကတော့ အိမ်ဖော်ပွဲစား ခေါ် လူပွဲစားမကြီး ဒေါ်ငွေခင် ငါ့ဆီရောက်လာခဲ့တယ် ဒီတစ်ခေါက်သူရောက်လာတဲ့အချိန်ကတော့ ငါ့အသက်ကလည်း (၁၆)နှစ်ကျော်လို့ (၁၇)နှစ်ထဲရောက်ခဲ့ရပြီ အဲဒီအချိန်တောင် ငါ့အမေတို့နဲ့တစ်ခေါက်မှမတွေ့ခဲ့ရဘူး ငါ့ဓါတ်ပုံလေးထည့်ပေးလိုက်တာကလွဲလို့ ငါ့ညီမလေးတောင် (၁၀)တန်းတက်နေပြီ ငါ့မောင်လေးက (၈)တန်းစာ သိပ်တော်တယ် ငါ့အမေကတော့ နေကောင်းသွား ပေမဲ့ လူကောင်းတစ်ယောက်တော့ မဟုတ်သေးဘူးဟု လွမ်းကဆက်ပြောပါတယ် နင်တို့မိသားစုနေကောင်းကြတယ် မိလွမ်း နင့်အမေက နင့်ကိုမေးတော့ အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်နေတယ် နင့်အမေက နင့်ကိုတွေ့ချင်တယ်ပြောလို့ နင်ပေးလိုက်တဲ့ ဓါတ်ပုံလေး ငါပေးလိုက်တယ် အခုငါလာတာက နင့်ကိုနေရာပြောင်းပေးမလို့ဟု ဒေါ်ငွေခင်ကပြောတော့ နေရာပြောင်းမယ်ဆိုတဲ့ ဒီတရုတ်နဲ့အပျိုရည်ပျက်ခဲ့ရတဲ့ မိလွမ်းအတွက်က သူ့မယားအဆင့်မဟုတ်ဘူးပေါ့ ကြီးငွေခင်ရယ် မိလွမ်းကို ဘယ်ဆီပို့အုံးမှာလဲ မိလွမ်း ဒီလိုဘ၀ကြီးနဲ့တော့ အမေ့ကိုလည်း မတွေ့ချင်ပါဘူး မြန်မာပြည်ကြီးကိုလည်း မပြန် ချင်တော့ပါဘူး ကြီးငွေခင် ကြိုက်သလိုသာ စီစဉ်ပါတော့ဟု ကြီးငွေခင်အား ပြန်ပြောလိုက်မိတယ် စိတ်ပူစရာရှားလို့ မိလွမ်းရယ် ဘာလဲ ညည်းက ကျုပ်ကိုမယုံဘူးလား ကဲ မိလွမ်း ညည်းအဆင်ပြေအောင်နေရစ်နော် ဘာသံ ညာသံ ကြားရင် ညည်းကို ငါလာသတ်မှာ ဒီနေရာကနေ မနေနိုင်ဘူးဆိုပြီး ထွက်ပြေးမယ်မကြံနဲ့ ညည်းမိသားစုကို ငွေပို့ပေးဖို့ ငါတစ်ခါတည်း ယူသွားပြီ ကဲ ငါသွားတော့မယ်ဟု ဒေါ်ငွေခင်က ပြောပါသည်။ 

အားလုံးနားထောင်စမ်း ဒီကောင်မနာမည်က မိလွမ်းတဲ့ အသစ်ရောက်လာတဲ့သူပေါ့ သူမသိတာရှိရင် နင်တို့အားလုံးသင်ပြလိုက် ဟဲ့ မိလွမ်း ညည်းဆံပင်ညှပ်ရမယ် ကဲ ငါ့ကို မတ်တပ်ရပ်ပြစမ်း၊ အေး ညည်းရုပ်ရည် ညည်းခန္ဓာကိုယ်က မဆိုးပါဘူး ဒါပေမဲ့ ညည်းအားလုံးပြင်ရမယ် ဟု ဇိမ်ခန်းပိုင်ရှင် ဒေါ်မေမြင့်ကပြောပါတယ် ဒါပေမဲ့ မိလွမ်းက ဘာလုပ်ရမှာလဲ ဒီနေရာကဘာလဲဟုမေးတော့ ဒေါ်မေမြင့်က လုပ်ရမှာက (ပြည့်တန်ဆာ) ဒီနေရာက ဇိမ်ခန်း မှတ်ထား ငါကတော့ ညည်းနဲ့အတူ ဟိုမှာထိုင်နေတဲ့ မိန်းကလေးတွေကို အုပ်ချုပ်တဲ့ အမေမြင့်လို့ခေါ်တယ် ဒီနေ့ကစပြီး ငါခိုင်းတာလုပ် ငါကျွေးတာစား ငါပေးတာယူ သွား ညည်းတို့လို ပညာမတတ် မပြည့်စုံတဲ့ မိန်းမတွေအတွက် ဘ၀ပျက်ဖို့ အလှသွားပြင်ကြ ဟေ့ကောင်မတွေ အားလုံး သူ့အတွက် နံပါတ် အဆင်းမလှတဲ့သုည(၀)သာ ပေးလိုက် နောက်ပြီး သူ့ကို လိုအပ်တာတွေသင်ပြလိုက်အုံး သွားကြတော့ မကြာခင်အတွင်း နင်တို့ကို ပျားတွင်းထဲပို့မဲ့ ဧည့်သည်တွေလာကြတော့မယ်ဟု မိန်းမကြမ်းကြီးက ဆိုပါတယ်။ 

လွမ်း........ မိလွမ်း ဒီနာမည်က နင့်နာမည်အရင်းလား လွမ်း ဟုတ်ပါတယ်ရှင် မိလွမ်းရဲ့နာမည်အရင်းပါ သြော် သူငယ်ချင်းရယ် ငါတို့ကို ရင်းရင်းနှီးနှီးခင်လို့ရပါတယ် ငါ့နာမည်က ဖြူလို့ ခေါ်တယ် ငါ့ဘ၀တစ်ခုလုံး ဖြူတာဆိုလို့  နာမည်ပဲရှိတယ် ရောက်နေတဲ့ဘ၀ကတော့ နင်မြင်တဲ့အတိုင်းပဲ အဖြူရောင် လမ်းနဲ့ဝေးတဲ့ အမှောင်ခန်းပေါ့ဟု ဖြူ ဆိုသူက တဖုံ ငါ့နာမည်ကတော့ အကြင်နာတဲ့ ရောက်နေတဲ့နေရာကတော့ နင်မြင် တဲ့အတိုင်းပဲ အကြင်နာရောင် မသမ်းတဲ့ ဇိမ်ခန်းလို့ အကြင်နာကတစ်မျိုး ငါနားမလည်ဘူး နင်နားလည်လာမှာပါ ညအမှောင် လရောင်မလာခင် နင်နားလည်သွားမှာပါ အခုတော့ အမေမြင့်ရဲ့ လက်စာလွတ်ဖို့ နင်ရေသွားချိုးတော့ ဟိုမှာ ရေချိုခန်း ဘေးနားက မှန်ပြူတင်းပေါက်နားကို သွားကြည့်မယ် မကြံနဲ့ နင့်ဘ၀ ဒီထက်ထောင်ချောက်ကျသွားမယ်ဟု ဖြူက ဆက်ပြောပါတယ် ဖြောင်း...... ဖြောင်း....... (တုတ်နဲ့ခုံကိုရိုက်သံ) ဟေ့ ကောင်မတွေအားလုံးတန်းစီ ဟိုကောင်မရှေ့တိုးစမ်း ကဲ မောင်မင်းကြီးသား ရွှေဧည့်သည် ငွေနဲက၀ယ်ဖို့ ကြိုက်တာသာကြည့် ဟိုဘက်မှာရပ်နေတဲ့ဟာက အသစ်ဆိုတော့ ငွေနည်းနည်းပိုများမယ်ဟု ဒေါ်မေမြင့်အဆိုပြုသံ ဘယ်တစ်ယောက်လဲ အဲဒီအသစ်ကလေးကိုပဲခေါ်မယ်ဟု ဧည့်သည်အပြော သူနဲ့လိုက်သွားရမယ် (၃)နာရီပြည့်တာနဲ့ ဖုန်းဆက်ခေါ်လိုက် အကြိုလွှတ်လိုက်မယ်ဟု ဒေါ်မေမြင့် အမိန့်သံ အို မိလွမ်း မလိုက်ဘူး မလိုက်လို့ရမလားကောင်မ ညည်းအတွက် ငွေထုတ်ပြီးသား အို အဲဒီငွေအတွက် မိလွမ်းကို ကြိုက်တာခိင်းပါ ဒီအလုပ်ကိုတော့ မိလွမ်းမလုပ်ဘူးဟု မိလွမ်းရဲ့ ငိုရှိုက်သံ ဟဲ့ကောင်မသွား ဒီလောက်အကြောမာတဲ့ ကောင်မရဲ့ အရေခွံ မီးဖုတ်ထားတဲ့ သံချွန်နဲ့ထိုးပစ်မယ် ကဲ လာခဲ့ကောင်မ ငါ့အကြောင်းပြရသေးတာပေါ့ ရှဲ..... ရှဲ............. အား အား ကြောက်ပါပြီ အမေမြင့်ရဲ့ ခိုင်းတာလုပ်ပါတော့မယ်ဟု ၀န်ခံခဲ့ရပါတယ် သူငယ်ချင်းမိလွမ်း အရမ်းနာနေလား အသားအနာမခံချင်ပါနဲ့ သူငယ်ချင်းရယ် ငါတို့ တစ်နေ့ ဒီနေရာနဲ့ဝေးတဲ့နေရာကို ထွက်ပြေးကြမယ် အားတင်ထားပါ အခုလည်း သူ့စကားနားမထောင်ဘဲ မှန်ပြူတင်ေးပါက်ကနေ အောက်ကို လှမ်းကြည့်လို့ဆိုပြီး အကြင်နာကို ရေထဲမှာ စိမ်ခိုင်းထားတယ်ဟု ဖြူကပြောပါတယ် ဒီလောက်ချမ်းအေးတဲ့ကာလကြီးမှာ (၁)နာရီကြာအောင် ရေထဲနေခိုင်းတယ် လူမဆန်စွာ သိပ်ရက်စက်လွန်းပါလား ဒါမြန်မာလူမျိုး အချင်းချင်း စာနာစိတ်ကင်းမဲ့လွန်းတယ် တိုင်းတစ်ပါးမှာ မြန်မာလူမျိုး မှန်ရင် စာနာစိတ်ရှိတယ်လို့ပြောရမှာတောင် ရှက်စရာကောင်းလောက်အောင် ရက်စက်လွန်းပါပေတယ် ဒီနေရာ ဒီဒေသမှာ ဒီအလုပ်ကိုလုပ်နေလဲ မြန်မာလူမျိုးချည်း ငါတို့အားလုံးကို လူမဆန်ဘူး နှိပ်စက်ပြီးအုပ်ချုပ်နေတာလည်း မြန်မာမကြီးပါ ငါတို့ မြန်မာလူမျိုးတွေ တစ်ချိန်က သူ့ကျွန်ဘ၀ရောက်ခဲ့ရတာလည်း မြန်မာသစ္စာဖောက်တွေရှိခဲ့လို့ပါ ဒီကြားထဲ တိုင်းပြည်ကို ချစ်တဲ့ တိုင်းပြည်ချစ်သူရဲကောင်းကြီးတွေဟာ တိုင်းပြည်အတွက် အသက်ကိုစတေးသွားကြရတယ်ဟု လွမ်းရဲ့မာနသံ ဒါများ လွယ်လွယ်လေး တိုင်းပြည်ကိုချစ်တဲ့လူဟု အသက်ကို စတေးရဲသလို မိသားစုကိုချစ်တတ်တဲ့ငါတို့လို မပြည့်စုံခြင်းမိသားစု အတွက် ဘ၀ကိုစတေးလိုက်ရတာ ပြောပြဖို့ လိုမယ်မထင်အောင် မိသားစုကို ချစ်တတ်တဲ့ မိသားစုချစ်မကြီးတွေပေါ့ ဒါပေမယ့် သူငယ်ချင်းရယ် မိသားစုနဲ့အတွက် ပတ်ဝန်းကျင်အမြင်တွေကတော့ ငါတို့လို နင်တို့လို မိန်းမတွေဟာဟု ဖြူရဲ့အမေးကို လွမ်းရဲ့ဖြေဆိုသံ ကဲကဲ သူငယ်ချင်းတို့ရေ ဘ၀အရေးတွေးပြီးတော့ ရင်လေးနေမဲ့အစား နီးရာဓါး တို့အား မလာဖို့ ရေသွားချိုးကြပါစို့ သြော် ဒါနဲ့ ငါတို့လိမ်းဖို့ပင်တိုင်စံ ပုလဲမိတ်ကပ်ကုန်ဖို့ မယ်သုန်ကို မှာလိုက်တယ်နော်ဟု အကြင်နာရဲ့ပြောဆိုသံ သူငယ်ချင်းတို့ မယ်သုန်အကြောင်းကြားပြီးပြီလား မယ်သုန်ဘာဖြစ်လို့လဲ မယ်သုန်မှာ (A)အေ ရောဂါတွေ့လို့တဲ့ ဒီနေရာမှာ မထားတော့ဘူး နှင်ချလိုက်ပြီတဲ့ မယ်သုန်ခမျာ ရောဂါကြီးကြောင့် အရမ်းအဖျားတက် နေတယ်ဟု အကြင်နာရဲ့ ယုယသံ အို သနားပါတယ် သိပ်ရက်စက်ကြတဲ့လူတွေပလား သူတို့ ခိုင်းစားတုန်းကတော့ ခိုင်းစားပြီး ရောဂါရတော့ ရက်ရက်စက်စက်နှင်ထုတ်ကြတယ် ငါတို့ဒီနေရာက ထွက်ပြေးကြမယ် ဒီညနေ ငါတို့အားလုံး ကာကွယ်ဆေး သားတားဆေးဆို ပုံမှန်ဆေးထိုးဖို့ အပြင်ကိုထွက်တာနဲ့ ငါတို့ထွက်ပြေးကြမယ် ငါတို့တစ်တွေထဲက ရဲကို နားလည်အောင်ပြေဲာပရမယ် အဲဒီတာဝန်ကို အကြင်နာနင်ယူလိုက် နင်ကငါတို့ထက် စာရင် စာတတ်တယ်ဟု လွမ်းရဲ့ မခံချိ အသံ လွမ်းကဆက်၍ အို အဲဒါနောက်မှ မီးစင်ကြည့်ကကြမယ် အခုလောလောဆယ် မယ်သုန်မှာ ရောဂါနဲကဆိုတော့ သူ့ကို ပါအောင်ခေါ်သွားကြမယ် သတိဝိရိယတော့ရှိပါစေ ဆေးခန်းရောက်တာနဲ့အခွင့်သာရင်ပြေးမယ် ဒီလိုနဲ့ ငါတို့ရဲ့ အစီအစဉ် အတိုင်းထွက်ပြေးလာတာ တရုတ်ပြည်က ရဲအရာရှိကြီးရဲ့အကူအညီနဲ့ ဒုက္ခသည်ထိန်းသိမ်းရေးစခန်းမှတဆင့် မြန်မာပြည် ဖြစ်တဲ့ ဒီမန္တလေးမြို့ကို ရောက်ခဲ့တယ်ဆိုပါတော့ ဒါနဲ့ နင်နဲ့ထွက်ပြေးလာတဲ့ နင့်သူငယ်ချင်းတွေကကော မယ်သုန်ကတော့ အဲဒီကယ်ဆယ်ရေးစခန်းမှာပဲ အပြင်းဖျားပြီး ဆုံးသွားတယ် မိဖြူကတော့ သူ့ရွာသူပြန်သွားတယ် အကြင်နာကတော့ ဟောဒီ့ ငါ့ဘေးမှာထိုင်နေတဲ့ နာမည်ပြောင်းထားတဲ့ တွယ်တာ ဆိုတာပဲ ငါကလည်း ငါ့ရွာငါမပြန်ချင်သေးဘူး အကြင်နာကလည်း ဒီလိုဘ၀နဲ့ ရွာကို