၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)
ပြင်ဆင်ရန် လူထုဟောပြောပွဲကို မေ(၃၀)နေ့ နံနက်(၉)နာရီမှ (၁၁း၃၀)နာရီအထိ မင်းဘူးမြို့
အမှတ်(၂)ရပ်ကွက် ဦးသြဘာသခန်းမ အရှေ့ဘက်၊ ဧရာဝတီမြစ် ၏ အနောက် ဘက်ကမ်း၊ မကျီးပင်ရိပ်ရှိ
လမ်းမပေါ်တွင် ဟောပြောစင်ထိုး၍ ကျင်းပကြောင်း၊၎င်း မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ မကွေးမြို့နယ်များမှ
NLDပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့ အစည်း မြို့နယ်ပေါင်းစုံမှ ကားများဖြင့် လူထုဟောပြောပွဲသို့ အင်အား တစ်သောင်းကျော်ခန့်
တက်ရောက် ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆) ပြင်ဆင်ရန် လူထုဟောပြောပွဲ၌
ဟောပြောသူများမှာ NLDပါတီ ဗဟိုအလုပ် အမှုဆောင် ရှေ့နေ ဦးအောင်သိန်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်း (ရန်ကုန်) မှ ကိုမင်းကိုနိုင်၊ ပွင့်ဖြူမြို့နယ် NLDပါတီ၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း NLDပါတီ အတွင်းရေးမှူး
ဦးနေမျိုးကျော် တို့ဖြစ်ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

`` ကာကွယ်ရေးဦးစီးချုပ်က
နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ပြောတယ်၊ သူတို့ တစ်ဆယ်လေးနှစ်လုံး အချိန်ယူပြီး စစ်အာဏာရှင်စိတ်ကြိုက်ရေးဆွဲထားတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက နောက်ကြောင်း ပြန်မလှည့်နိုင်အောင် အပြီးရေးဆွဲထားတယ်၊
ဒါကြောင့် စစ်အာဏာရှင်ရေးဆွဲထားတဲ့ ဒီအခြေခံ၂၀၀၈ အခြေခံ ဥပဒေထဲက ပုဒ်မ(၄၃၆) က စတင်ပြင်ကို
ပြင်ကြရမယ်။´´ ဟု NLDပါတီ ဗဟိုအလုပ် အမှုဆောင် ရှေ့နေ ဦးအောင်သိန်းက စတင်၍ အဖွင့် ဟောပြောကြောင်း၊
ထို့နောက်
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း (ရန်ကုန်) မှ ကိုမင်းကိုနိုင်၊
ပွင့်ဖြူမြို့နယ် NLDပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်း
NLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် တို့က အသီးသီးအင်အားအပြည့်ဖြင့် ဟောပြောကြောင်း၊
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းရှိ မကွေးမြို့၌ မိုးများရွာနေသော်လည်း
ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့က ပုဒ်မ(၄၃၆)ပြင်ဆင်ရေး ဟောပြောပွဲတွင် ရာသီဥတုသာယာစွာဖြင့်
နေ့(၁၁း၃၀)နာရီအချိန်တွင် ပြီးဆုံးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com
မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)