မပြန်ချင်တော့ဘူး ဆိုတာနဲ့ ငါတို့(၂)ယောက်အလုပ်ရှာခဲ့ကြတယ် မန္တလေးမြို့မှာ အလုပ်ရဖို့ဆိုတာ (၁၀)တန်းအောင် ဘွဲ့ရမှ ဖြစ်မှာလေ တစ်တန်းမှမအောင်ခဲ့တဲ့ငါနဲ့ (၄)တန်းသာသာ(၅)တန်းတောင် မအောင်ခဲ့တဲ့အကြင်နာ နဲ့ အရှက်မရှိ အလုပ်ရှာမိတဲ့သူတွေအတွက် အလုပ်ရှင်တွေပြန်ပြောလိုက်တာကတော့ နင်တို့လို ပညာမတတ်တဲ့ ကောင်မတွေက ဒီနေရာကိုလာရမှာ မဟုတ်ဘူး အမှိုက်ကောက်ရမှာ ဆိုတဲ့စကားပါပဲ.... ရှိစေတော့ သူပြောသလို အမှိုက် ကောက်စားရအောင် ဒီဝင်ငွေလောက်နဲ့ ငါ့မိသားစုဘ၀လှအောင် ငါမစောင့်ရှောက်နိုင်သေးဘူး ဟိုတစ်နေ့က မြို့ထဲ အလုပ်ရှာထွက်ရင်း ငါ ဒေါ်ကြီးရွှေနဲ့ စတွေ့ခဲ့တယ် သူကတော့ ဒေါ်ငွေခင်ကို လူကောင်းမှတ်လို့ ငါ့ကိုယုံပြီး အပ်ခဲ့တာလို့ ပြောရှာတယ်။ 

သူပြောတဲ့အတိုင်း ဟုတ်ချင်လည်း ဟုတ်မှာပေါ့ဟု လွမ်းရဲ့နောင်တရသံ ဒီလိုနဲ့ ငါ့မိသားစုအကြောင်းကို မေးလိုက်မိတယ် ငါ့မောင်လေးကတော့ ပညာသိပ်တော်လွန်းလို့ ဆရာဝန်လိုင်းရတယ် ငါ့ညီမကတော့ ဘွဲ့ရပြီးလို့ ရန်ကုန်မြို့ကြီးမှာ အလုပ်လုပ်နေတယ် ငါ့ညီမနဲ့ ငါ့မောင်လေးအကြောင်းကြားရတာ ၀မ်းသာနိုင်ပေမဲ့ ငါ့အမေကတော့ ဆုံးရှာပြီ သူဆုံးတဲ့အချိန်ထိ သမီးကြီးဖြစ်တဲ့ ညည်းကို တမ်းတပြီးတော့သွားရှာတာ ညည်းနှယ်အေ ငွေပို့ပြီးလူကတော့ ရွာကို တစ်ခေါက်လေးမှ ပြန်မလာဘူး နေနိုင်လိုက်တာဟု ဒေါ်ကြီးရွှေရဲ့အပြစ်တင်သံ သြော် ကြီးဒေါ်ရွှေရယ် ရှင်တို့ မိလွမ်းကို ယုံကြည်စွာ ထည့်ပေးလိုက်တဲ့ ဒေါ်ငွေခင်ကြီးက ဟိုနေရာပို့ ဒီနေရာပို့နဲ့ မိလွမ်း ဘ၀ သပွတ်အူကို လည်လို့ အခုတောင် ကံကောင်းလို့ မြန်မာပြည်ရောက်တာဟု လွမ်းကဆက်ပြောပါသည်။ ဒါဆို ညည်းက အထည်ချုပ်စက်ရုံမှာတင် မဟုတ်ဘူးပေါ့ ညည်းသွားပြီးနောက် ငွေလာပို့ရင်းနဲ့ ရွာကကောင်မလေး(၂)ယောက်တောင် ခေါ်သွားသေးတယ် ညည်းနဲ့ အတူတူနေရမှာလို့ပြောတယ် လစာလည်းကောင်းကောင်းရမယ်လို့ပြောတယ် ဒေါ်ကြီးရွှေရဲ့အမေး အို ကြံကြီးစည်ရာ မိလွမ်း ဘယ်သူနဲ့မှ မတွေ့ပါဘူး ဒါနဲ့ မိလွမ်းရဲ့လစာတွေကိုရော အမေ့ဆီမှန်မှန်ရောက်ရဲ့လားဟု လွမ်းရဲ့အမေးကို ဒေါ်ကြီးရွှေက ရောက်တာပေါ့ ညည်းအမေဆီမှန်မှန်ရောက်လို့ပဲ ညည်းညီမတွေ မောင်တွေ ပညာသင်နိုင်ခဲ့တာပေါ့ ညည်းပို့ပေးတဲ့ ၀င်ငွေ ကိုအားကျပြီး ရွာထဲက ကောင်မလေး(၂)ယောက် အလုပ် လုပ်ဖို့ပါသွားတာပေါ့ ကြီးရွှေရဲ့စကားကို ကြားရပြီး စိတ်မကောင်း ဖြစ်မိပေမဲ့ ငါ့ဘ၀အကြောင်းကိုမပြောရဲဘူး ဆက်နေရင် စကားကြောရှည်နေမှာမို့ သူနဲ့ မြန်မြန်လမ်းခွဲပြန်လာခဲ့တယ်ဟု လွမ်းရဲ့ စိတ်မောသံ ဒါနဲ့မိလွမ်း နင်က ဒီနေရာကို ဘယ်လိုလုပ် ရောက်နေတာလဲ နင်ပြောတော့ စာတစ်လုံးမှ မတတ်ဘူးဆိုဟု မိုးရဲ့အမေးကို သြော်သူငယ်ချင်းရယ် ငါတို့လို ပညာမတတ်တဲ့မိန်းမ တစ်ယောက်အတွက် မြို့ကြီးပြကြီး မှာလည်း ဘယ်လိုလုပ်ပြီး အလုပ်ကောင်းရနိုင်မှာလဲ နောက်ပြီးတော့ ငါ့မောင်လေး က ဆရာဝန်ကြီးဖြစ်ဖို့ ငွေလိုတယ်လေ ငါ တစ်ဝမ်းစာအတွက် အမှိုက်ကောက်သန့်ရှင်းရေးလုပ်တဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်ပေမဲ့ ဆရာဝန်ကြီးဖြစ်မဲ့ ငါ့မောင်လေးအတွက် ငွေလိုသေးတယ် ဒါကြောင့် ပညာမတတ်ပေမဲ့ ရုပ်ရည်ရှိပြီးသား မိလွမ်းအတွက် ဒီစားသောက်ဆိုင်ကြီးမှာ သီချင်းဆိုလို့ ရတာပေါ့ ပညာမတတ်တဲ့ မိလွမ်း သီချင်းဘယ်လိုကျက်တာလဲလို့ နင်မေးချင်တာမဟုတ်လားဟု လွမ်းရဲ့အမေးသံ အေးလေ နင်ပြောတော့ စာမတတ်ဘူးဆိုတဲ့မိုးရဲ့အမေးကို စာမတတ်ပေမဲ့ နားထောင်တတ်တယ်လေဟာ သီချင်းကို အလွတ်ရအောင် ကျက်တယ် တီးလုံးကိုတော့ ငါ့သင်္ကေတနဲ့ ငါမှတ်ထားတယ်ဟာ တစ်ချို့က ကမ္ဘာကျော်သွားတဲ့ စာရေးဆရာ/ဆရာမ တောင် ပညာမတတ်တဲ့လူရှိသေးတာ မိလွမ်းလို ပညာမတတ်တဲ့သူက သီချင်းလေး(၃)(၄)ပုဒ်လောက်ဆိုတတ်တာ ဆန်းမယ် မထင်ပါဘူးဟု လွမ်းရဲ့ အံ့သြသံ ဟုတ်ပါပြီ..... ဟုတ်ပါပြီ........ ငါ အရှုံးပေးပါပြီ မိလွမ်းရယ် နင့်ချစ်သူနဲ့ ဘယ်လို ဆုံခဲ့တယ်ဆိုတာလည်း ဆက်စမ်းပါအုံး မိုးကမေးတော့ ငါ့အကြောင်းတွေကို စိတ်ဝင်စားစွာ နားထောင်ပေးတဲ့ နင့်ကို ကျေးဇူး တင်ပါတယ် ဒီလိုဟ တစ်နေ့ ငါအဲဒီဆိုင်ကို ၀င်ပြီးတော့ တစ်လလောက်ကြာတော့ လူတစ်ယောက်ရဲ့ကောင်းကွက်ချည်းပဲ လိုချင်လို့တော့ မရဘူးဟယ် ဒွန်တွဲတဲ့ဆိုးကွက်လဲပါမယ် အံဝင်ဂွင်ကျဆုတောင်းသမျှ ပြည့်အောင်လည်း ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး နီးစပ်တာနဲ့ရောင့်ရဲကြရတာလည်း မင်းအသိပါပဲ ကြောက်တိုင်းအပြစ်လေးတော့ရှိမယ် လူတိုင်းချို့ယွင်းချက်ရှိ မယ် သဘာဝရဲ့သဘောတရားတစ်ခုပါပဲ..... ဖျောင်း........ဖျောင်း...............ဖျောင်း..................ဖျောင်း နာမည်လေး ဘယ်လိုခေါ်ပါသလဲ ဖြစ်နိုင်ရင် ဟို ညာဘက်ထောင့်မှာရှိတဲ့စားပွဲကို လာပေးလို့ရမလား ခင်မင်မှုအနေနဲ့ပေါ့ဟု ကိုမောင်၏ နှုတ်ဆက်သံ ကျေးဇူးတင်ပါတယ် မိလွမ်းလို့ခေါ်ပါတယ် အို သူ့ကိုတွေ့လိုက်တဲ့ခဏအတွင်းမှာ ငါ့ရင်တွေအရမ်းခုန်နေ ပါလား အို ငါဘာတွေတွေးနေပါလိမ့် သူလည်း ခါတိုင်းပန်းကုံးစွပ်နေကြသူတွေလိုပဲနေမှာပါ ငါ့လို ဘ၀မလှတဲ့လူကို ဘယ်လိုယောက်ျားမျိုးက ချစ်နိုင်မှာလဲဟု လွမ်းရဲ့ ရင်မောသံ အို ငါ့အတွက် အချစ်ဆိုတာ တစ်ဘ၀စီပါလေ ဧည့်သည်ခေါ်ရင် သွားရမှာ ငါ့တာဝန် ကိုမောင်ကဆက်၍ မိလွမ်းတဲ့လား နာမည်လေးက ချစ်စရာလေး လွမ်းလို့ပဲ ခေါ်မယ် နော် လွမ်းသီချင်းဆိုတာ သိပ်ကောင်းတာပဲနော် ဒီဆိုင်မှာရောက်တာကြာပြီလား (ကိုက ဒီမန္တလေးကလေ  ကိုယ့်ဖေဖေက ဘဏ်လုပ်ငန်း လုပ်တယ်လေ(---)အဲဒီဘဏ်က ကိုယ့်ဖေဖေရဲ့ဘဏ် ကိုယ့်မေမေက စိန်တိုက်ပိုင်ရှင်(---)ကြား(---)ကိုယ့် မေမေရဲ့စိန်ဆိုင်လေ ကိုယ်ကတော့ ကျောင်းပြီးလို့ ဝေလေလေပေါ့ ဒီဆိုင်ကိုတော့ ကိုယ့်သူင်ယချင်းရဲ့မွေးနေ့မို့လို့ သူခေါ်လို့ လိုက်လာတာ ဒါက သူငယ်ချင်းချစ်ပိုင်လို့ခေါ်တယ်ဟု ကိုမောင်ကပြောပြီး လွမ်းကသူ့နာမည်မှာ လွမ်းဖြစ် ကြောင်း ပြန်ပြောပါတယ် ကျွန်တော် ချစ်ပိုင်ပါ လွမ်းသီချင်းဆိုတာ အရမ်းကောင်းတယ်ဟု ချစ်ပိုင်က နှုတ်ဆက်သံ ဒါကတော့ ကျွန်တော့်သူငယ်ချင်း ကိုကိုမောင် သူက လွမ်းသီချင်းဆိုတာကို တစ်ချိန်လုံး ငေးကြည့်နေတာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာတော့ အနေအေးတယ် လွမ်းကို ပန်းကုံးဆုချဖို့တောင် မနည်းမြှောက်ပေးလို့သွားရဲတာ ဒီဆိုင်ကို တောင် ဇွတ်အတင်းခေါ်လို့လိုက်လာတာ သူ့အိမ်က သိပ်စည်းကမ်းကြီးတယ်ဟု ချစ်ပိုင်က ဆက်လက်ပြောပါတယ် သြော် ဟုတ်လား ဒါဆို လွမ်းက၀မ်းသာရမှာပေါ့ အခုလို လွမ်းကိုဆုချပေးတဲ့ကိုမောင် ကို မိလွမ်းအရမ်းကျေးဇူးတင်ပါတယ်ရှင်ဟု လွမ်းရဲ့ကျေးဇူးတင်သံ ဒီလောက်လည်း မဟုတ်သေးပါဘူးဗျာ ကျွန်တော်ကပဲ ၀မ်းသာရမှာပါ အခုလို သီချင်းဆို ကောင်းတဲ့ လွမ်းကို ခင်ခွင့်ရတဲ့အတွက်ပေါ့ ဟေ့ကောင် ကြည့်လည်းလုပ်အုံးနော် မင်းသူ့ကိုကြည့်နေတဲ့မျက်လုံးတွေက ရိုးရောရိုးရဲ့ လား မင်းဘ၀နဲ့ သူ့အဆင့်နဲ့ တစ်ခြားစီပါကွာ မရတော့ဘူးကွာ ငါ့အမြင်အာရုံထဲမှ သူ့ပုံရိပ်တွေပဲမြင်နေမိတယ် ငါသူ့ကို နောက်တစ်ခါ မြင်ချင်သေးတယ် သူ့ကိုငါ ချစ်များချစ်သွားပြီလား သူ့ကိုမြင်ချင်တွေ့ချင်တဲ့စိတ်တွေဟာ အချစ်ဆိုရင် ငါ သူ့ကို ချစ်နေတာ သေချာပြီသူငယ်ချင်းဟု ကိုမောင်ရဲ့မေတ္တာသံ ဟေ့ကောင် တော်တော့ မင်းပြောတာတွေ တစ်ခုမှ မဖြစ်နိုင်ဘူး။ 
မိလွမ်း ဘာအလုပ်လုပ်တယ်ဆိုတာလဲ မင်းသိပြီးသား သူ့ကိုချစ်ဖို့ဆိုတာကတော့ ငါခွင့်မပြုနိုင်ဘူးဟု ချစ်ပိုင် က ဆိုပါသည်။ ဟေ့ကောင် မင်းလိုက်မပို့ရင်နေ သူငယ်ချင်း ဇော်ဇော် မင်းလိုက်ပို့ကွာ မင်းတို့ စတုန်းကစပြီး အခုငါ သွားချင်တယ် လိုက်ပို့ကွာ ဟ... ဟ.... မလုပ်ပါနဲ့ကွာ မင်းကလည်းကွာ ချစ်စရာရှားလို့ ဒီလိုစင်တင်အဆိုတော်ကိုမှ ချစ်ရ မယ်လို့ မင်းလိုရုပ်ချောပြီး ငွေချမ်းသာသူဌေးသားကို ချစ်ချင်တဲ့ ပညာတတ် ပိုက်ဆံရှိတိုင်းအသိုင်းအ၀ိုင်းထဲမှာ မိန်းမချောတွေ တစ်ပုံချည်း ဒီကောင်မလေးနဲ့တော့ငါလည်း ချစ်ပိုင်လိုပဲ အားမပေးဘူးဟု သူငယ်ချင်း ဇော်ဇော်ရဲ့ စိတ်မကောင်းသံ အေး မင်းတို့လိုက်မပို့လည်း ငါ့ဟာငါသွားမယ် မင်းတို့လည်း နောက်ဆို ငါ့လာမခေါ်နဲ့ ဟေ့ ဟေ့ မင်းတစ်ယောက်တည်းတော့ မသွားပါနဲ့ကွာ ပြောမရလည်း လာကွာ သွားမယ် ကိုမောင်တစ်ယောက်တည်း သွားမှာကို သူငယ်ချင်းများက လိုက်ပို့ပါတယ် ကဲ သူငယ်ချင်းတို့ မင်းတို့ကြိုက်တာမှာ ငါအကုန်ရှင်းမယ် တားမရလို့သာ လိုက်လာရတာ နောင်ဖြစ်လာမဲ့ပြဿနာကိုတွေးပြီး မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ ငါ့ကောင်ရေဟု ချစ်ပိုင်ကအပြော ကဲ နောက်ပြဿနာ နောက်မှရှင်း အခုရောက်လာမှတော့ ဟေ့ ၀ိတ်တာ ဘီယာနှစ်ကြား ငါးမုန့်ကြော်တစ်ပွဲ ငါးရှဥ့်ခြောက်ကြော်တစ်ပွဲဟု ဇော်ဇော်ကမှာစဉ် ဟိုး ဟိုး နောက်ထပ်ပန်းကုံး(၅)ကုံး သရဖူ(၁)ခုဟု ကိုမောင်ကပြောသည်ကို ချစ်ပိုင်က များလှချည်းလား ဆိုင်ပြန်ဖွင့်မလို့လားဟုအမေး ဒါတောင်နည်းသေးတယ် ငါဖြစ်နိုင်ရင် ဒီဆိုင်မှာရှိသမျှ ပန်းကုံးတွေ အကုန်လုံးပေးချင်တာဟု ကိုမောင်ကပြောစဉ် လျော့ လျော့ သူငယ်ချင်း ဟိုမှာပြောနေရင်း မိလွမ်းအလှည့်ရောက်ပြီ “လူတစ်ယောက်ရဲ့ ကောင်းကွက် ချည်းပဲ လိုချင်လို့တော့မရဘူးကွယ် ဒွန်တွဲတဲ့ဆိုးကွက်လည်းပါတယ် အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင် ဘယ်ဘုရားမှမစွမ်းနိုင်ဘူး နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း မင်းအသိပါပဲ” ဟေ့ကောင် မောင် ပန်းကုံးသွားစွပ်ချည်လေ ဟိုကသီချင်းဆိုတာပြီးတော့မယ်ဟု ဇော်ဇော်ရဲ့သတိပေးသံ လွမ်းရဲ့ အလှအောက်မှာ အရာအားလုံးကိုခဏမေ့သွားလို့ ပါကွာ လွမ်း ဒီနေ့ မင်းအရမ်းလှတယ်ကွာ ကိုမောင် လွမ်းကို မြတ်မြတ်နိုးနိုးချစ်နေမိပြီကွာဟု ကိုမောင်ရဲ့ရင်ထဲက စကား အို ဒါဆို မိလွမ်းထက် ကိုမောင်ကို ကျေးဇူးတင်ရမှာ ပေါ့နော် ကျေးဇူးတင်ပါတယ်ကိုမောင် မိလွမ်းကို ခွင့်ပြုပါအုံး မိလွမ်းအလှည့် မပြီးသေးဘူးဟု လွမ်းရဲ့ပြန်ပြောစဉ် ဟဲ့ လွမ်း နင် (Customer) အသစ်ရနေတယ်ပေါ့ နင့်မျက်နှာက ခါတိုင်း ဧည့်သည်တွေ လို ဧည့်ခံတတ်တဲ့မျက်နှာမျိုးလည်း မဟုတ်ပါလား မျက်နှာကို ချိုနေတာပဲ လွမ်း နင် ရိုးမှရိုးရဲ့လားဟု တွယ်တာရဲ့အမေး အေး ငါ့ကိုငါလည်း ရိုး/မရိုး စဉ်းစားမိတယ် သူ့ကိုတွေ့တဲ့နေ့က ငါတစ်ခါမှမခုန်ဘူးတဲ့ရင်ခုန်မှုမျိုးနဲ့ ရင်ခုန်မိတာတော့ အမှန်ပဲ သူ့ကိုတွေ့ရင် ငါပျော်မိတယ် သူမလာရင် ငါမျှော်နေမိတယ် သူငယ်ချင်း ဒါအချစ်လို့ အဓိပ္ပါယ်လို့ အဓိပ္ပါယ် ဖွင့်ဆို မယ်ဆိုရင် သူ့ကိုချစ်နေမိပြီနဲ့တူတယ်ဟု လွမ်းရဲ့ရင်မောသံ ဒါပေမဲ့ သူငယ်ချင်းရယ် နင်တို့ငါတို့ရဲ့ဘ၀တွေက အချစ်စစ်နဲ့ တော့ ဝေးကွာလွန်းလှပါတယ် နောက်ပြီး သူတို့ဘ၀နဲ့ ငါတို့ဘ၀တွေဟာလည်း အရမ်းကွာခြားလွန်းလှပါတယ် ဒီမှာ သူငယ်ချင်း လွမ်း ကိုယ့်ဘ၀ကို သိတယ်ဆိုရင် မင်းရင်တွေကို ထပ်ခုန်ခွင့်မပေးပါနဲ့ စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ ကိုယ့်ဆီလာတဲ့ ကိုယ့်ကိုအားပေးနေတဲ့ ဧည့်သည်လို့သာ သဘောထားလိုက်ပါကွာဟု တွယ်တာကသတိပေးပါတယ် အေးပါ သူငယ်ချင်းရယ် ငါ့ဘ၀ကို ငါ နားလည်ပါတယ် အဲ့ဒါဆိုလည်း ပြင်ဆင်လိုက်တော့ မင်းအလှည့်ရောက်တော့မယ် ညအမှောင် မှာလင်းတဲ့ လရောင်ဆိုတာ တစ်လလုံးမလင်းပါဘူး။ 

တစ်လမှာ (၁၅)ရက်တည်းပါ အလင်းဆုံးကတော့ လပြည့်ညပေါ့ တစ်လမှာ တစ်ရက်လောက် လင်းပေးနိုင်တဲ့ အလင်းရောင်တွေဟာ ငါတို့ရဲ့ဘ၀အမှောင်တွေကို ထာဝရ အလင်းရောင် အဖြစ် မစွမ်းနိုင်မဲ့အတူတူ ကိုယ့်ရှေ့မှာ ရှိနေတဲ့ မီးအလင်းရောင်လေးတွေကိုပဲ ကျေနပ်ပြီးနေပါ သူငယ်ချင်းရယ်ဟု တွယ်တာရဲ့ အားပေးသံ လွမ်းကို ငါ လွမ်းကို ချစ်နေမိပြီကွာဟု ကိုမောင်ရဲ့စကားကို ချစ်ပိုင်က ဟေ့ကောင် ဟေ့ကောင် ဒီစကား ဒီတင်ရပ် မင်းမရူးစမ်းနဲ့ကွာ ဒီလိုစင်တင်အဆိုတော်တစ်ယောက်ကိုများ အခုတည်းကပြောထားမယ် ဒီကိစ္စကိုတော့ ငါလုံးဝကန့်ကွက်တယ်ဟု ချစ်ပိုင်က ဆိုပါတယ် မင်းတို့ကောင်တွေကလည်းကွာ ဒီမိုကရေစီဆိုတာနဲ့ကန့်ကွက်ဖို့ပဲ စဉ်းစားနေ ပြဿနာမရှိပါနဲ့ကွာ အဖြေရှာပါ ချစ်တဲ့သူအပေါ် ချစ်လို့ချစ်တယ်ပြောတာ ကန့်ကွက်စရာလား တကယ်ဆို သူနဲ့ ငါရဲ့အချစ်ရေး အဆင်ပြေဖို့ မင်းတို့ကောင်တွေက ၀ိုင်းပြီးစဉ်းစားပေးရမှာ မင်းတို့ဘာပြောပြော ငါသူ့ကိုချစ်တယ်ကွာဟု ကိုမောင်ရင်ဖွင့်လာစဉ် ကဲပြောမရလည်းချစ်ကွာ ချစ် ...... ချစ် ........ ချစ်.......... ကိုမောင် ဇော်ဇော်နှင့် ချစ်ပိုင်အား လွမ်းထံခေါ်သွားခဲ့ပါတယ် ဟဲ့သား (၈)နာရီထိုးနေပြီလေ ဘယ်သွားအုံးမလို့လဲ ဒီရက်ပိုင်းခြေသိပ်များနေတယ်နော် ဟေ့ မင်းတို့သူငယ်ချင်းမှာ ရည်းစားတွေဘာတွေများ ရှိနေပြီလား အေး မတော်တရော်တွေနဲ့ တွေ့ရင် မင်းတို့အားလုံး မလွယ်မှတ်ဟု ကိုမောင့်မိခင်၏ကြိမ်းမောင်းစဉ် မရှိပါဘူး အန်တီ ဒီကောင်က လိမ္မာပါတယ်ဟု ချစ်ပိုင်က ကာအပြော ဟုတ်တယ် အရမ်းကိုလိမ္မာပါတယ်ဟု ဇော်ဇော်က ထောက်ခံခဲ့သည် ဟေ့ ဟိုမှာ မိလွမ်းမျှော်နေတဲ့ ကိုယ်တော်ချော လာပြီ တော် မိလွမ်းတို့များ စန်းထနေလိုက်တာ မနာလိုဘူးနော် ကဲ ကဲ ရှင့်ကိုယ်တော်ချောဆီ သွားလိုက်ပါအုံးနော်ဟု လွမ်းသူငယ်ချင်းများက တိုက်တွန်းကြပါသည် ဟာ မင်းတို့ကလည်းကွာ ဘာမှန်းလဲမသိဘူး ဒီမှာ မိလွမ်းလေးရှက်နေပြီ ကရော် ကရော် ကဲပါသွားပါမိလွမ်းရယ်ဟု တွယ်တာက အပြောမိလွမ်းက မင်းတို့ကလည်းကွာ မင်းတို့အားလုံး ချစ်တဲ့သူကို တွေ့မှ စာနာတတ်လိမ့်မယ် အခုတော့ ငါ့ကိုစထားအုံးပေါ့ကွာ ကိုမောင် ရောက်နေတာ ကြာပြီလားဟင် ဒီနေ့ရော ဘာအတွက်လည်းဟု လွမ်းရဲ့အမေး ဘာအတွက်မှ မဟုတ်ပါဘူးလွမ်းရယ် လွမ်းကိုပဲ လာအားပေးတာပါ ဒီနေ့ လွမ်း ကိုမောင့်ကို အချိန်ပေးနိုင်မလား လွမ်းကိုပြောစရာရှိလို့ဟု ကိုမောင်ရဲ့ တောင်းပန်သံ........ အို ငါ့ကိုပြောစရာရှိတယ်ဆိုပါလား ငါ့ကိုသူဘာတွေများပြောမှာလဲ ငါရင်တွေခုန်နေပါလား အို တခြားကိစ္စလည်း ဖြစ်ချင် ဖြစ်နေမှာပါလေဟု လွမ်းက စိတ်ပြင်ထားပါတယ် မိလွမ်းအလှည့်က (၁၀)နာရီကျော်မှ ပြီးမှာကို ကိုမောင် စောင့်နိုင်ပါ့မလား လွမ်းလာခဲ့မယ်လေ ဟေ့ စောင့်နေရတာကြာပြီလား ဆောရီးပါ ကိုမောင်ဟု လွမ်းက ပြောတော့ သြော် ရင်မောရပါဘိ လွမ်းရယ်ဟု ကိုမောင်က အပြော အကိုမောင် ဘာပြောလိုက်တယ်ဟု လွမ်းရဲ့ရင်မောသံ ဟုတ်တယ်လွမ်း ကိုမောင် လွမ်းကို စိတ်မချနိုင်တော့လောက်အောင် ချစ်နေမိတယ် လွမ်းရယ် ကိုမောင် လွမ်းကို အရမ်းချစ်နေမိပြီကွာ လွမ်း လွမ်းကို ကိုမောင် ချစ်တယ် လွမ်း ကိုမောင့်ကို ပြန်ပြောပါအုံး လွမ်းရော ကိုမောင့် ကို ချစ်တယ်မဟုတ်လားဟု ကိုမောင်က ဆက်ပြောပါတယ်။ 

ချစ် ချစ်ပါတယ် မိလွမ်းလည်း ကိုမောငိ ကို အရမ်းချစ်နေပါတယ် ဒါပေမဲ့ မိလွမ်းဘ၀က  ကိုမောင်မသိသေးတဲ့ အရာတွေ အများကြီးပဲ အဲ့ဒါတွေကိုသိရင် ကိုမောင် မိလွမ်းကို ချစ်နိုင်ပါအုံးမလားဟု လွမ်းရဲ့စိုးရိမ်အသံ ဟိုး တော်ပြီ ဘာမှမပြောနဲ့ တော့ လွမ်း ကိုမောင့်ကို ချစ်တယ်ဆိုရပြီ အရမ်းချစ်တယ် လွမ်းရယ် သြော် လွမ်းရယ် ဒါဆိုလည်း ကိုမောင်ပြန်မယ်နော် နောက်နေ့တွေ ကိုမောင့် ကို ကြိုခွင့်ပြုပါနော် ကိုယ့်ချစ်သူကို ဒီအခွင့်အရေးလေးတော့ ပေးသင့်ပါတယ်ဟု ကိုမောင့်ရဲ့ တောင်းပန်သံကြားတော့ လွမ်းက ကောင်းပါပြီတဲ့ရှင် ကဲ ဒါဆို လွမ်းလည်း ပြန်တော့မယ် ဟိုမှာ တွယ်တာတို့ စောင့်နေရတာ အားနာစရာကြီး လွမ်းသွားပြီနော် ကိုမောင် ဟဲ့ မိလွမ်း သူနင့်ကို ဖွင့်ပြောလိုက်ပြီပေါ့ နင်ဘယ်လိုအဖြေပြန်ပေးမလဲဟု တွယ်တာရဲ့ အမေး ကို ဘယ်လိုပေးရမှာလဲ ချစ်တယ်လို့အဖြေပေးလိုက်တာပေါ့ဟု လွမ်းကပြန်ပြောပါတယ် ဟယ် တစ်ခါတည်း အဖြေပေးလိုက်တော့ ကိုယ့်ဘ၀ကိုလည်း မမေ့နဲ့အုံးနော် နင်နဲ့ငါ ဒီဆိုင်မှာ သီချင်းမဆိုခင် ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေရှိသေးတယ် ဒါတွေကို သိခဲ့ရင် နင့်ကို သူချစ်နိုင်မှာတဲ့လား နင်နဲ့ငါက ဘ၀တူတွေပါ သူငယ်ချင်းရယ် ဒါကြောင့် နင်ခံစားရမှာကို ငါမလိုချင်ဘူး သူငယ်ချင်းရယ်ဟု တွယ်တာရဲ့ ငြီးငြူသံ ဒါတွေကို ငါတွေးပြီးသားပါ ဒါပေမယ့် ငါသူ့ကို ချစ်ခွင့်ရသလောက် ချစ်နေချင်တယ် သူငယ်ချင်း ငါတို့ဘ၀တွေမလှရုံနဲ့ သူ့ကိုချစ်ခွင့်မရှိတော့ဘူးတဲ့လား ဘာပဲဖြစ်ဖြစ် အခုချိန်လေးမှာ သူ့ကို ချစ်ခွင့်ရှိသလောက် ချစ်ပါရစေဟု လွမ်းရဲ့ချစ်ဝေဒနာအသံ အေးပါ သူငယ်ချင်းရယ် ငါနားလည်ပါတယ် သြော် ဒါနဲ့ သူငယ်ချင်း မနေ့က မင်းဈေးသွားတုန်း ငါ့ဆီကို မင်းတို့ရွာကဆိုလား ဒေါ်ရွှေလို့ပြောတယ် လာသွားသေးတယ် ဒီအိမ်လိပ်စာကို မင်းပေးထားတာဆို အဲ့ဒါ မနက်ဖြန်သူပြန်လာမယ်ပြောတယ်ဟု တွယ်တာဆက်လက် အပြော မိလွမ်းရှိလားဟေ့ ဟဲ့မိလွမ်း နင်မိလွမ်းမဟုတ်လားဟင်ဟု ဒေါ်ရွှေကမေးတော့ အို ဒေါ်ကြီးရွှေ ဘယ်ကနေ လှည့်လာတာလဲ မိလွမ်းဆီသက်သက်ပဲလာတာလား ဒေါ်ကြီးရွှေဟု လွမ်းကပြန်ပြောစဉ် အေး ငါလာတာ ညည်းကိုတွေ့ချင်လို့ သက်သက်ပဲ ညည်းကိုပြောစရာတွေလည်း အများကြီးပဲ ဒါနဲ့ ညည်းပုံစံကပြောင်းလို့ပါလား။

 ခေတ်တွေ တောင်ဆန်လို့ အခုညည်းဘာတွေလုပ်လို့ ဘယ်လိုတွေဖြစ်နေပြီလဲ ညည်းဆံပင်ကြည့်ရတာလည်း နီကြောင်ကြောင်နဲ့ဟု ပြော၍ လွမ်းက(---) အဲဒီဆိုင်မှာ သီချင်ဆိုတဲ့အကြောင်းပြန်ပြောပါတယ် ဒီလိုပဲပေါ့ ဒေါ်ကြီးရွှေရယ် လေ့ကျင့်ယူရတာပေါ့ ဒါနဲ့ ဟိုလက ပို့လိုက်တဲ့ပိုက်ဆံရော မောင်လေးတွေဆီရောက်ရဲ့လားဟု လွမ်းရဲ့အမေးကို ဒေါ်ရွှေက ဆက်ပြောရာတွင် နင့်ညီမ ယောက်ျားရသွားပြီ ဟုတ်လား အေး အဲဒါသူ့ယောက်ျားနဲ့ ရွာဦးကျောင်းဆရာတော်ကို လာကန်တော့ရင်း ဒေါ်ငွေခင် နဲ့တွေ့သွားပြီး ဘာတွေပြောလိုက်လည်း မသိဘူး သူက ရှက်လွန်းလို့ဆိုပြီး ချက်ချင်းပြန်သွားတယ် အဲဒါ ဟိုရောက်တော့ ညည်းမောင်ကိုသွားပြောပုံရတယ် အဲဒါ သူတို့က အရမ်းရှက်လို့ သိက္ခာမရှိတဲ့အလုပ် လုပ်လို့ရတဲ့ငွေနဲ့ သူတို့ကို ထောက်ပံ့ခဲ့တာ ရှက်လွန်းလို့တဲ့ နင်ပေးလိုက်တဲ့ ပိုက်ဆံကို ပြန်ပေးလိုက်တယ် နောက်ပြီး မှာလိုက်သေးတယ် သူတို့ဆီကိုလည်း မလာပါနဲ့တော့ဟု ဒေါ်ရွှေရဲ့တဆင့်ပြောသံ အေးဟုတ်တယ် အဲဒါညည်းပိုက်ဆံတွေကို လာပေးရင်း ဒီအကြောင်းတွေကို ပြောပြချင်လွန်းလို့ ငါ့တူဆေးရုံတက်တာလာမေးရင်း ညည်းဆီကို ငါလာခဲ့တာ ကဲ ငါပြောစရာရှိတာ ပြောပြီးပြီဆိုတော့ ငါပြန်တော့မယ် ရော့ ညည်းဟိုလကပေးခိုင်းလိုက်တဲ့ ပိုက်ဆံ ဟုတ်... ဟုတ်ကဲ့ ဟဲ့ လွမ်း နင့်မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ ငါ့မျက်ဝန်းမှာလည်း မျက်ရည်တွေတွေ့တာ ဘာများဆန်းလို့လဲ သူငယ်ချင်းရယ်ဒီမျက်ရည်တွေကိုလည်း တစ်ဘ၀လုံး အဖော်ပြုခဲ့ရတာ မဟုတ်လား အခု ငါ့မျက်ဝန်းမှာ မျက်ရည်တွေမြင် ရတာ ဘာများဆန်းနေလို့လဲဟု တွယ်တာ့အမေးကို ပြန်ဖြေပြီး ငါ့မောင်လေးနဲ့ ငါ့ညီမလေးက ငါ့အကြောင်းတွေကို သိသွားပြီ ငါ့ကို မုန်းသွားကြပြီတဲ့ သူငယ်ချင်းရယ် ငါတွေးထားတဲ့ဘ၀က ဒါမဟုတ်ဘူး ငါ့မောင်လေးက ဆရာဝန်ကြီး ဖြစ်ရင် ငါလည်း ငွေရှာဖို့ မလိုတော့ဘူးလေ ငါ့ဘ၀ရဲ့အလင်းရောင်အတွက်က ငါ့ညီမလေးနဲ့ ငါ့မောင်လေးတွေဆီမှာ ရှိတဲ့ သူတို့ရဲ့ အောင်မြင်ခြင်း ဘွဲ့ထူး ရာထူးတွေပါ ငါပညာမတတ်ခဲ့ပေမဲ့ ပညာတတ်ကြီးတွေဖြစ်လာမယ့် ညီမလေး မောင်လေးတွေကို ပညာတတ်ကြီးအဖြစ် မြင်ချင် တွေ့ချင်ခဲ့တာပါ အခုတော့ ငါတွေ့ချင်တဲ့ ငါ့မောင်လေးနဲ့ညီမလေးက သိက္ခာမဲ့တဲ့ အစ်မရဲ့ လုပ်ရပ်တွေကြောင့် ငါပေးလိုက်တဲ့ငွေတွေကိုလည်း ငါ့မောင်လေးက ပြန်ပေးလိုက်ပြီ ငါ့ကိုလည်း မတွေ့ချင်တော့ဘူးတဲ့ဟာ ငါအရမ်းဝမ်းနည်းတယ် သူငယ်ချင်းရယ် ငါဘာလုပ်ရမှာလဲ ဟု ငိုရင်း အစ်ပြော စိတ်ကိုထိန်းပါ သူငယ်ချင်းရယ် ဘာပဲ ဖြစ်ဖြစ် ဘ၀ကိုပေးပြီး ချစ်ခဲ့ကြတဲ့ မိသားစုအတွက် ပြန်ရလိုက်တာ ဒါတင်မဖြစ်နိုင်ပါဘူး လောကကြီးက အမှန်တရားကို မြင်နိုင်မယ်ဆိုရင်တော့ နင်ငိုချင်တယ်ဆိုရင်လည်း ငိုပစ်လိုက်ပါ ရင်ထဲမှာ မြိုသိပ်မထားပါနဲ့ ငိုပြီးရင် ရေချိုးလိုက် ခဏနေရင် ဖယ်ရီကားလာခေါ်တော့မယ် နင်သိထားရမှာက လွမ်းစရာရှိရင်တောင် ကြာကြာလွမ်းခွင့်မပေးနိုင်တဲ့ ငါတို့ရဲ့ဘ၀ကို နင်မမေ့ လိုက်ပါနဲ့ ဟု တွယ်တာက သတိပေးစဉ် ဒါလဲ ဟုတ်ပါတယ် ဒါပေမယ့် ငါ့မောင်လေးက (ဆရာဝန်) ဆေးကျောင်း နောက်ဆုံးနှစ်ဟ ဒီငွေတွေ ပြန်ပေးလိုက်တယ်ဆိုတော့ သူ့ရဲ့ပညာရေးကို ထိခိုက်မှာ ငါစိုးရိမ်တယ်ဟု လွမ်းကအပြော ထားလိုက်စမ်းပါ သူငယ်ချင်းရာ ပူရန်ရော နင့်မောင်လည်း ဆ၇ာဝန်တောင်ဖြစ်တော့မှာ ဒီလောက်လဲပူမနေပါနဲ့ကွာဟု သူငယ်ချင်းတွယ်တာက အားပေးစကားပြောပါတယ် သြော် မမကို မုန်းနေကြပြီတဲ့လား မောင်လေးတို့ရယ်ဟု လွမ်းရဲ့ ဂရုဏာသံ လွမ်း ဒီနေ့ မျက်နှာလည်း မကောင်းပါလား လွမ်းမှာ ခံစားစရာတွေ အခက်အခဲတွေရှိရင် မောင့်ကိုပြောပြနိုင် မလားဟု ကိုမောင်ကမေးတော့ ဒီလိုပါပဲမောင်ရယ် မိလွမ်းရဲ့ဘ၀က ဒီလိုခံစားမှုမျိုးဟာ ရိုးနေပါပြီ ဒါတွေကို ပြောပြနေလို့လဲ မောင်စိတ်ဆင်းရဲရုံပဲရှိနေမှာပေါ့ အခုချိန်မှာ လွမ်းမောင့်ကိုချစ်တာပဲသိတယ် မောင်လည်း ဒီအကြောင်းတွေကို မသိချင် ပါနဲ့နော်ဟု လွမ်းက ပြန်ဖြေစဉ် သူစိမ်းဆန်တဲ့စကားတွေ မပြောပါနဲ့လွမ်းရယ် လွမ်းရဲ့အခက်အခဲကို ကိုမောင်သိရင် ဖြေရှင်းပေးရင် ဖြေရှင်းပေးနိုင်မှာပေါ့ဟု ကိုမောင့်ရဲ့အားပေးစကားပြောစဉ် ဖြေရှင်းပေးမှာတဲ့လား ကိုမောင်ရယ် တကယ်လို့ မိလွမ်းရဲ့ဘ၀ကို အပြည့်အစုံသိသွားရင်တောင် ချစ်နိုင်ပါအုံးမလား အဲဒီအချိန်ရောက်မှာကိုတွေးပြီး မိလွမ်းရင်မောမိတယ် ကိုမောင်ရယ်ဟု လွမ်းရဲ့ ရင်မောသံ ဘာတွေလည်းကွာ ကဲပါ လွမ်း ပြောမပြချင်ဘူးဆိုလည်း ကိုမောင် မမေးတော့ဘူးကွာ ကိုမောင်နဲ့တွေ့တုန်း ပျော်ပျော်နေမယ် လွမ်း ဘယ်သွားချင်လဲဟု ကိုမောင်က ပြောပါတယ် လွမ်းသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်ဆိုရင် ကန်တော်ကြီးမှာသွားပြီး လေကောင်းလေသန့်ကို တ၀ကြီးရှုပြစ်ချင်တယ် ကိုမောင်ရယ် ကိုမောင် မိလွမ်းကို စင်တင်အဆိုတော်မှန်းသိရက်နဲ့ ဘာလို့ချစ်တာလဲ တကယ်ဆို ကိုမောင့်မိဘတွေ သိသွားရင် မိလွမ်းနဲ့သဘောတူ နိုင်မှာ မဟုတ်ဘူး နောက်ပြီးတော့ မိလွမ်းရဲ့ဘ၀နဲ့ ကိုမော့်ဘ၀က ကွာခြားလွန်းလှပါတယ် မိလွမ်းလို မိန်းကလေးနဲ့လည်း ကိုမောင်နဲ့ မတန်ပါဘူး ကိုမောင်ရယ်ဟု လွမ်းရဲ့ဂရုဏာသံ သြော် လွမ်းရယ် လွမ်းရဲ့ဘ၀ကို ကိုမောင်သိနေတာပဲ သီချင်း ဆိုတာပဲ ဘာဖြစ်တာမှတ်လို့ လွမ်းရဲ့အသံနဲ့ ဖြူဖြူစင်စင် မိသားစုကို လုပ်ကျွေးနေတဲ့ လွမ်းကို ချစ်ခွင့်ရလို့ ၀မ်းတောင် သာသေး ကိုမောင် လွမ်းကို အရမ်းချစ်တယ် ဘာတွေတွေးပြီးပူနေတာလည်း လွမ်းလေးရယ် နောက်ဆိုရင် ကိုယ်တို့(၂)ယောက် လက်ထပ်ပြီးရင် လွမ်း ဒီအလုပ်ကို လုပ်စရာမလိုတော့ဘူးပေါ့ သြော် မိလွမ်းကို ကိုမောင်လက်ထပ် နိုင်သတဲ့လားဟု လွမ်းရဲ့ ရင်မောသံ ဟဲ့ လွမ်း နင်နဲ့ နင့်ချစ်သူ ဘယ်အခြေအနေထိရှိနေပြီလဲ ကြည့်လည်း လုပ်အုံးနော် ဟိုတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို သိတာမဟုတ်ဘူး သူသိထားတာက နင့်ကို သီချင်းဆိုတာပဲ သိတာဟု တွယ်တာက အပြော ငါနားလည်ပါတယ် သူငယ်ချင်းရယ် ငါ့ကို အခုလို စိတ်ပူပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ် ဟု လွမ်းက ပြန်ပြောပါတယ် ငါ ဒီဘ၀ကြီးကို စိတ်ကုန်တယ်ဟာ ငါ ငါ သူ့ကို အရမ်းချစ်တယ် သူနဲ့လက်ထပ်ပြီး အိမ်ထောင်ရှင်မ ပီသစွာ မိသားစုဘ၀လေးနဲ့နေချင်တယ် သူငယ်ချင်းရယ် ဒါပေမယ့် ငါတို့ရဲ့မိသားစုဘ၀တွေ မြင့်တက်ဖို့ အတွက် ငါတို့ဘ၀တွေ နိမ့်ကျခဲ့ရတယ် သူက ငါ့ကိုလက်ထပ်ချင်တယ်တဲ့ ငါဘာလုပ်ရမလဲ သူငယ်ချင်း ငါသူ့ကို ငါ့ဘ၀ အမှန်ကို ပြောပြပြီး သူ့အပေါ်မှာ ရိုးရိုးသားသားချစ်သွားချင်ပေမဲ့ ငါ့အကြောင်းကို သိသွားပြီး ငါ့အပေါ် တုံ့ပြန်လာမယ့် အဖြေကို ငါ ရင်မဆိုင်ရဲဘူးဟု တွယ်တာရဲ့ပြောပြမှုကို လွမ်းက တုံ့ပြန်ပါတယ် သူငယ်ချင်း နင်သူ့ကို ဆက်ချစ်နေချင်သေးတယ် ဆိုရင် မပြောဘဲ ဒီအတိုင်းထားလိုက်တာ ကောင်းပါတယ် ဒါပေမဲ့လည်း ငါတို့ဘ၀တွေ ဘယ်လောက်ပဲ မည်းမည်း ငါတို့ရဲ့ နှလုံးသားတွေ ဖြူစင်စွာပေးဆပ်ခဲ့တယ်ဆိုတာ လောကကြီးက သိနေမှာပါကွာဟု တွယ်တာရဲ့ ပြောဆို သုံးသပ်ချက်အပြီးမှာတော့ ....... လွမ်းရဲ့ရင်တွင်းမှ တီးတိုးရေရွတ်သံကတော့ လွမ်းရဲ့ဘ၀မှာ အလွမ်း တွေက ဘယ်တော့မှ ပြီးဆုံးမှာလည်းဟု တီးတိုးရေရွတ်လျက်...............................။

ဟင်္သာ(တောင်တွင်းကြီး)
ဖုန်း - 09440223276